Friday, November 28, 2014

Share ပေးခြင်းဖြင့် အသက် တစ်ချောင်း ကို ကယ်တင်ပါ

Myanmar News Update's photo.




စာရေးသူ သည် ၁၉.၁၁.၂၀၁၄ ရက်နေ့က တရုတ်နိုင်ငံနယ်စပ် ရွှေလီမြို့သို့ အလည်အပတ်ရောက် ခဲ့ပါသည်။
 

ရွှေလီမြို့ရှိ အကင်ဆိုင်သို့ မိတ်ဆွေတစ်ဦး က ခေါ်၍ လိုက်စားဖြစ်ပြီး မထင်မှတ်ပဲ သတင်းထူး တခု ကို ရခဲ့  သဖြင့်မြန်မာနိုင်ငံသားများ အတွက် များစွာ စိတ်မကောင်းဖြစ်ခဲ့ရ ပါတယ်။

စာရေးသူ က အစ ကတော့မရေးဘူး ဆိုပြီး စိတ်ကူး ထားခဲ့ပေမယ့် မြန်မာပြည်သူ များရဲ့ အသက် ကိုထောက်ပြီး မရေးချင်ပေမယ့် ရေးခဲ့ရပါတယ် ။ ထိုနေ့က အကင်ဆိုင် တွင် လှလှပပ ထုတ်ပိုး ထားသော စားချင် စဖွယ် အသားချောင်း များ အသားလုံးများ ၊ ကြက်အူချောင်းများ ကို ပြသ ထားပြီး စတီးဗန်း များပေါ်တွင် ဖောက်၍ ခင်းကျင်း ထားတာ ကို တွေ့ရပါတယ်။






 

စာရေးသူ ကလည်း စားချင် တာကို ခြင်းလေးထဲ ထည့်ပြီး ကင်ဖို့ ၊ကြော်ဖို့ပေးလိုက် ပါတယ်။ စားရန် အစားအသောက် မလာသေးခင် စောင့်ဆိုင်း ရင်း မိတ်ဆွေဖြစ်သူနှင့် စကား စမြည်ပြောနေတုန်း တွင် တရုတ် အမျိုးသမီး တစ်ဦး မှ တရုတ် ရဲ များကိုခေါ် လာပြီး အကင်ရောင်းသူ ဆိုင်ပိုင်ရှင် အား လက်ညိုး တထိုးထိုးဖြင့် ရဲ များ ကို တရုတ် လိုအော်ပြီးပြောနေရာ တရုတ်ရဲ များက ဆိုင်ရှင်အား လက်ထိပ်ခတ်ပြီး
ဆိုင် အတွင်း ထဲသို့ တရွတ်တိုက်ခေါ်သွားတာ ကို တွေ့လိုက်ရပါတယ်။
 

 Myanmar News Update's photo.

စာရေးသူ ကလည်းတရုတ် စကားနား မလည်သော်လည်း စပ်စုချင် စိတ်ကြောင့် မသိမသာ အကဲခတ်၍
ကြည့်မိရာ ဆိုင် အတွင်း ထဲတွင် ဓါတ်ပုံရိုက် မှတ်တမ်း ယူပြီး ရှာဖွေ ပုံစံဖြင့် ပစ္စည်းတချို့ ကို
သိမ်းဆည်းနေတာတွေ့လိုက် ရတော့ သေချာကြည့် မိရာ စားရေးသူ မှာထားသော အကင် များ ကို ပက်ကင် လှလှ ထုတ်ပိုး ထားသည့် အသားကင် ၊ အသားချောင်းများ ဖြစ်နေတာကိုတွေ့ရှိ လိုက်ရပါတယ်။


ထိုအချိန် တွင် တရုတ် ရဲ များက စားရေးသူ ရှိသည့်ဖက်ကို လာပြီး တရုတ် လိုပြောနေရာ ကိုယ် ကလဲ ဘာမှ မသိ သဖြင့် တရုတ် စကားတတ်သူ မိတ်ဆွေမှ စာရေးသူအား  ဘုန်းဘုန်း ပြန်ကြ စို့ တရုတ် ရဲကပြောနေ တာ ဆိုင်ပိတ် သွားပြီ ပြန်ကြတော့ လို့ ပြောနေတာဟု ပြောသဖြင့် စာရေးသူ မှ မစား မသောက် ပဲ ပြန် လာ ခဲ့ ရပါတယ်။

 Myanmar News Update's photo.


