Monday, November 3, 2014

သမီးကို မုဒိန်းကျင့် သွားတဲ့ အမျိုးသား ကို ထမင်းစား ဖိတ်ပြီး ရက်ရက်စက် စက် သတ်ပစ်



အိန္ဒိယနိုင်ငံ အိမ်ရှင် အမျိုးသားကြီးက ထမင်းစား ဖိတ်ထားတဲ့ အမျိုးသား တစ်ဦးရဲ့ ငယ်ပါကို မီးရှို့ပြီး စိတ်ကြိုက် စိန်ပြေ နပြေ ရက်ရက် စက်စက် သတ်ဖြတ်ပြီး ရဲစခန်းသို့ ကိုယ်တိုင် သွားရောက် အဖမ်းခံခဲ့ပါတယ်။

လူသတ် တရားခံ အသက် ၃၆ နှစ် အရွယ် အမျိုးသားဖြစ်သူ ရဲ့ ပြောကြားချက် အရဖြစ်စဉ်မှာ သူ့ရဲ့ အသက် ၁၄ နှစ် အရွယ် ရှိတဲ့ သမီးဖြစ်သူ ကို လွန် ခဲ့တဲ့ နှစ်လကျော် က မုဒိန်းကျင့်ပြီး တိမ်းရှောင်နေ တဲ့ အမျိုးသား ကို ပြန်လည် လက် တုန့်ပြန်နိုင် ဖို့ အတွက် အကွက် ကျကျ ကြိုတင် ကြံစည် ခဲ့ခြင်းဖြစ်တယ် လို့ဆို ပါတယ်။



သမီးဖြစ်သူ ကို မုဒိန်းကျင့် သွားတဲ့ အသက် ၄၅ နှစ် အရွယ် အိမ်ထောင်သည် နဲ့ ခင်မင်ရင်းနှီး စွာနေပြီးတော့ ညစာ တစ်ရက် ဖိတ်ခေါ်ကျွေး ခဲ့စဉ် နှစ်ဦး သား စားသောက် စကားစမြည်ပြော ခဲ့ကြပြီးနောက် မှာ ဖခင်ဖြစ်သူ က ထိုင်ခုံမှာ ထိုင်နေ တဲ့ အဆိုပါ မုဒိန်းအမျိုးသား ကို အတင်း ၀င် လုံး ကြိုးတုပ်ကာ သူ့ရဲ့ ငယ်ပါ ကို မီးညှပ် ကပ်ကြေးနဲ့ မီးခဲပူကပ် မီးရှို့ အကြမ်းဖက် ရိုက်နှက် တိုက် ခိုက် ပြီး ရက်ရက် စက်စက် သတ်ပစ် ခဲ့တာပဲဖြစ်ပါတယ်။


 phothutaw
From....www.myanmarlatestnews.com

No comments:

Post a Comment