Saturday, November 1, 2014

ခြေထောက် ကို သစ်ကိုင်းခြောက် လိုဖြစ်သွားစေသည့် မြွေဆိပ်

snake

ဗင်နီဇွဲလားနိုင်ငံ တွင် ၁၃နှစ် အရွယ်မိန်းကလေး တစ်ဦးကို ကိုက်ခဲ့ သည့် မြွေဆိပ် သည် ခြေထောက် တစ်ခု လုံး အား ညိုမည်းခြောက်သွေ့ ကာ သစ်ကိုင်းခြောက်ကဲ့ သို့ ဖြစ်စေ သွားစေ သည်။

မြွေဆိပ် သည် ဆဲလ် များကို သေစေပြီး ကိုယ်ခန္ဓာ အသွေး အသားများ ပျက်စီး ရကာ အဆိပ် ပျံ့ ရာ တစ်လျှောက် အသား များ ယိုယွင်း ပုပ်သိုး ကာ သေ ဆုံးခြောက်သွေ့ သွားစေခြင်းဖြစ်သည်။
 
မြွေကိုက် ခံရသည့် မိန်းကလေးဖြစ်သူ မည်သူ ဆိုသူကို ထုတ်ဖော်ခြင်း မရှိသော်လည်း သစ်ကိုင်း ကဲ့ သို့ ပုပ် သိုးခြောက်သွေ့ သွားသည့် ခြေထောက် ကို ရိုက်ကူးထားသည့် ဓာတ်ပုံကို ဆရာဝန် များက ရရှိ ခဲ့သည်။
 
ကာကာရပ်စ် တွင် ၎င်းမိန်းကလေးကို ဆေးဝါးကုသပေးလျက်ရှိသည်။ သတင်းဌာန သို့ ယင်း ဓာတ် ပုံ ကို ပေးပို့ သည့် ဆရာဝန် က မိန်းကလေး ၏ ခြေထောက် ကို ဖြတ် ပစ်ရန် လိုကြောင်း၊ မြွေဆိပ်ကြောင့် လူမသေမီ ယင်းခြေထောက်ပိုင်း များ သေသွား ခဲ့ ရပြီဖြစ်ကြောင်း ပြောသည်။
 
မြွေဆိပ် က အလွန် ကို ရှုပ်ထွေးတယ်။ မျိုးစိတ်ပေါ် မူတည်ပြီး မြွေဆိပ် အန္တရာယ် အမျိုးမျိုး ရှိနေ တယ်။ ဒါပေမယ့် ဓာတ်ပုံကြည့်ပြီးပြောနိုင် တာက လူနာ မိန်းကလေး ရဲ့ ခြေထောက်တွေက ပျက်စီး သေဆုံး သွားပြီ ။ ဖြတ်ပစ်ဖို့ လိုလိမ့်မယ်။ ဒီလိုမှ မဟုတ်ရင် လူပါသေဆုံး သွားမှာ ဖြစ် တယ်။ “ဟု လီဗာပူးလ် ရှိ ဆရာဝန် တစ်ဦးဖြစ်သည့် အရမ်ဂို့ ရှ် ကပြောသည်။

`ကလေးမလေး ရဲ့ ခြေထောက်အောက်ပိုင်း တစ်ခုလုံး မည်းခြောက်နေပြီ။ အဆိပ်ကလည်း ဆက်ပျံ့ နေ တယ် ဆိုတာ ကျန်ကိုယ် အပိုင်းတွေကို ကြည့်ရင် သိနိုင်တယ်။ မြွေဆိပ်က သူ့ ကြွက် သားတွေ ကို ဖျက်ဆီး ပစ်နေပြီ။ ကျန်ခြေထောက်ကလည်း ပိန်လှီနေ တာ တွေ့ နိုင် တယ်။ ဒါကြောင့် အသက်ပါသေဆုံး သွား ဖို့ များတယ်။“ဟု ၎င်းက ပြောသည်။


From: mizzima
www.mmdailystar.com 

No comments:

Post a Comment