Sunday, December 14, 2014

တစ်လင် တစ်မယား နဲ့ ဂေရှား


တစ်လင် တစ်မယား စနစ် ဥပဒေကြမ်း ကို အစိုးရ က လူသိ ထင်ရှားကြေညာ တင်ပြလာသော အခါ လှိုက် ခနဲ ဝမ်းသာ သွားသူများ က မြန်မာ အမျိုးသမီး အချို့ ဖြစ်ပါသည်။ အထူး သဖြင့် မြို့ပြ အသိုင်းအဝိုင်း က ဝင်ငွေကောင်းသော၊ ခင်ပွန်းဖြစ် သူ မယားပြိုင် ထားလာမည် ကို စိုးရိမ် စိတ်ပူနေကြသော အမျိုးသမီး များ ဖြစ်ပါသည်။ 

အဆိုပါ ဥပဒေကြမ်း အရ မြန်မာပြည် တွင် အမျိုးသား တစ်ဦးသည် အမျိုးသမီး တစ်ဦးနှင့် တရားဝင် ကွာရှင်း မပြတ် စဲကြောင်း မပြနိုင် သမျှ နောက်ထပ် မိန်းမ တစ်ယောက် ထပ်ယူခွင့် မရှိ။ မယားပြိုင် ဆိုတာ မရှိတော့ ပါ။
 
‘‘ကျွန်မ ကတော့ သိပ် ဝမ်းသာတယ်။ အဲဒီ ဥပဒေ ကို ကြိုဆိုတယ်။ နို့မို့ဆို အိမ်ထောင်ရေးဖောက်ပြန် တဲ့ မိန်းမတွေ က မယားငယ် မဟုတ်၊ မယားပြိုင် ဆိုပြီး သူများ အိမ်ထောင်ရေးတွေ ကို လိုက် ဖျက်ဆီးနေတာ။ ကျွန်မတို့ ပတ်ဝန်းကျင် မှာ ဒါမျိုးတွေ အများကြီး။ 


တရားဝင် မယားကြီးတွေ က သူတို့ ကို ပြန်ကြောက်နေရတယ်’’ဟု ထို ဥပဒေကြမ်း ကို လှိုက်လှိုက် လှဲလှဲထောက်ခံ သူ သန်လျင် မှ မသန္တာက ဆိုပါသည်။
 
မသန္တာပြောခဲ့သည့် အတိုင်း မြန်မာနိုင်ငံ မှာ ကာရာအိုကေ အနှိပ်ခန်းတွေ လို အမျိုးသားများ ကို ပစ်မှတ် ထားသော စီးပွားရေး လုပ်ငန်း များက ယခုနှစ်တွေ မှာ ပိုခေတ်စား လာသလို လူမှုရေးပြဿ        နာများ ကလည်း ယခင် ကထက် ပိုရှုပ်ထွေးလာပါသည်။ 

အထူးသဖြင့် ချမ်းသာသော၊ ဝင်ငွေကောင်းသော စီးပွားရေး သမား အမျိုးသားများ ကို စပွန်ဆာ ရှာလိုသူ မိန်းကလေးငယ် များ လိုက်လံ ပတ်သက်မှု များကလည်း ပိုဆိုးလာသည် ဟု မြို့ပြ အိမ်ရှင်မတွေ က ဆိုပါသည်။
 
‘‘ကာရာအိုကေ တို့၊ အနှိပ်ခန်း သွားတာ ကတော့ မသိချင်ယောင်ဆောင် ထားလိုက် ပါပြီ။ ဒါပေမဲ့ ဘယ်နေ့ မှာ ဘယ်ကောင် မလေးနဲ့ ပေါ်တင် တွဲခုတ် လာမလဲ စိတ်ပူနေရတယ်။ ကိုယ့်ယောက်ျား က ရုပ်ဆိုး အသက်ကြီး လည်း ကောင်မလေးတွေ က မကြိုက်ဘူး မထင်နဲ့နော်။

 ငွေရှာကောင်းရင် စိတ်ပူ ရပြီ’’ဟု။ မသန္တာ  တင်မဟုတ်ပါ။ ပေါ်ပေါ် ထင်ထင် ထုတ်ဖော် မပြောကြပေမယ့် သည် မယားပြိုင်ပြဿ      နာက မြို့ပြက မိန်းမသားတွေ ကို စိတ်ရောကိုယ်ပါ ဖိစီးဒုက္ခပေးနေသော လူမှုရေးပြဿ  နာ ဖြစ်ပါသည်။ 

