Saturday, November 1, 2014

မြေဈေးကျမည် ဟု ကောလာဟလ လွှင့်၍ လယ်မြေ များ လိုက်ဝယ်နေ ဟုဆို

 


 မြေဈေးနှုန်း များ ၂၀၁၅ နှစ်ဆန်း မှစတင်၍ ကျဆင်းမည် ဟု သတင်းများ ထုတ်လွှင့်ကာ ရန်ကုန်မြို့ အနီးရှိ လယ်မြေများ ကို ငွေထုပ် ပိုက်လိုက် ဝယ်နေကြောင်း သတင်းရရှိသည်။
‘‘သူတို့ က ဒီလိုပြောပြီး လိုက် ဝယ်တော့ ရွာထဲ က သူတွေက လန့်ပြီးရောင်းနေကြတယ်’’ ဟု 

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီ မြို့နယ်နေ လယ်သမား တစ်ဦးက ပြောကြားသည်။ ယင်းကဲ့ သို့ ကောလာဟလ များ လွှင့်ပြီး လယ်မြေများ ကို ငွေထုပ် ပိုက် လိုက်ဝယ်မှု များမှာ နေရာ အတော် များများတွင် ရှိနေ ကြောင်း အိမ်ခြံမြေအကျိုးဆောင် များထံမှ စုံစမ်းသိရသည်။

‘‘ကောလာဟလတွေ က တကယ် မှန်မှန် လာတော့ လူတွေ ကယုံကြတယ်’’ဟု မဏ္ဍိုင် အိမ်ခြံ မြေ အကျိုးဆောင် ကုမ္ပဏီမှ ဦးသန်းဦးက ပြောကြားသည်။ မြန်မာနိုင်ငံ တွင် အိမ်မြေ ဈေး များ မှာ လွန်စွာမြင့်မားနေပြီး ဈေးကစား လိုသူများသည် လယ် ယာမြေများ ဘက် သို့ပါ ခြေလှမ်း လှည့်လာကြသည်။ 


 ယင်းအခြေ အနေတွင် အကန့်အသတ်များစွာရှိသော လယ်မြေများ၏ ဈေးနှုန်းများ ကျဆင်းမည် ဆိုသည်မှာ မဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်း ဥက္ကဋ္ဌဒေါက်တာ စိုးထွန်း က ပြော ကြားသည်။ မြန်မာနိုင်ငံ တွင် အိမ်ခြံမြေ ဈေးနှစ်စဉ် ကြီးထွား လျက်ရှိပြီး ယင်းကို အခွင့်ကောင်းယူကာ မြေ ကစားမှုများကြောင့် ပိုက်ဘော မိသွားသူများလည်း မကြာ ခဏ ကြားနေရသည်။

ရန်ကုန်မြို့ တစ်ဖက်ကမ်း တွင် တည်ထောင် ရန် စီစဉ် ခဲ့သော မြို့သစ် စီမံကိန်း၌ သတင်းကြို သိခဲ့ရ သူများသည် အခွင့်ထူးများ ရခဲ့ပြီး စီမံ သတင်းထွက်လာ မှ လိုက်ဝယ် သူများအနေဖြင့် များစွာ နစ်နာရကြောင်း ဦးသန်းဦး က ပြောသည်။

လုပ်ငန်းရှင် များ၊ မြေကစား သူများ သည် မြို့ပြင် စီမံကိန်းများ သာမက ကျေးလက်ဒေသ လယ်ယာမြေ များ ကိုပါ ရင်းနှီးမြှုပ် နှံပြီး ဈေးတက်အောင်ပြုလုပ် ၍ ဈေးဝင် ကစားခြင်းကြောင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ထိခိုက်မည်ကို စိုးရိမ်ရကြောင်း ဒေါက်တာစိုးထွန်း က ပြောကြား သည်။

လယ်ယာမြေနှင့် ပတ်သက် ၍ ဥပဒေ၊ နည်းဥပဒေ များတွင် လယ်ယာမြေ လုပ်ပိုင်ခွင့် ငှား ရမ်းခြင်းနှင့် ပေါင်နှံမှုများပြုလုပ်ရ သော်လည်း တရားဝင်ရောင်းချ ခွင့် မရှိပေ။
ထို့အပြင် လယ်ယာမြေ ကို စိုက်ပျိုးရေးလုပ်ငန်း အတွက်သာ အသုံးပြုရမည်ဟု ဥပဒေ တွင် ပြဋ္ဌာန်း ထားသည်။

သို့သော် လယ်ယာမြေ များ ကို စိုက်ပျိုးရေးမှ အပ အခြား သောလုပ်ငန်း များပြောင်းလဲ လုပ် ကိုင် ရန် လက်လွှဲရောင်းချခြင်း ကို ဥပဒေအရ ခွင့်မပြုသော် လည်း ဒေသ အာဏာပိုင်များ ခွင့်ပြုချက် ဖြင့် စက်သုံးဆီ ဆိုင်များ အပြိုင် အဆိုင် တည်ဆောက်နေမှု များရှိ နေကြောင်း စီးပွားရေး လုပ်ငန်းရှင် များက ပြောကြားသည်။

လက်ရှိ အိမ်ခြံမြေဈေးကြီး ခြင်းသည် တစ်နိုင်ငံလုံး မှ ခိုင်မာ သည့် စီးပွားရေး လုပ်ငန်းတစ်ခု အဖြစ် အိမ်ခြံမြေပေါ် စုပြုံဝင် ရောက် ရင်းနှီးမြှုပ်နှံမှုကြောင့်ဟု အိမ်ခြံမြေ အကျိုးဆောင် များက ဆိုကြသည်။

နိုင်ငံတစ်နိုင်ငံ တွင် အိမ်ခြံ မြေ ကဲ့သို့ စီးပွားရေး တစ်ခုတည်း သာ ကောင်းမွန်နေပြီး ရင်းနှီးမြှုပ် နှံသူ များပြားနေ ပါ က ရေရှည် တွင် အဆိုပါနိုင်ငံ ၌ စီးပွားရေးကပ် ဆိုက်လေ့ ရှိကြောင်း Finicial Time သတင်းစာ မှ စီးပွားရေး သတင်း ရေးသားနေသူ အယ်ဒီ တာ ဂရေဟမ်ပူး က သုံးသပ်ပြောကြား ထားသည်။

ဈေးကွက် စီးပွားရေး သဘောအရ ဈေးကွက်နှင့် ပတ်သက်သည့် သတင်းအချက် အလက်များ တစ်ပြေးညီဖြစ်ရန် လိုအပ်ပြီး လက်ရှိမြေဈေးကစားသူများ တွင် သတင်းကြိုတင် သိမှု၊ မသိ မှုဖြင့် ရှုပ်ထွေးနေကြောင်း စီးပွားရေး ပညာရှင် ဒေါက်တာအောင်ကိုကို က ပြောသည်။


7day daily
From...Myanmar Latest Nwes


No comments:

Post a Comment