Sunday, November 30, 2014

လူ တစ်ခု ပူမှု ရယ် တဲ့ ဆယ်ကုဋေ


 

မိအို ဖအို မျက်မမြင် မိ ဘနှစ်ပါး ကို အလုပ် အကျွေးပြု နေတဲ့ ကျွန်တော့် ယာဉ်မောင်းက taxi မောင်းချင် တယ် ဆိုလို့.. ရှိစု မဲ့စုလေး ထဲက ဖဲ့ရွဲ့ ပြီး .. သူ့စိတ်ကြိုက် ကားလေး တစ်စီး ၀ယ်ပေးထား တာ.. လေးငါး လလောက် ရှိပါပြီ..။ 

အုံနာကြေး တစ်ရက် တစ်သောင်း ပေးမယ် ဆိုပေမင့်.. မင်း အဆင်ပြေ မှ ပေးပါ လို့ပဲ ပြောထား ပါတယ်..။ သူ့ခမျာ့ လည်း.. အဆင်က သိပ်ပြေချင်ဟန် မရှိပါ..။ တက္ကစီတွေ ကလည်း ပေါလိုက်တာ ဆရာရယ်.. ကိုယ်က ခရီးသည် နဲ့ဈေးညှိနေတုံး ရှိသေး.. နောက်မှာ က.. သုံးလေး ငါးစီး ပွဲ အပျက်ကို တန်းစီစောင့်နေ ကြ တာ တဲ့..။ 

စမောင်း.. ခါတုံးက ဆို.. ဘယ်လောက်တောင်းရမယ်မှန်း လည်း မသိတော့.. ပိုတောင်း မိတဲ့အခါ ခရီး သည် က မျက်လုံးပြူး မျက်ဆံပြူး နဲ့ '' ဘယ်လောက်ရယ်.. တစ်ခေါက်လောက် ပြန်ပြော စမ်းပါ '' လို့ အပြောခံ ထိသေးတယ် ဆရာရယ် တဲ့..။ 


 
တချို့  ခရီးသည်တွေ ကျတော့လည်း.. ကိုယ်က တန်ရာ တန်ကြေး ထက် လျော့ပြော မိရင်.. '' သေချာ တယ်နော်.. ဒီလောက်နော် '' ဆိုပြီး ကားပေါ်ကို စွေ့ကနဲ ရောက်တာ ပဲ တဲ့..။ တချို့  ခရီးသည်တွေ ကျတော့ လည်း.. သူတို့ လမ်းထိပ်ရောက် မှ သေးပေါက်ချင် လို့ ခန ရပ်ပါ ဆိုပြီး အောက်ဆင်းသေးပေါက် တယ်..။

 ပေါက်ပြီး တာနဲ့ ပုဆိုးပြင် ၀တ်ရင်း '' ပိုက်ဆံတော့ မပါဘူး မင်း ဘာလုပ်ချင်လဲ '' လို့ လူမိုက် စကားပြော တာနဲ့.. ဒီအတိုင်းပြန်ခဲ့ ရပြန်တယ် ဆရာရယ် တဲ့..။ 

လမ်းဘေး ဆီဆိုင် မှာ ဆီထည့်ပြန်တော့ လည်း.. ဆိုင်ရှင်က ထိုင်ရာက မထ.. ပိုက်ဆံ အရင်ပေး မှ ဆီထည့်ပေးနိုင်မယ် လို့ ပြောလို့.. '' ဟ.. ဘယ်လိုဖြစ်နေတာလဲ.. ပေးမှာပေါ့ " ဆိုတော့.. '' ခုန ကပဲ အဲ့ သလိုပြော.. ဆီဖုံး ဖွင့်ပေး.. ဆီလည်း ထည့်ပြီးရော.. ပိုက်ဆံ မပေးဘဲ မောင်းပြေး သွား လို့.. '' တဲ့..။ 

လုပ်ကိုင် စားရတာ မကောင်းပါဘူး ဆရာရယ် တဲ့..။ တနေ့ ညကတော့.. '' ဆရာ ဘယ်မှာလဲ.. ကျွန်တော်ဆေး ရုံရောက်နေတယ်.. လာခဲ့ ပါအုံး '' ဆိုလို့ ညကြီး မင်းကြီး ထသွားတော့ တပည့်ကျော်ခေါင်း မှာ လေးချက် ချုပ်ထား လို့ ပတ်တီး အဖွေးသားနဲ့ တွေ့ရတယ်..။ 

ဘယ်လိုဖြစ်တာလဲ ဆိုတော့.. ကျွန်တော့် ကားကို လိုက်ထရပ် တစ်စီးက ဇွတ်ကျော် တက်ရင်း ချိတ်မိ သွား တယ် ဆရာရယ် တဲ့..။ အဲ့ဒါ နဲ့.. မူးနေတဲ့ လိုက် ထရပ်ယာဉ်မောင်း နဲ့.. ဘယ်လို လုပ်ပေးမှာလဲ လို့ ညှိတော့.. ခနနေအုံး ဆိုပြီး ရပ်ကွက်ထဲ ၀င်သွားပြီး ပြန်ထွက် လာတော့.. အပေါင်း အဖော် တသင်းနဲ့ '' တိုင်ချင်ရာ တိုင်.. တိုင်းအဆင့် အထိ တက်ချင်တက် '' ဆိုပြီး ထိုးမယ်ကြိတ်မယ် လုပ်ကြလို့ ကျွန်တော်လည်း လက်ဦးမှု ရယူပြီး ကားထဲက ဒုတ်ယူ ရိုက်ပစ်လိုက်တယ် ဆရာရယ်တဲ့..။ 

ဟ.. မင်း ကလည်း အရင်ရိုက်သေး.. မင်းခေါင်း လည်း ကွဲသွားသေး ပါ့လား ဆိုတော့.. သူတို့က လူ များတော့ ကျွန်တော် ဘယ်နိုင်ပါ့ မလဲ ဆရာရယ်တဲ့.. ။ ကျွန်တော် က တစ်ချက်နှစ်ချက် ပဲ ရိုက်လိုက်ရတယ်.. သူတို့က ၀ိုင်းတွယ် လိုက်လို့.. အခုလို ဖြစ်တာပေါ့ ဆရာရယ်တဲ့..။ 

အဲ့သဟာနဲ့ပဲ.. တခြားဆေးရုံ မှာ ဓါတ်မှန်ရိုက်.. ခေါင်းထိ-မထိ အာရုံကြော ထိမထိ တွေ အားချင်း စစ်ဆေးပြီး သကာလ.. ဆရာဝန် က စိုးရိမ်စရာ မရှိလို့ ပြောတာနဲ့ပဲ.. တစ်ဖက်နဲ့ ကျေရာကျေ ကြောင်း ပဲ ဆွေးနွေးကျေအေး လိုက်ရ ပါကြောင်း..။ 



လူ တစ်ခု ပူမှုရယ် တဲ့ ဆယ်ကုဋေပေါ့..။


  Ko Navana

From...      http://www.lubo601.com/2014/11/blog-post_202.html#more


No comments:

Post a Comment