ထို့ကြောင့် တရားဝင် အမျိုးသမီး တစ်ဦးတည်း သာ လက်ထပ်ခွင့်ပေးထား သည့် တစ်လင် တစ်မယား ဥပဒေကြောင့် သည် ကိစ္စ ကို အထိုက် အလိုက်ဖြေရှင်းပေးတန်ကောင်း ရဲ့ဟု အမျိုးသမီးထု က မျှော်လင့် ကြခြင်းဖြစ်ပါသည်။

အိမ်ထောင်ရေး ကျွမ်းကျင်သူ လူမှုရေး ပညာရှင် များ၏ အဆိုအရ အမျိုးသမီးငယ် များအနေဖြင့် အသက် ကြီးသော၊ ချမ်းသာအောင်မြင်သော အမျိုးသား များ ကို လိုက်လံ ပတ်သက်ကြသည့် အကြောင်းရင်းနှစ် မျိုး ရှိသည်ဟု သိရပါသည်။

ပထမ တစ်မျိုး ကတော့ ထိုအမျိုးသား ကို စုံမက် မှုကြောင့် အိမ်ထောင်ရှင် ကို ဖောက်ပြန်ခြင်းနှင့် ဒုတိယ တစ်မျိုး ကတော့ ငွေကြေးနှင့် ဘဝ ရပ်တည်မှုကြောင့် သူများ အိမ်ထောင်ကို ဖောက်ပြန်ခြင်း တို့ဖြစ်ပါသည်။



ဓာတ်ပုံ - လမင်းနိုင်

 

ပထမ တစ်မျိုး ကတော့ နေရာ မရွေးမှာဖြစ်နိုင်ပြီး ဒုတိယ တစ်မျိုးကတော့ ဆင်းရဲသောနိုင်ငံ များ မှာ ဖြစ် ပွားလေ့ ရှိသည်ဟု ဆိုပါသည်။
 
ထင်ရှားသော ဥပဒေပြောရလျှင် ဒုတိယ ကမ္ဘာစစ် ပြီးခါစ က ဂျပန်နိုင်ငံဖြစ်ပါသည်။ ဒုတိယ ကမ္ဘာစစ် အပြီး စစ်ရှုံးသော ဂျပန်နိုင်ငံ မှာ စားဝတ်နေရေး က သိပ် ခက်ခဲသည်။ ထို့ကြောင့် ကျေးလက် က နွမ်းပါးသော လယ်သမားများ သည် သမီး မိန်းကလေး များကို ဂေရှားဂေဟာ များသို့ ငယ်စဉ် ကတည်း က ရောင်းချ ခဲ့ရ သည်။

 ဂေရှား ဆိုသည်မှာ ရှေး အစဉ် ကတည်းက တည်ရှိသော ဂျပန် ရိုးရာ အမျိုး သမီးဖျော်ဖြေရေး သမားများ ဖြစ် ပါသည်။ 

သို့ရာတွင် စစ်ပြီးခေတ် မှာတော့ ဂေရှား သည် အမျိုးသားများ ကို မြှူဆွယ် စီးပွားရှာသော စီးပွားရေး လုပ်ငန်း များဖြစ်လာသည်။ ဂေရှားဂေဟာ ပိုင်ရှင် များက သူ့ထက်ငါ အပြိုင်အဆိုင်၊ တောက ဆင်းရဲနွမ်းပါးသော မိန်းကလေး များသည် အမျိုးသား များကို နည်း အမျိုးမျိုးဖြင့် ဆွဲဆော င်ရာမှာ တစ်ဖက်ကမ်း ခပ်တော် ကြသည်။

ထို့ကြောင့် ဂျပန်မြို့ကြီး များက စီးပွားရေး လုပ်ငန်းရှင် အမျိုးသားများ မှာ ဂေရှားဂေဟာ များတွင် သွားရောက် ကာ နေ့စဉ် ကျင်လည်ပျော် ပါးကြသည်။ ဂေရှားမယ် များကလည်း စီးပွားရေးနှင့် ရပ်တည်ရေး အတွက် အမျိုးသား များကို အပြိုင် ဆွဲဆောင်ကြသည်။ 

ခင်ပွန်းသည် များ ဂေရှားမယ် များနောက် ကောက်ကောက်ပါ ကုန်ကြသော အခါ ဂျပန် အမျိုးသမီး တို့ ဂေရှား မယ် များ ကို မုန်းကြသည်။ ရန်လိုကြ၏။ တချို့အမျိုးသမီးကြီး များက ဂေရှားမယ်ဂေဟာ များသို့ သွားရောက် ပြဿ       နာရှာသည်။ ပိတ်ပင် ရန် ဖိအားပေးကြသည်။


သို့ရာ တွင် ဉာဏ်ပညာ အမြော်အမြင် ရှိသော ဂျပန် အမျိုးသမီး အချို့ကမူ ထိုသို့ မလုပ်။ သူတို့ယောက်ျား တန်းတန်း စွဲဖြစ်နေသော ဂေရှား မိန်းကလေးများ ထံ သွားရောက်သည်။ 

