Sunday, November 23, 2014

ၿမန္မာ ဟာ ကမ ၻာမွာ အလွဴ အတန်း အရက်ရောဆုံး နံပါတ် တစ် နိုင်ငံဖြစ်

 











အမေရိကန် နဲ့ ယှဉ်ပြီးတော့ မြန်မာ ဟာ ကမ္ဘာမှာ အလှူ အတန်း အရက်ရောဆုံး နိုင်ငံ များ စာရင်း ထဲမှာ နံပါတ် ၁ ချိတ်ထားပါတယ်။ ယင်း အတွက် တွက်ချက်မှုက နည်းလမ်း သုံးခု ရှိပါတယ်။

 ငွေပေးလှူခြင်း၊ အချိန်ပေး ကူခြင်း နဲ့ လူရင်း မဟုတ်သော သူစိမ်း တို့ အား ကူညီခြင်း ဆိုတဲ့ အချက် သုံးချက် နဲ့ တွက်ချက် ရာ မြန်မာ ဟာ ငွေကြေး အားဖြင့် လှူဒါန်းမှု မှာ များ တာကြောင့် သုံးခု ပျှမ်းမျှ ရှာလိုက် တဲ့ အခါ နံပါတ် ၁ ကို ရရှိခြင်း ဖြစ်ပါတယ်။ 

အမေရိကန်လည်း နံပါတ် ၁ ဖြစ်ပါတယ်။ World Giving Index 2014 ထုတ်ပြန်ချက် ကို ဗြိတိန်နိုင်ငံ အခြေစိုက် CAF (Charities Aid Foundation) အမည်ရ အဖွဲ့အစည်း မှ သုတေသန ပြုလုပ်လို့ ထုတ်ပြန် ခဲ့ခြင်း ဖြစ်ပါတယ်။


 မြန်မာပြည် မှာ သံဃာတော်ပေါင်း ငါးသိန်းကျော် ရှိပြီး ယင်း သဃာံတော် တို့ အား လှူဒါန်းခြင်း အချက်က အဓိက အားသာ သွားခြင်း ဖြစ်ပြီး World Giving Index နှစ်စဉ် စစ်တမ်းမှာ အမြဲ နေရာကောင်း ယူထားခြင်း ဖြစ် ပါတယ်။
 
အမေရိကန် ကတော့ စည်းကမ်းချက် သုံးမျိုး စလုံး မှာ top 10 ဝင်ပြီးတော့ တပြေး ညီ တက် လာခြင်း ဖြစ် ပါတယ်။ မြန်မာပြည် ရဲ့ လူဦးရေ ၉၀ ရာခိုင်နှုန်း ဟာ ထေရဝါဒ ဗုဒ္ဓဘာသာ ဝင်များ ဖြစ်ကြောင်း ယင်း ဘာသာဝင် များရဲ့ လှူဒါန်းမှု များကြောင့် လည်း ပါဝင်ကြောင်း စစ်တမ်းမှာ ဆိုထားပါတယ်။

သီရိလင်္ကာနိုင်ငံ လည်း ထိပ်တန်း အရက်ရော ဆုံး နိုင်ငံ ၁၀ နိုင်ငံ စာရင်းထဲ မှာ ပါဝင်ပါသေးတယ်။ အလှူ  အတန်း အရက်ရော ဆုံး ထိပ်တန်း နိုင်ငံ ၂၀ စာရင်း နဲ့ အသေးစိတ် report ကို https://www.cafonline.org/pdf/CAF_WGI2014_Report_1555AWEBFinal.pdf နဲ့ https://www.cafonline.org/pdf/1555A_WGI2014_BubbleMap_Final.pdf ထဲ မှာ ဝင်ရောက် ဖတ်ရှု နိုင်ပါတယ်။ .


အောင်ခမ်း
From...yoyarlay

 

No comments:

Post a Comment