ဒါနဲ့ပဲ မိတ်ဆွေဖြစ်သူ က တခြားဆိုင် ကို သွားစားမယ် ဆိုပြီး မြန်မာပြည်က လာရောင်းသော
ရှမ်းထမင်းဆိုင် သို့ ရောက်ရှိခဲ့ရပါတယ်။
 

အကင် စားချင်တဲ့ စိတ်ကြောင့် ဘဝင် မကျသော်လည်း ကျွေးသူကို အားနာပြီး ဘူဖေး ပုံစံ ခင်းကျင်း ထားသော ဟင်း များကို လိုချင်တာ ထည့်ပြီး မစားချင် စားချင်ဖြင့် စားနေမိ ရပါတော့တယ် ။
 

သို့ သော်လည်း မျက်စိ ထဲမှာ ကတော့ စားချင်စဖွယ် ပက်ကင် ထုတ် လှလှလေး ကိုသာ မြင်နေ မိတော့ စားရတာ စိတ်မပါလှ ပါဘူး ။

ဒါကို သတိထားမိဟန် တူတဲ့ ဆိုင်ရှင် ခပ်သန့်သန့် ရှမ်းအမျိုးသားကြီး က ထမင်းဝိုင်းရောက် လာပြီး
ဘုန်းဘုန်း စားရတာ အဆင်မပြေရင်ပြော ဆိုပြီး ဧည့်ဝတ်ကျေပြွန်စွာ လာပြီးမေးတော့ စာရေးသူ ကလည်း ဖြစ်ပျက်ခဲ့ တာကို မခံမချိပြောပြလိုက်ရ ပါတော့တယ် ။


ဆိုင်ရှင်ကြီး ရဲ့ မျက်နှာ မှာတော့ ပြုံးပြုံး ပြုံးပြုံး နဲ့ စာရေးသူ ကို မသိနား မလည်တဲ့ ကလေးတယောက်က
ရှင်းပြနေတဲ့ ပုံစံကို နားလည်ပေးတဲ့ အကြည့်နဲ့ ပြုံးပြုံးကြီး ကြည့်နေတော့တာပါပဲ. . . .


စာရေးသူ လဲ ပြောလို့ပြီးသွားတဲ့ အချိန်ကြမှ ဆိုင်ရှင် ရှမ်းအမျိုးသားကြီး က  ဘုန်းဘုန်း ဘုရား ခဏလေးစောင့် ပါ တပည့်တော် ပြစရာရှိတာလေး ပြချင်လို့ပါဆိုပြီး ထမင်းဆိုင်ရဲ့ အပေါ်ထပ်ကို တက် သွားပါတော့တယ် . .။

သူပြန်ဆင်း လာတော့ လက်ထဲမှာ တရုတ် သတင်းစာ တစောင် နဲ့ Laptop ကြီး ကို ကိုင်ပြီး ဆင်း လာပြီး စာရေးသူ ရဲ့ဘေးကို ကျကျနန ထိုင်လို့ စိတ်ရှည် လက်ရှည် အချိန်ပေးပြီး စာရေးသူကို ဓါတ်ပုံတွေ တရုတ် သတင်းစာတွေကို ပြသပြီး မြန်မာ တမျိုးသားလုံး အတွက် အရေးကြီး တဲ့ ဗဟုသုတ ကို ဘာသာပြန်
ပေးပါတော့တယ် ကွယ် ။


 Myanmar News Update's photo.

