Tuesday, November 11, 2014

ဘောလုံးကြယ်ပွင့်ဟောင်း ဘက်ဟမ်း ၏ အကြီးဆုံးသား ကို အာဆင်နယ်ခေါ်ယူ ဟုဆို



 လန်ဒန်− ဘောလုံးကြယ်ပွင့် ဟောင်း ဒေးဗစ်ဘက်ဟမ်း ၏ အ ကြီးဆုံးသား ဘရွတ်ကလင်ဘက် ဟမ်းကို အာဆင်နယ် အသင်းက ကာလတို စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီ ဆိုသော သတင်းများ ထွက်ပေါ်နေသည်။
 

မန်ယူနှင့် ရီးရဲလ် အသင်းတို့ ၏ ဘောလုံးကြယ်ပွင့်ဟောင်း ဘက်ဟမ်း ၏ သား ဘရွတ်ကလင် (၁၅)နှစ်သည် အာဆင်နယ် အ သင်းတွင် နမူနာ ကစားပြခဲ့ပြီး နည်းပြများ က သဘော ကျသော ကြောင့် ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်အထိ စာချုပ်တစ်ရပ် ဖြင့် အာဆင်နယ် က ခေါ်ယူလိုက် ကြောင်း Daily Star သတင်းဌာန က ဖော်ပြသည်။

ဘရွတ်ကလ င်၏ ခြေစွမ်း ကြောင့် ဖခင် ၏ အသင်းဟောင်း မန်ယူ အပါအဝင် ဘောလုံးအ သင်း အတော် များများက ၎င်းကို စိတ်ဝင်စားနေကြောင်း သတင်း များက ဖော်ပြသည်။

 ပြီးခဲ့သည့်နှစ် က ဖူဟမ် အသင်းနှင့် ခြေစမ်းစဉ် ဘရွတ်ကလင် ကို ချယ်လ်ဆီး အသင်း ကလည်း စိတ်ဝင်စားခဲ့ သည်။
လာမည့်ဘောလုံးရာသီ တွင် ၎င်းကို ငွေပမာဏများစွာဖြင့် အာ ဆင်နယ်က စာချုပ်ချုပ်ဆိုခေါ်ယူ ခြင်း ကို မြင်တွေ့ရ လိမ့် မည်ဟု သတင်းရင်းမြစ်တစ်ခုကို ကိုးကား ၍ Daily Star သတင်းဌာနက ဖော်ပြသည်။ 

ဘရွတ်ကလင် ၏ ညီနှစ်ဦးဖြစ်သော ရိုမီယို (၁၂)နှစ်နှင့် ခရုဇ် (၉)နှစ် တို့မှာလည်း အာဆင်နယ် လူငယ် အသင်း များနှင့် လေ့ကျင့်နေသည်။

—Ref: The Independent
7day daily
From...Myanmar Latest News

No comments:

Post a Comment