Sunday, November 16, 2014

အိုဘားမား ခရီးစဉ် အတွင်း နွေးထွေးစွာ ကြိုဆို ခဲ့သဖြင့် အစိုးရနှင့် ပြည်သူ ကို ကျေးဇူးတင်ကြောင်း အမေရိကန် သံရုံး ထုတ်ပြန်

 
မြန်မာနိုင်ငံမှ မထွက်ခွာမီ လေယာဉ်ပေါ်မှ လက်ပြနှုတ်ဆက်နေသော အိုဘားမားကို နိုဝင်ဘာ ၁၄ ရက်ညနေက တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

 နိုဝင်ဘာ ၁၂ ရက် မှ ၁၄ ရက် အထိ မြန်မာနိုင်ငံ ရှိ နေပြည် တော်နှင့် ရန်ကုန်မြို့ များ သို့ ရောက်ရှိ လာခဲ့သည့် အမေရိကန် သမ္မတ အိုဘားမား ကို မြန်မာ အစိုး ရနှင့် ပြည်သူလူထု မှ နွေးထွေး ပျူငှာစွာ ကြိုဆို ဧည့်ခံခဲ့သည့် အတွက် ကျေးဇူး တင်ရှိကြောင်း အမေရိကန် ရန်ကုန် သံရုံး မှ နိုဝင်ဘာ ၁၄ ရက် တွင် သံရုံး၏ တရားဝင်ဖေ့စ်ဘွတ်ခ် မှတစ်ဆင့် ထုတ်ပြန် ကြေညာသည်။

အဆိုပါ ထုတ်ပြန်ချက် ထဲ တွင် နေပြည်တော်နှင့် ရန်ကုန် တို့ ရှိ အာဏာပိုင် များ၊ မြို့တော်သူ၊ မြို့တော်သားများ အနေဖြင့် ၎င်း တို့ သမ္မတ အား နွေးထွေးစွာ၊ ဂုဏ် ပြုကြိုဆိုမှု များနှင့် အောင်မြင် သော ခရီးစဉ်ဖြစ် ရန် အစွမ်းကုန် ကူညီပေး ခဲ့ကြကြောင်း၊ 

ရန်ကုန် သို့ လည်ပတ် စဉ် လိုအပ်သည့် အထူး အစီအစဉ် များနှင့် လမ်းများ စွာ အသုံးပြုခွင့်ပေး ခဲ့သည့် အပေါ် ကျေးဇူး တင်ရှိကြောင်း၊ အဆင် မပြေမှုများ တွေ့ကြုံခဲ့မှု အပေါ် တောင်းပန်ကြောင်း၊ တစ်နေကုန် လမ်း တစ်လျှောက် လှိုက် လှိုက် လှဲလှဲ ကြိုဆို ခဲ့မှုများနှင့် နားလည်ပေး မှုများ ကို ကျေးဇူး တင်ရှိကြောင်း ဖော်ပြထားသည်။


 
ထို့အပြင် အမေရိကန် သမ္မ တမြန်မာနိုင်ငံတွင် ရှိနေခဲ့သည့် ၂ ရက် အတွင်း နိုင်ငံတွင်း ရှိ နိုင်ငံ ရေးခေါင်းဆောင်များ၊ လူမှု အဖွဲ့ အစည်းခေါင်းဆောင်များနှင့် လူ ငယ်များ ကို တွေ့ဆုံခဲ့သည်။

သမ္မတ အိုဘားမား က ဤ တိုင်းပြည် ၏ ကြီးမားသည့် အလား အလာ ကို သိနားလည် လာကြရန် လုပ်ဆောင် စရာ များစွာ ရှိသေး ကြောင်း၊ အမေရိကန်ပြည်ထောင် စု သည် လာမည့် ရက်များ၊ နှစ် များ အတွင်း၌ လည်း မိတ်ဖက် တစ်ဦး၊ ဆွဲဆောင် စည်းရုံးသူ တစ်ဦး အနေ ဖြင့် ၎င်း ၏ ခိုင်မာသော ကာလ ရှည် ထားခဲ့ သည် သံန္နိဋ္ဌာန် ကို စွန့် လွှတ်မည် မဟုတ်ကြောင်းဖော်ပြ ခဲ့ သည်။

 ထက်အာကာ 
From...7Day Daily

 

No comments:

Post a Comment