Sunday, November 23, 2014

တံတား




တစ်ခါတုန်းက လယ်မြေချင်း ကပ်လျက် နေထိုင် လုပ်ကိုင်ကြ တဲ့ ညီအစ်ကိုနှစ်ဦး ဟာ စကားများ ရန်ဖြစ်ကြ တယ်။ ဒါဟာ သူတို့နှစ်ဦးကြား ပထမဆုံး နဲ့ အပြင်းထန် ဆုံး သဘောကွဲလွဲမှု ပါ။ 

ဒီ့ မတိုင်မီ ကတော့ သူတို့နှစ်ဦး ဟာ စက်ကိရိယာ၊ လုပ်အား၊ ကုန်ပစ္စည်းတွေ ဝေမျှ သုံးစွဲရင်း နေထိုင် ခဲ့ကြတာ နှစ်ပေါင်းလေးဆယ်ကြာမြင့် ခဲ့တယ်။ ဒီနောက်မှာတော့ အချိန် အတော်ကြာ ချစ်ချစ် ခင်ခင် နေ ထိုင် ဆက်ဆံမှု ဟာ ပြိုကွဲ ပျက်စီး သွားတယ်။

အထင်လွဲမှား မှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ကိစ္စကလေး ဟာ နေ့ချင်း ညချင်း ပြဿနာကြီး အဖြစ် ကြီးထွား လာခဲ့ တယ်။ နောက်ဆုံး မှာတော့ ညီအစ်ကိုနှစ်ဦး ဟာ တစ်ဦးကို တစ်ဦး နာကြည်း မုန်းတီးစေမဲ့ စကားတွေပြော ဆိုရင်း ရက်သတ္တပတ် အတော်ကြာ မခေါ်မပြောကြတော့ပါဘူး။ 


တစ်မနက် မှာတော့ အစ်ကိုဖြစ်သူ ရဲ့အိမ်တံခါး မှာ ခေါက်သံပေါ်လာ ခဲ့တယ်။ တံခါး ဖွင့်ကြည့်လိုက်တဲ့ အခါ လက်သမားသုံး ပစ္စည်း ကိရိယာများ ပါရှိသည့် သေတ္တာ တစ်လုံး ကို ဆွဲကိုင် ထားတဲ့ လူတစ်ဦး ကို တွေ့ရ တယ်။ 

ထိုသူက ပြောလာပါတယ်။ " ကျွန်တော် ရက်အနည်းငယ် လုပ်ဖို့ အလုပ် ရှာနေတာပါ။ ခင်ဗျား ဆီမှာ အလုပ် အကိုင် ရှိနိုင်ကောင်း ပါရဲ့။ ကျွန်တော့် အတွက် အလုပ်ပေးနိုင် မလား" "ရှိတာပေါ့"လို့ အစ်ကိုဖြစ်သူ က ပြော ပါတယ်။ "ခင်ဗျား အတွက် ကျွန်တော်မှာ အလုပ်ရှိပါတယ်။ ချောင်း ဟိုဘက်မှာ ရှိတဲ့ လယ်ကွင်းပြင် ကို ကြည့်လိုက် စမ်းပါ။ ဒါဟာ ကျွန်တော်ရဲ့ အခင်းနား ချင်းပေါ့။ 

တစ်ကယ်တော့ အဲ့ဒီ အခင်း ပိုင်ရှင်ဟာ ကျွန်တော့်ညီငယ် တစ်ဦးပါ။ ပြီးခဲ့တဲ့ အပတ်ထိ ကျွန်တော်တို့ အခင်း နှစ်ခုကြား မှာ ချိုင့်ဝှမ်း တစ်ခုရှိနေ ခဲ့တယ်။ ကျွန်တော့် ညီဟာ မြစ်ကမ်းဘေး ရှိ တာတမံ ကို ဘူဒိုဆာ နဲ့ ဖြိုဖျက် ရင်း ချောင်း ကလေးဖြစ်အောင် ပြုလုပ်ခဲ့တယ်။ 

ဒါဟာ ကျွန်တော့် ကို စိတ် အနှောင့်အယှက်ဖြစ်အောင် လုပ်တာ ပဲဖြစ်ရမယ်။ ကျွန်တော် ကလည်း သူ့ထက် ပိုကောင်းအောင် အနှောင့် အယှက်ပေးချင် တယ်။ စပါးကျီဘေး မှာ စုပုံ ထားတဲ့ သစ်သားပုံ ကို တွေ့တယ် မို့လား။ ကျွန်တော့် အတွက် ရှစ်ပေလောက်မြင့် တဲ့ ခြံစည်းရိုး တစ်ခု တည်ဆောက်ပေးစေချင် ပါတယ်။ ဒါမှ ကျွန်တော့်ညီ ရဲ့နေရာ ကို မမြင်ရတော့မှာ။ 

