Monday, November 10, 2014

အာဖဂန်နစ္စတန် တွင် မုဒိမ်း အကျင့်ခံရသော် လည်း အသက်မသေ လွတ်မြောက် ခဲ့သူ ၁၀ နှစ်သမီး Honour Killing အဖြစ် မိသားစု မှ သတ်၍ မြစ်ထဲ ပစ်ချခြင်း ကို ခံရဖွယ် ရှိနေ

 
 
၂၀၁၄ ခုနှစ်၊ မေလ အတွင်း က အာဖဂန်နစ္စတန်နိုင်ငံ၊ ခွန်ဒွက်ဇ်ပြည်နယ် ၌ အစ္စလာမ် ဘာသာရေး အကြီးအကဲ (မူလာ) တစ်ဦး မှ အသက် ၁၀ နှစ် အရွယ် မိန်းကလေးငယ် ဘရစ်ရှ်နား အား မုဒိမ်း ကျင့်ခဲ့သည်။ 
 
ယခု အချိန်တွင် ဘရစ်ရှနား မှာ ဆေးရုံ ၌ ကုသမှု ခံယူခဲ့ပြီး ပြန်လည်ကောင်းမွန်သော အခြေအနေ သို့ ရောက်ရှိ လာပြီဖြစ်သော်လည်း သူမ ၏ မိသားစု နှင့် ပတ်ဝန်းကျင် အသိုင်းအဝန်း မှ သူမ အား သတ်ပစ် ကာ အလောင်း အား မြစ် ထဲပစ်ချမျှောပစ်မည် ဟု ခြိမ်းခြောက်နေခြင်း ကို ခံနေရသည်။
 
  လများ အတန်ကြာ က ရဲ က ဘရစ်ရှနား ကို အာဖဂနါ အမျိုးသမီး များစောင့်ရှောက်ရေးဂေဟာ မှ ပြန်လည်ခေါ်ဆော င် ကာ သူမ ၏ မိဘများထံ အပ်နှံခဲ့သည်။ မိဘ များအိမ်သို့ရောက်ကာမှ ပင် မိန်းကလေး ဘရစ်ရှနာ မှာ honour killing (ဂုဏ်သိက္ခာ အတွက် မိသားစုဝင် ကို သတ်ခြင်း) ပြုခံရမည့်ဘေးကို ခါးခါး သီးသီး ကြုံတွေ့နေရသည်။

အာဖဂန် အမျိုးသမီးများ အသင်း ဒါရိုက်တာ ဒေါက်တာ ဟာစီနား ဆာဝါရီသည် လည်း ဘရစ်ရှနား ကို ကာကွယ်ပေး သည့် အတွက် ဘရစ်ရှနာ ၏ မိဘ များနှင့် အသိုင်းအဝန်း မှ ခြိမ်းခြောက်ခြင်း ကို ခံနေရသည်။

 ဒေါက်တာ ဆာဝါရီသည် ပင်လျှင် သူမ ၏ အသက်အန္တရာယ် အတွက် စိုးရွံ့နေရပေသည်။


မျိုးမင်းသန့်  ဘာသာပြန်ဆိုသည်။
ရွှေမြန်မာ မီဒီယာ

From...Myanmar Latest News

 

No comments:

Post a Comment