သူတို့ အခြေအနေ ကို လေ့လာ စုံစမ်းသည်။ ထိုအခါ မှ တောက ပညာမဲ့ ဆင်းရဲနွမ်းပါးသော မိန်းကလေး များသည် ဘဝ ရပ်တည်မှု အတွက် အမျိုးသား များကို ဆွဲဆောင် ရသော ဂေရှား အလုပ်ကို လုပ်ကြရမှန်း နားလည် လာသည်။ 

သူတို့ဘဝ မှာ က ရွေးချယ် စရာမရှိ။ ယောက်ျားများ ကို မြှူဆွယ်ဖြားယောင်းခြင်း ကသာ သူတို့ဘဝ ရပ်တည်မှု၊ သူတို့ စီးပွားရေးဖြစ်နေသည်။

ထိုအခါ အဆိုပါ အမျိုးသမီး များက ဂေရှားမယ် များ ကို ရန်လိုခြင်း ထက် အစိုးရ ပံ့ပိုးမှုဖြင့် အမျိုးသမီးများ ကိုယ့်ဘဝ ကိုယ်ရပ်တည်နိုင်အောင် ကူညီဆောင်ရွက်ပေးခဲ့ သည်။ ဂေရှားမယ် လုပ်မည့် အစား အမျိုးသမီးငယ် များကို တခြားအသက်မွေးဝမ်းကျောင်း များ လုပ်နိုင်အောင် ဖန်တီးပေးခဲ့သည်။

 ဂျပန်အစိုးရ က အမျိုးသမီး များ၏ လူနေမှု ဘဝကိုမြင့်မားအောင်၊ ပညာရည်မြင့်မားအောင် တိုးမြှင့်ပြောင်း လဲခဲ့သည်။
 
ယခုအခါ မှာတော့ ဂေရှား ဆိုသည်မှာ ကမ္ဘာလှည့် ခရီးသည် များကို ဖျော်ဖြေရန်နှင့် ယဉ်ကျေးမှု ထိန်းသိမ်း ရန်လောက် သာ ဂျပန်နိုင်ငံမှာ ရှိတော့သည်။ ၁၉၂၀ မှာ ဦးရေ ၈၀,၀၀၀ ခန့် ရှိသော ဂေရှားမယ် များသည် ယခု အချိန်မှာတော့ ကမ္ဘာလှည့် ခရီးသည်များကို ကီမိုနိုဝတ်စုံနှင့် ကပြဖျော်ဖြေဖို့ အတွက် လူဦးရေ တစ်ထောင် ခန့် သာ ရှိပါတော့သည်။
 
တစ်ချိန်တည်း မှာပင် သိသာစွာပြောင်းလဲ လာသည် က ဂျပန် အမျိုးသမီးများ ၏ အခန်းကဏ္ဍ ဖြစ်ပါသည်။ ဂျပန် မှာ အမျိုးသမီး ဆိုသည် က အမျိုးသား များကို အားကိုး ကာ ရပ်တည်နေရသော သူများမဟုတ်။ 

ကမ္ဘာ မှာ အမှီအခို ကင်းသော အမျိုးသမီး ထုကြီးဖြစ်လာပြီး ကမ္ဘာမှာ အမျိုးသမီး လုပ်သားနှင့် ဝန်ထမ်း ဦးရေ အများဆုံးနိုင်ငံဖြစ်လာသည်။ ဂျပန် အမျိုးသမီး များမှာ အမျိုးသား များကို အားကိုး ကာ မယားငယ် လုပ်ဖို့ဝေး စွ။ ကိုယ့်ကိုယ် ကိုယ်အားကိုး လွန်း သဖြင့် အမျိုးသားများ ကို အိမ်ထောင် မပြုချင်သော လူမှုရေးပြဿ      နာပင် ကြုံတွေ့နေရသည်။
 
ထို့ကြောင့် မြန်မာအမျိုးသမီး များ မျှော်လင့် သလို တစ်လင် တစ်မယား စနစ်ဥပဒေဖြင့် အိမ်ထောင်ရှင် များ မယားပြိုင် ထားခြင်းကို တားဆီးကောင်း တားဆီးနိုင်ပေမယ့် သည်အချက် က ဆေးမြီးတို တစ်ခုသာဖြစ် ပါသည်။

 တကယ်တမ်း မြန်မာလူမှု အသိုင်းအဝိုင်း က အဆိုပါ လူမှုပြဿ         နာများကို ထိထိရောက်ရောက် ဖြေ ရှင်းနိုင် မည့်နည်းလမ်း မှာ ဂျပန်မှာ လုပ်သလို အမျိုးသမီးများ ၏ လူနေမှု ဘဝနှင့် အလုပ်အကိုင် အခွင့် အလမ်း ကို မြှင့်တင်ဖော်ထုတ်ပေးခြင်း သာ ဖြစ်ပါသည်။
 
