Friday, November 7, 2014

ကိုပါကြီး အလောင်းကို ၂၄ နာရီ အတွင်း သင်္ဂြိုဟ်ရန် စည်ပင် က မိသားစုထံ စာပို့

Ko Par Gyi

ကိုပါကြီး အလောင်းကို ရင်ခွဲ စစ်ဆေးပြီး ချိန်က စပြီး ၂၄ နာရီ အတွင်း သင်္ဂြိုဟ် ဖို့ မွန်ပြည်နယ် စည်ပင် သာယာရေး ကော်မတီ က စာထုတ်ပြန်ပြီး ကိုပါကြီး ရဲ့ ဇနီးဒေါ်သန္တာဆီ ကို ပေးပို့ထားတယ် လို့ ဒီမိုကရေစီ နဲ့ ငြိမ်းချမ်းရေး အမျိုးသမီးကွန်ရက်အဖွဲ့ဝင် နော်အုန်းလှက ပြောပါတယ်။

အဲဒီ စာမှာ အလောင်း ကို ရင်ခွဲပြီးစီး ချိန်က စပြီး ၂၄ နာရီ အတွင်း သက်ဆိုင်ရာ သုသာန် မှာ သဂြိင်္ိုဟ်ပေး ဖို့ နိုဝင်ဘာလ ၅ ရက်နေ့ က စည်းဝေး ဆုံးဖြတ် ခဲ့ကြောင်းလည်း ပါရှိပါတယ်။ ဒါပေမယ့် ဘယ် သုသာန်ကိုမှ ရည်ညွန်း မထားဘူး လို့လည်း နော်အုန်းလှ က ပြောပါတယ်။



ဒီစာဟာ နိုဝင်ဘာလ ၆ ရက်နေ့  ည ၉ နာရီ ၄၅ မိနစ် မှာ ကိုပါကြီး ရဲ့ ဇနီးဖြစ်သူ ဒေါ်သန္တာ ကို မော်လမြိုင် စည်ပင် တာဝန်ရှိသူ တစ်ဦးက လာရောက်ပေးသွားတာဖြစ်ပြီး စာမှာ အမှုဆောင် အရာရှိဆိုပြီး လက်မှတ်ရေးထိုး ထားပါတယ်။ 

ဒါပေမယ့် နာမည်ကို ရေးသားထားတာ မရှိဘူး လို့လည်း နော်အုန်းလှ က ပြောပါတယ်။ ညမိုးချုပ် ဒီစာပေးပို့ တာနဲ့ ပတ်သက်ပြီး ဒီဗွီဘီ က  စည်ပင် ကို မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရခဲ့ပါ။

ဒီလို တားမြစ်စာ ထွက်လာပေမယ့် မိသားစု အနေနဲ့ကတော့ နဂို အစီအစဉ်အတိုင်း အလောင်းကို ရန်ကုန် သယ်ပြီး သင်္ဂြိုဟ်မယ် လို့ လည်း နော်အုန်းလှ က ပြောပါတယ်။

ကိုပါကြီးရဲ့ အလောင်း ကို ရန်ကုန် သယ်ဖို့  နိုဝင်ဘာလ ၆ ရက်နေ့ ညနေပိုင်း မှာ ရဲတပ်ဖွဲ့ က  မိသားစု လက်ထဲ အပ်ခဲ့ပြီး အခုည မှာ စည်ပင် ရဲ့ အမိန့်ထွက်လာတာဖြစ်ပါတယ်။

ကိုပါကြီး အလောင်း ကိုတော့ ဘယ်အချိန်သယ်မယ် ဆိုတာ လုံခြုံရေး အရ မိသားစုဝင်တွေ က ထုတ်ဖော်ပြော ဆိုခြင်း မရှိပါဘူး။



From...Search Myanmar



 

No comments:

Post a Comment