၂၀၃၀ ခုနှစ်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ၌ ရေ ရှားပါးမှုပြဿ      နာ ကို အကြီး အကျယ်ကြုံတွေ့နိုင်ပြီး
သဘာဝ အရင်းအမြစ်များ ရှာဖွေရေး ဌာန မှ ၂၀၀၂ခုနှစ် စာရင်းဇယား တွင်ဖော်ပြ ခဲ့ပါသည်။
 

ထိုပြဿ       နာ   များကိုဖြေရှင်းရန် အတွက် အိမ်နီးချင်း မြန်မာနိုင်ငံ မှခေါင်းဆောင် များဖြင့်တွေ့ဆုံပြီး
လျှိုဝှက် စီမံကိန်း အဖြစ် မြစ်ဆုံရေကာတာ စီမံကိန်းအဖြစ် ရင်းနှီးမြူပ်နှံခဲ့ကြောင်း အစိုးရ အစီရင်ခံစာ တွင်ဖော်ပြထား ခဲ့သည်။


မြန်မာနိုင်ငံ ကို ပြည်သိမ်း စီမံကိန်း အဖြစ် အစား အသောက် အသုံး အဆောင် အစီး အနင်း များကို
ဈေးပေါပေါဖြင့် ဈေးကွက်ကို ထိုးဖောက်နေရာ ယူပြီး မြန်မာ လူမျိုးများ အကြိုက် ဆွဲဆောင်နိုင်ဖို့
တရုတ် အစိုးရ မှ တရုတ် ကုန်ထုတ်လုပ်သူ လုပ်ငန်းရှင် များအား Plan ချမှတ်ပြီး ချုပ်ကိုင်ဆောင်ရွက် ခဲ့ကြ ပါတယ်။


ဆိုင်ကယ် ထုတ်လုပ် စက်ရုံ များတွင် မြန်မာပြည် အတွက် သီးသန့် ထုတ်လုပ်သည့် စက်ရုံနှင့် တရုတ်ပြည် အတွက် သီးသန့် ထုတ်လုပ်သည့် စက်ရုံ ဟုပြီး ခွဲခြားထား သလို အစား အသောက် များကို လဲ မြန်မာပြည် စားသုံးရန်နှင့် တရုတ်ပြည်သားများ စားသုံးရန် ဆိုပြီး သတ်မှတ်ခွဲခြား ရောင်းချနိုင် ရန် စနစ် တကျ စီမံခဲ့ကြောင်း တရုတ်ပြည်သို့ ရောက်ဖူး သူတိုင်း သိရှိကြမည်ဖြစ်ပါသည်။

မြန်မာပြည်သို့ တင်ပို့သော ဆိုင်ကယ် များမှာ လဲ ကြံ့ခိုင်မှု မရှိသလို အသက်အန္တရာယ် ကိုလဲ စိတ်ချစွာ
မောင်းနှင်နိုင် သည့် အာမခံချ က် မ ရှိပါ ။
 

ထို ဆိုင်ကယ် များကို တရုတ်ပြည်တွင် စီးနင်းမောင်းနှင်ခွင့် မပေး သလို တရုတ်နိုင်ငံသားများ အား ရောင်းမိ ပါက ထိရောက်စွာ အရေးယူကြောင်းဥပဒေ ထုတ်ပြန်ထားပါသည်။

စားသောက် စရာများ ကိုလဲ အထက်ပါ အတိုင်းချုပ်ကိုင် ထားပြီး မြန်မာပြည် အတွက်သီးသန့် ဟူ ၍ သတ်မှတ်ထားပါသည်။
 

အထူးသဖြင့် အကင်များ ၊ အသားလုံး များ  ကြက်အူချောင်းများ ကို အထူး စီမံပြီးမြန်မာနိုင်ငံ အတွက်
သီးသန့်ဈေးပေါပေါဖြင့် လွယ်ကူစွာရောင်းချ စားသုံးနိုင်ရန် အထုတ် အပိုး လှလှ ပပဖြင့်ဆွဲဆောင် ထားပါသည်။


