Friday, November 7, 2014

ဥယျာဉ်မှုး ၏ ဇီဝိန် ကို ခြွေယူ ခဲ့သည့် ခရမ်းရောင် မိစ္ဆာပန်း

PoisonousPlant


စီးပွားရေး လုပ်ငန်းရှင် တစ်ဦး ပိုင်ဆိုင် သည့် ပေါင် ၄ သန်း တန် ဥယျာဉ် ခြံကြီး ကို စောင့်ရှောက် ရသည့် ဥယျာဉ်မှုး တစ်ဦး သည် ဥယျာဉ် အတွင်း စိုက်ပျိုး ထားသည့် အလွန် အဆိပ်ပြင်း သည့် ပန်းပင် တစ်မျိုး ကို ထိတွေ့ မိ၍ သေဆုံး သွားခဲ့ကြောင်း သေမှုသေခင်း ကြားနာမှု တစ်ရပ် အရ သိရသည်။

အင်္ဂလန် နိုင်ငံ ဟမ်ရှိုင်းယား စီရင်စုရှိ စီးပွားရေး လုပ်ငန်းရှင် ခရစ္စတိုဖာ တွန်ဆင်နှင့် ဇနီးဖြစ်သူ ကက်သရင်း တို့ ပိုင် ဆိုင်သည့် Millcourt House မှ အလုပ်သမား တစ်ဦးဖြစ်သူ အသက် ၃၃နှစ် နာသန် ဂရင်းဝေးသည် အဆိပ်ပြင်း ပန်းပင် ကို ကိုင်တွယ် ထိတွေ့  မိရာ မှ သေဆုံး သွားခဲ့ခြင်း ဖြစ်သည်။


 

နာသန် ထိတွေ့ မိသည့် ပန်းပင် မှာ aconitum ဆိုသည့် ပန်းပင် မျိုး ဖြစ်သည်။ ယင်း ပန်းပွင့် ကို နတ်ဆိုး ၏ ခေါင်းဆောင်း ဟု လည်း ခေါ်တွင်ပြီး အလွန် အဆိပ်ပြင်း သည့် ပန်းပင်မျိုး ဖြစ်သည်။ 

ဥယျာဉ်မှုး အဖြစ် အတွေ့ အကြုံ ကြွယ်ဝ သည့် နာသန် ၏ သေဆုံးမှု ကို အကြို သေမှုသေခင်း စစ်ဆေးမှု အရ နာသန် သည် ကိုယ်တွင်း အင်္ဂါ များ ပျက်စီး ကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ လ အတွင်း က နာသန်သည် ဆန်းပြားသည့် ဖျားနာ မှု ဝေဒနာ တစ်မျိုး ကို စတင် ခံစားရခြင်း ဖြစ်ပြီး ဆေးရုံ သို့ ရောက်ရှိ ခဲ့သည်။ ဆရာဝန် များက အမျိုးမျိုး စမ်းသပ်သော် လည်း မည်သည့် ရောဂါ ဆိုသည် ကို ခွဲခြားနိုင်ခြင်း မရှိခဲ့ပေ။ 

ငါးရက် အကြာတွင် နာသန် ၏ ကိုယ်တွင်း အင်္ဂါ များ ပျက်စီးကာ သေဆုံးခဲ့ခြင်း ဖြစ်သည်။ နာသန် သေဆုံး မှု အကြောင်း မှန်ကို နာသန် ၏ ဖခင် ရစ်ချက် က မနေ မနား ကြိုးစား ရှာဖွေ ခဲ့ မှုကြောင့် ဖော်ထုတ်နိုင်ခြင်း ဖြစ်သည်။ 

နာသန်သည် aconitum ပန်းပင် ကို ရှင်းလင်းစဉ် အပင်နှင့် ထိတွေ့ မိခြင်းကြောင့် သေဆုံးခြင်း ဖြစ်ကြောင်း ကို သေ မှုသေခင်း စစ်ဆေး ကြားနာမှု က အတည်ပြု ထားသည်။


  
mizzima
From...Myanmar Latest News

 

No comments:

Post a Comment