Saturday, November 1, 2014

အင်တာနက် သုံးလျှင် အသုံးပြုခ သက်သာသောနည်း ကို တယ်လီနော စီအီးအိုပြော

တယ်လီနော ဆင်းမ်ကတ် များဖြင့် အင်တာနက် အသုံးပြု ၍ အွန်လိုင်း စာမျက်နှာများ ကြည့် ရှုခြင်း၊ သတင်း အချက်အလက်များ ရှာဖွေခြင်း များကို Opera Mini Browserဖြင့်ပြုလုပ် ပါက အင်တာနက် အသုံးပြုခ သက်သာစေမည်ဖြစ်ကြောင်း တယ်လီနောမြန်မာ ၏ အမှုဆောင် အရာ ရှိ ချုပ် Petter Furberg က ဆိုသည်။

‘‘Opera က အသုံးပြု သူတွေ လိုချင်တဲ့ ဝက်ဘ်ဆိုက် စာမျက်နှာတွေ နဲ့ ဒေတာတွေ ကို ချုံ့ပြီးတော့ အသုံးပြုသူတွေ ကို ရှာပေးတဲ့ အတွက် ဒေတာနဲ့ကောက်တဲ့ အသုံးပြုခတွေ ကို သက်သာစေမယ့် အပြင် အင်တာနက် သုံးတဲ့ အခါ ပိုပြီးတော့မြန်စေ မှာဖြစ်ပါတယ်’’ဟု Petter Furberg က ဆိုသည်။


တယ်လီနော သည် ၎င်းတို့ ၏ အင်တာနက် အသုံးပြုခများ ကို ဒေတာဖြင့်ကောက်ယူ သည့် အတွက် Opera Mini Bro-wser Software သည် အခြား Browser Software များ ထက်ဒေတာ အသုံးပြုမှု ပမာဏ ကို ၈၀ ရာခိုင်နှုန်း အထိ လျှော့ချပေးနိုင်သည့် အတွက် အင်တာနက် အသုံးပြုခ သက်သာစေ မည်ဖြစ်သည်။

‘‘Opera ဟာ အသုံးပြုသူ တွေကြည့်ချင်တဲ့ ဝက်ဘ်ဆိုက်ဒ် စာမျက်နှာတွေ ကို တိုက်ရိုက် ရှာ ပေးလိုက်တာ မဟုတ်ပါဘူး။ Opera Sever ကနေ တစ်ဆင့် ဝက်ဘ်ဆိုက်တွေ ရဲ့ အရွယ် အစား ကို ၉၀ ရာခိုင်နှုန်း အထိ ချုံ့ပြီးမှာ ပို့ပေးတဲ့ အတွက် အသုံးပြုခ သက်သာ ပြီး မြန်ဆန်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်’’ဟု Opera-Software၏အမှုဆောင်အရာရှိ Lars Boilesen ကပြော သည်။


ယခု အစီအစဉ် ကို Opera နှင့် တယ်လီနော တို့ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး Opera Browser အား အသုံးပြု ပါက ပြည်တွင်း ၌ဖြစ်ပေါ်နေသော သတင်း အချက် အလက်များကို တစ်နေရာ တည်းတွင်ကြည့်ရှုနိုင် မည့် Smart Page စာမျက်နှာ ကိုလည်း ကြည့်ရှုနိုင် မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

တယ်လီနော အနေဖြင့် အင်တာနက် အသုံးပြုခ များကို ပုံစံနှစ် မျိုးဖြင့်ကောက်ယူ လျက်ရှိပြီး သာမန်မြန်နှုန်း အင်တာနက် အတွက် 1MB လျှင် ခြောက်ကျပ်နှင့် မြန်နှုန်းမြင့် အင်တာနက် အတွက် 1MB လျှင် ၁၀ကျပ်နှုန်း ဖြင့်ကောက်ခံလျက် ရှိသည်။


နိုင်လင်းအောင်
From...7Day Daily

 

No comments:

Post a Comment