Friday, November 7, 2014

ပိုးလောက်လန်း များ ဝမ်းဗိုက် အတွင်း အသိုက်ဖွဲ့ ခံရသူ


unnamed

တရုတ်နိုင်ငံ တွင် ခန္ဓာကိုယ် ယားယံ အဖု အပိန့်များ ထွက်နေ ၍ ဆေးရုံရောက်လာ သူ အမျိုးသား တစ်ဦး ကို ကုသ ရာမှ အရေပြား အတွင်း ရှင်သန်နေဆဲ ပိုးလောက်လန်းပေါင်း ၂၀ တွယ်နေသည် ကို တွေ့ရှိခဲ့သည်။

ကွမ်ကျို့ပြည်နယ် မှ မာ ဆိုသူ အမျိုးသား သည် အာဖရိက တွင် ခြောက်လကြာမျှ အလုပ်သွား လုပ်ခဲ့ပြီး မွေးရပ်မြေ သို့ပြန် လာစဉ် ယင်းသို့ ကြုံတွေ့ရခြင်း ဖြစ်သည်။


ဆရာဝန် တစ်ဦးနှင့် ၎င်း ၏ အရေပြား ယားယံသည့် ဝေဒနာ ကို ပြကြည့်သော် လည်း သက်သာလာခြင်း မရှိပေ ။ ဝေ ဒနာ ကို သီတင်းနှစ်ပတ် မျှ ခံစားရပြီးနောက် ရှင့်ကျန်းဆေးရုံ က အရေပြား ဆရာဝန်နှင့် တွေ့ ၍ ရောဂါဖြစ်ပွားသည့် ဇစ်မြစ် အမှန်ကို သိရှိခဲ့ခြင်းဖြစ်သည်။

မာ ၏ ဝမ်းဗိုက် အရေပြား အတွင်းပိုင်းအောက် တွင် ပိုးလောက်လန်း များ အသိုက်ဖွဲ့ ရှိနေခြင်းဖြစ်ကြောင်း အရေပြား ဆရာဝန် က စစ်ဆေးတွေ့ ရှိခြင်း ဖြစ်သည်။

ထိုသို့ သိရှိပြီးနောက် တွင် အသေးစား ခွဲစိတ်မှုပြုလုပ် ကာ မာ ၏ ဝမ်းဗိုက် အရေပြား မှ ပိုးလောက်လန်း များကို ခွဲ ထုတ်နိုင်ခဲ့သည်။

ယခု ပိုးလောက် လန်း အမျိုးအစား သည် ယင်မကြီး တစ်မျိုး လူ့ခန္ဓာကိုယ် တွင် တွယ်ကပ် ကာ ဥဥ ၍ အရေပြားအောက် ရှင်သန်ကြီးထွားနိုင်သည့် လောက်လန်း မျိုးဖြစ်ပြီး အာဖရိကဒေသ တွင် အများအပြား ရှိကြသည်။


7day daily
From...Myanmar Latest News

 

No comments:

Post a Comment