Sunday, December 28, 2014

ယခုနှစ် အကယ်ဒမီပေးပွဲ တွင် တေးရေးမြင့်မိုးအောင် ၏ သီချင်းသစ် ကို သုံးမည်



၂ဝ၁၃ ခုနှစ်၊မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အခမ်းအနား Theme Song အနေဖြင့် ယခင်က အသုံးပြု ခဲ့သည့် မြန်မာ့ မြန်မာ့ရုပ်ရှင် သီချင်း အစား ကြယ်စင် လင်း တဲ့မြန်မာ့ ရုပ်ရှင် ဟူသော သီချင်းသစ် ကို အသုံးပြု သွားမည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ ကြယ်စင်လင်း တဲ့ မြန်မာ့ ရုပ်ရှင် သီချင်း သစ် ကိုတော့ တေးရေး မြင့်မိုးအောင် က ရေးစပ် ထားပြီး Orchestra သံစုံ ပုံစံဖြင့် ဖန်တီး ထားကြောင်း သိရသည်။ ” ၂ဝ၁၃ ခုနှစ် အကယ် ဒမီ ပွဲ အတွက် ကိုလူမင်း တို့က ရုပ်ရှင်လောကသားတွေ ချည်းပဲ စတင် လုပ်ကိုင်ကြတာ ဆိုတော့ သီချင်း အသစ်လည်း လုပ်ချင်တယ်တဲ့။ 

ကျွန်တော့်ကို ပြော ထား တာတော့ နှစ်တောင် ချီနေပြီထင်တယ်။ ဒါပေမဲ့ သီချင်းက အမြဲ ကိုယ်စားပြုရမယ့် သီချင်းဖြစ်တော့ တာဝန်လည်းကြီး တယ်။ 

 
သံစဉ်လောက် ပဲ တစ်စိတ် တစ်ပိုင်းလောက် ရတယ်။ အကြောင်း အရာ ကျတော့ ကိုယ်က ဂီတသမား ဆိုတော့ ဂီတလောက အကြောင်း ဆိုရင် အဆင်ပြေပေ မယ့် ရုပ် ရှင်ကျတော့ ကိုယ်က ဝင်စားလို့ရတယ် ဆိုပေမယ့် တကယ် လုပ်နေတဲ့ သူမှပဲ သူတို့ လုပ်ချင်တဲ့ အကြောင်းအရာလေးတွေ ပါတာ ပိုသင့်တော် မယ် ဆိုပြီး ကိုလူမင်း ကိုပဲ အကြောင်း အရာလေးတွေ ပြန်မေး ပါတယ်။

သူပြောချင် တဲ့ အကြောင်း အရာလေးတွေ နဲ့ ကျွန်တော့် သံစဉ် နဲ့ ထည့်လိုက် တဲ့ အခါ ကျတော့သီချင်း က ချက်ချင်း လိုပဲ ပြီးသွား ပါတယ်။ အားရကျေ နပ်မှုလည်း ရှိပါတယ်။ Orchestra Version နဲ့ဖန်တီး ထားပါတယ်။ 

ဆိုထားတာ ကတော့ Melody World နဲ့ အိပ်မက် ဆုံရာ မျိုးဆက် သစ်တေး သံရှင်တွေ ဆို ထား ပါ တယ်။ ကျော်သီဟ၊ ဖြိုးပြည့်စုံ၊ Fred ၊ ကြည်သာ၊ ရွှေရည်ဖြိုးမောင်၊ ကေကေမိုး၊ ဗန်သော့ဒ်ကျင်း၊ အိစက် ညက် ညော စတဲ့ ရှစ်ယောက် သီဆိုထား ပါတယ်” ဟုတေးရေးမြင့်မိုးအောင် ကပြောသည်။ 

အဆိုပါ ကြယ်စင်လင်း တဲ့ မြန်မာ့ရုပ်ရှင် သီချင်းသစ် အပြင် ယခင် သီ ချင်းဟောင်း ဖြစ်သောမြန်မာ့မြန်မာ့ ရုပ်ရှင် သီချင်း ကို လည်း Orchestra Version ပြောင်း ကာ ပြန်လည် ဖန်တီး ထားပြီး အကယ်ဒမီပေးပွဲ တွင် အ သုံးပြုမည့် သံစဉ် အပိုင်းများ ကိုလည်း တေးရေးမြင့်မိုးအောင် ကပင် Arrange ပြုလုပ် ၍ ဖန်တီးပေး ထားကြောင်း လည်း သိရသည်။


From...Asian Fame Media Group
 http://www.searchmyanmar.com/link/frame/cid/44921

No comments:

Post a Comment