‘‘ကျွန်မ ကတော့ ဒီ ဥပဒေကြောင့် အမျိုးသားတွေ မယားငယ် ထားတာ နောက်ဆုတ် သွားမယ်လို့ မထင် ပါဘူး။ အဲဒီလို ဆိုရင် လက်မထပ် ဘဲနေကြ မှာပေါ့။ ဆင်းရဲနေ သရွေ့ မိန်းကလေးတွေ စပွန်ဆာရှာနေ မှာပဲ’’ဟု ရန်ကုန် အင်းစိန် မှာ နေထိုင်သူ အသက်(၂၅)နှစ် အရွယ် မတင်တင်ထက် ကပြောပါသည်။
 
သူကတော့ ယခု တစ်လင် တစ်မယား ဥပဒေကြမ်း သည် မြန်မာပြည် က အိမ်ထောင်သည် များထက် တစ်ကြိမ်ထက် ပိုပြီး အိမ်ထောင်ပြုလေ့ ရှိသော မွတ်စလင် ဘာသာဝင် များကို ပစ်မှတ် ထားသည်ဟု ယူဆ ပါသည်။

ထို့အတူ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံ စာရင်းမှာ ပါသော မြန်မာနိုင်ငံ မှာ အမျိုးသမီး များ၏ အလုပ်အကိုင် အခွင့် အရေး ကလည်း အခြေအနေ မကောင်းပါ။ ၂၀၀၃ ခုနှစ် အမေရိကန်နှင့် အနောက်နိုင်ငံ များ၏ စီးပွားရေး ပိတ်ဆို့ မှုကြောင့် အမျိုးသမီး အများစု အလုပ် လုပ်ကိုင်ကြ သည့် အထည်ချုပ် လုပ်ငန်းများ ရပ်ဆိုင်းခဲ့သော အခါ အမျိုးသမီး အတော် များများ အလုပ် လက်မဲ့ဖြစ်ကြသည်။

မြန်မာ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း ၏ အဆို အရ ၂၀၀၃ မတိုင်ခင် မှာ အမျိုးသမီး လုပ်သား အင်အား အများဆုံး ရှိပြီး လုပ်သား ဦးရေ သုံးသိန်းကျော် ရှိခဲ့သော မြန်မာ အထည်ချု ပ် လုပ်ငန်းသည် ပိတ်ဆို့မှု များကြောင့် လုပ်သားခြောက်သောင်းကျော် ကိုသာ အလုပ်ပေးနိုင်တော့သည်။ 

ထိုနေရာ မှ အလုပ်ပြုတ် ခဲ့သော ငယ်ရွယ်သူ ပညာ မတတ်သည့် မိန်းကလေး များမှာ လမ်းဘေးဈေးသည်၊ အလုပ်ကြမ်း၊ ကာရာအိုကေ၊ အနှိပ်ခန်းနှင့် ခေါင်းလျှော်သည့် အလုပ်များ ကသာ အဓိကဖြစ်လာခဲ့သည်။ 

ထို မိန်းကလေး များ၏ စီးပွားရေး ရပ်တည်မှု အတွက် အိမ်ထောင် ရှိသူရော အိမ်ထောင် မရှိသူပါ အမျိုးသား များသည် မှီခို အားကိုး ရာဖြစ်လာသည်။
 
ယခုအခါ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုနှင့် အတူ အထည်ချုပ် လုပ်ငန်း များနှင့် တခြားစက်ရုံ များ ပြန်လည် လုပ်ငန်း စတင်သော်လည်း အမျိုးသမီး အတော် များများ ကို အလုပ် အကိုင်ပေးနိုင်သည် အထိတော့ အခြေ အနေက ထူးခြားကောင်း မလာသေး။ အမျိုးသမီး များ၏ ဘဝရပ်တည်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းက အားရစရာ မရှိသေးပါ။
 
ထို့ကြောင့် တစ်လင် တစ်မယား ဥပဒေ အကောင် အထည်ဖော်ပေမယ့် တိုင်းပြည် စီးပွားရေး မကောင်း သရွေ့၊ အမျိုးသမီး များ ကိုယ့်အား ကိုယ်မကိုးနိုင် သရွေ့ မြန်မာ အမျိုးသမီး တချို့ မျှော်လင့် သလို မယားပြိုင် လို လူမှုရေးပြဿ        နာများ ချုပ်ငြိမ်းဖို့ က ဝေးဝေး ကသာ လွမ်းနေရ ပါဦးမည်။

7Day Daily

No comments:

Post a Comment