သူ့ကို လည်း တစ်နည်းနည်း နဲ့ စိတ်အနှောင့် အယှက် ဖြစ်စေတာပေါ့်" လက်သမား ဆရာက " ကျွန်တော် နားလည် ပါတယ်ဗျာ။ ကျွန်တော့် ကို သံချောင်းတွေ နဲ့ တွင်းတူး ဖို့ စက်ကိရိယာတွေပေး ပါ။ ခင်ဗျား စိတ်ကျေနပ်အောင် ပြုလုပ်ပေး ပါမယ်"လို့ ပြောလိုက်ပါတယ်။ 

အစ်ကိုဖြစ်သူ ဟာ မြို့တက်ပြီး လိုအပ်သည့် ပစ္စည်းများ ဝယ်ယူ ပါတယ်။ သူဟာ လက်သမားဆရာ ကို လို အပ် သည့် ပစ္စည်း များ အဆင်သင့်ဖြစ်အောင် ကူညီပေးပြီးနောက် ကိစ္စ တစ်ခုကြောင့် ထိုနေ့ တစ်နေ့လုံး အိမ်မှ ထွက်သွား ရတယ်။ လက်သမား ဆရာ ဟာ ပေကြိုး တိုင်းခြင်း၊ လွှဖြတ်ခြင်း၊ သံရိုက်ခြင်း စသည်ဖြင့် တစ်နေကုန် အလုပ် ရှုပ်နေခဲ့တယ်။

 နေဝင်ခါနီး လယ်သမားပြန်ရောက် တဲ့ အခါ လက်သမား ဆရာဟာ သူ့ အလုပ် အားလုံး ပြီးစီးနေပါပြီ။ လယ်သမား ကတော့ မျက်လုံး အစုံ ပြူးကျယ်ရင်း ခေါင်းငိုက်စိုက် ကျသွားတယ်။ အဲဒီမှာ က ခြံစည်းရိုး မဟုတ် ဘဲ တံတား တစ်စင်း ရှိနေခဲ့ တာပါ။ ချောင်းကလေး ကိုဖြတ်ကျော်ရင်း တည်ဆောက် ထားတဲ့ တံတားလေး တစ်စင်းပေါ့။ 

 ကောင်းမွန် လှပတဲ့ လက်ကိုင် တန်းလေး လည်း ပါရှိ ပါသေးတယ်။ သူ့ညီ ဟာ လက်ကို ဆန့်တန်းရင်း တံတားပေါ်ဖြတ်ကျော် လာတာ တွေ့မြင် လိုက်ပါတယ်။ "အစ်ကို ဟာ သိပ်ကို သဘောထားကြီး တာပဲ။ ကျွန်တော် ပြောဆို ခဲ့၊ လုပ်ကိုင်ခဲ့ သမျှကို လုံးဝဗွေမယူ ဘဲ ခုလို တံတား တစ်စင်း တည်ဆောက်ပေး ခဲ့တယ်နော်" 

ညီအစ်ကိုနှစ်ဦး ဟာ တံတား အစွန်း နှစ်ဘက် စီမှ လျောက်လှမ်း လာကြရင်း တံတား အလယ် ရောက် တဲ့အခါ လက်ဆွဲနှုတ်ဆက် လိုက်ကြတယ်။ သူတို့နှစ်ဦး လက်သမား ဆရာဘက် လှည့်ကြည့် လိုက်တဲ့ အခါ ကိရိယာများ ပါရှိသည့် သေတ္တာ ကို ကောက်ထမ်းနေကြောင်း တွေ့ရတယ်။

 အစ်ကိုဖြစ်သူ က " ဟို...ခဏစောင့်ပါဦး ဗျာ။ ရက် အနည်းငယ်လောက် ဆက်နေပေး ပါလား။ ကျွန်တော့်မှာ ခင်ဗျား အတွက် အလုပ်တွေ ရှိပါသေးတယ်" လို့ အော်ပြောလိုက် တယ်။ ဒီအခါ လက်သမားဆရာ က ပြန်ပြော ပါတယ်။ " ကျွန်တော် ဆက်ပြီး နေချင် ပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ ဆက်သွယ်ပေါင်းကူးပေး မဲ့ တံတား အမြောက်အများ တည်ဆောက်ပေး စရာ ရှိနေပါသေးတယ်ဗျာ " 

ZK www.kanaung.net
From...လူဗိုလ်ဟူသည်




No comments:

Post a Comment