Saturday, November 1, 2014

အစား မစား သည်မှာ တစ်နှစ်ကြာပြီ ဖြစ်သည့် သားငယ်ကြောင့် မိဘ များ စိုးရိမ်နေ


 အစား အသောက် မစားသည်မှာ တစ်နှစ်ခန့် ကြာပြီ ဖြစ်သည့် လန်ဒန်ဂျုံး။ ဓာတ်ပုံ - Daily Mail


 အင်္ဂလန် နိုင်ငံက လန်ဒန်ဂျုံး ဆိုသူ ၁၂  နှစ်သား ယောက်ျားလေး တစ်ဦးသည်  အာဟာရ သိဒ္ဓိ ပြီးပြည့်နေ သလို အစား မစာ၊  ရေမသောက်နှင့် ဆာလောင် ခြင်းလည်း  အလျဉ်း မရှိဘဲ နေ ထိုင် ခဲ့သည်မှာ တစ်နှစ်ကြာမျှ  ရှိခဲ့ပြီ ဖြစ်သည်။
 

တစ်ခုသော ည က လန်ဒန် သည် ပီဇာနှင့် ရေခဲမုန့် ကို တနင့် တပိုး စားသောက် ခဲ့သည်ဟု ဆို သည်။ နောက်တစ်နေ့ နံနက် ခုနှစ် သက္ကရာဇ် အားဖြင့် ၂၀၁၃ အောက်တိုဘာ ၁၄ရက် ၎င်းနိုး ထ ခဲ့ ချိန်မှ စကာ အစား စားချင် စိတ် မရှိဘဲ ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။
 

၎င်း သည် ထို တစ်နေ့ လုံးနီးပါး မူးဝေခြင်းဝေဒနာ ကို ခံစား ခဲ့ရ သည်ဟု ဆိုသည်။ စက်ဘီး စီးခြင်းနှင့် သူငယ်ချင်း ညီအစ် ကို များဖြင့် ပန်းခြံ ထဲ ဆော့ကစား ရသည် ကို နှစ်သက်သည့် လန်ဒန် အတွက် ယခု ကဲ့သို့ ဖြစ်ပျက်လာ သဖြင့် မိဘဖြစ်သူ များက စိုးရိမ်ပို ခဲ့ရသည်။ 


သားဖြစ်သူ တွင် မည်သို့ သော ဝေဒနာ မျိုး စွဲနေသည် ဆိုသည် ကို လည်း မသိရ၍ စိတ်ပန်း လူပန်း ဖြစ်ရတော့သည်။



လန်ဒန်အား ပြသရန် ဆရာဝန်များ ရှာခဲ့သည် မှာလည်း မြို့ ငါးမြို့ အထိပင် နှံ့ ခဲ့သည်။ သို့ သော် လည်း အားလုံးသော ဆရာဝန်များက လန်ဒန်၏ ဝေဒနာနှင့် ပတ်သက်ပြီး လက်လျော့ ခဲ့ရ သည်။ 


လန်ဒန်သည် ဝေဒနာ မခံစားရ မီက ပေါင် ၁၀၄ ပေါင် ရှိခဲ့သည့် လူငယ် ကလေး တစ် ဦး ဖြစ်ပြီး အစားအစာပဲ နေထိုင် ခြင်းကြောင့် ပေါင် ၃၆ ပေါင် ဆုံးရှုံးခဲ့ရပြီ ဖြစ်ကာ လက်ရှိတွင် ကိုယ်အလေးချိန် ၆၈ ပေါင်သာ ရှိတော့သည်။
မိဘဖြစ်သူများက လန်ဒန် အစားစားချင်လာအောင် အမျိုးမျိုး အဖုံဖုံ ကြိုးစား ကြသော်လည်း မအောင်မြင်ပေ။ တစ်ခါတစ်ရံသာ ဆင်းဒ၀စ်ခ်ျ အနည်းငယ်ကို တစ်ဖဲ့စာလောက် စားသုံးခြင်း ရှိ သည်။ 


လက်ရှိတွင် အမေရိကန် နိုင်ငံရှိ ရှားရှားပါးပါး ဖြစ်ပွားသော ရောဂါများ ကိုသာ အဓိက ထား သုတေသနပြု ကုသသည့် အမျိုးသား ကျန်းမာရေး သိပ္ပံက လန်ဒန်အား စစ်ဆေး ကုသရန် စိုင်းပြင်းလျက်ရှိပြီ ဖြစ်သည်။
 


Ref: Daily Mail
From:mizzima

www.mmdailystar.com




No comments:

Post a Comment