တရုတ်နိုင်ငံ တွင် ထို အစားအသောက် များ ကို စားသောက်ရောင်း ချခွင့် လုံးဝ မရှိပါ အဘယ်ကြောင့် ဆိုသော် ထို အစားအသောက် တွင် Saraparitic ဟုခေါ်သော ဓါတ် တမျိုး ပါဝင်ပြီး စာသုံးမိသူများ သည်
အမျိုးသားဖြစ်ပါက ပန်းသေစေနိုင်ယုံ မက ဘိန်းစား များဆေးစွဲ သလို အလုပ် လုပ်ကိုင်စိတ် ပျောက်ဆုံး ၍ ထုံထိုင်း မှိုင်ငေး မိန့်မောစေနိုင် သလို ၊


အမျိုးသမီး များ စားသုံး ပါက နို့အကြိတ် ကင်ဆာဖြစ်စေပြီး သားအိမ် ရှုံ့၍ ကလေးမျိုးဆက် ကို ပျက်ဆီးစေနိုင်ကြောင်း ကုလသမဂ္ဂ W.H.O အစီရင်ခံစာ မှာ ဖော်ပြထားပါသည်။
 

ကလေး သူငယ်များ စားသုံးမိ ပါက အနာဂတ် အတွက် မျိုးဆက်ပြတ်တောက် ၍ လူမျိုးတုန်း ရန် ၁၀၀%
သေချာသွားပြီဖြစ်ပါတယ်။
 

မြန်မာနိုင်ငံ ၏ လူသား အရင်းအမြစ် ကို ဘာမဟုတ်သည့် အစားအသောက် မှ စနစ်တကျ  စီမံကိန်းရေး ဆွဲထားသည် မှာ မျက်လုံးပြူးဖွယ်ရာတွေ့ရှိရပါတော့ သည်။

ထို စီမံကိန်း သည် "ပြည်သိမ်း စီမံကိန်း"သာဖြစ်ကြောင်း ရုရှားနိုင်ငံ မှ ထောက်လှမ်းရေး အဖွဲ့ က တွေ့ရှိခဲ့သည် ဟု ရုရှား သတင်းဌာန မှ လျှိဝှက် ထုတ်ပြန်ထားပါသည်။

ရုရှား ဟက်ကာ များ ၏ဖော်ထုတ်ချက် အရ ၂၀၃၀ ခုနှစ် တွင် မြန်မာနိုင်ငံ ၏မြေပုံ သည်အထက်မြန်မာပြည် တခုလုံး တရုတ်ပြည် အတွင်းသို့ ရောက် ရှိနေကြောင်း ရုရှား ဟက်ကာများ လက်သို့ မြေပုံ ဇယား အချက် အလက် တချို့ရောက်ရှိ ခဲ့၍ အဆိုပါ သတင်းအချက် အလက် ကို သိရှိခဲ့ရ ပါသည်။

ထိုကြောင့် မြန်မာပြည်သားများ အနေဖြင့် တရုတ် ထုတ်စားသောက်ဖွယ်ရာ များကို အသိ တရား ရှိရှိဖြင့် ချင့်ချိန် သုံးစွဲ စားသောက်ရန် အထူး သတိပေးလိုက်ရ ပါတော့သည်။

ဘိန်း စစ်ပွဲကြောင့် နိုင်ငံ အသိမ်း ခံရသည့်သမိုင်း ကို နမူနာ ယူပြီး အစား အသောက် တစ်ခုကြောင့်
မြန်မာနိုင်ငံ ၏မြေပုံ ကို ပြောင်းလဲ သွားအောင် မပြုလုပ်စေလို ပါက အများသိအောင် ဖြန့်ဝေပေး ကြ ပါရန် တိုက်တွန်းလိုက်ရပါသည်။




စာရေးသူ ။ ။ အရှင်ဇဝန (သရက်တပင် တောရကျောင်း)

From... Myanmar News Update

No comments:

Post a Comment