Thursday, December 18, 2014

၂၀၁၅ တွင် တင်သွင်းခွင့်ပြုမည့် ကားမော်ဒယ်နှစ် များ ပြောင်းလဲ သတ်မှတ်


ရန်ကုန် (မဇ္ဈိမ)။ ။ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ မှ စတင်၍ မော်တော်ယာဉ် တင်သွင်းခွင့်ပြုမည့် ကားမော်ဒယ်နှစ် များ ပြောင်းလဲ သတ်မှတ်လိုက် သည် ဟု မော်တော်ယာဉ် တင်သွင်းခွင့် ဆိုင်ရာ ကြီးကြပ်ရေးကော်မတီ က ဒီဇင်ဘာ ၁၅ ရက် စွဲဖြင့် ထုတ်ပြန်ကြေညာသည်။


Car-3
ဂျပန်မှ တင်သွင်းလာသည့် ခရီးသည်တင်ယာဉ်အချို့ကို သီလဝါဆိပ်ကမ်းတွင် တွေ့ရစဉ်။ (ဓာတ်ပုံ – ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)

  ယာဉ်အို ယာဉ်ဟောင်း အစားထိုး ယာဉ် များကို ၂၀ဝ၃ မော်ဒယ် အနိမ့်ဆုံး တင်သွင်း ရမည် ဖြစ်သည်။

ယာဉ်အို ယာဉ်ဟောင်း များ အစားထိုး လျှောက်ထားမှု စနစ် (Consignment စနစ် အပါ အဝင်) တွင် လူ စီးမော် တော်ယာဉ် များ၊ ကုန်တင် ယာဉ်များနှင့် ခရီးသည်တင် ယာဉ် များကို ၂၀၀၃ မှ ၂၀၀၉ ခုနှစ်မော်ဒယ် အတွင်း ၁၃၅၀ စီစီနှင့်အောက် လူစီးယာဉ် များ ကို ၂၀၀၃ မှ ၂၀၁၅ ခုနှစ်မော်ဒယ် အထိ တင်သွင်းခွင့်ပြုခဲ့ သည်။

လူပုဂ်္ဂိုလ် တစ်ဦးချင်း၊ ပို့ကုန် သွင်းကုန် လုပ်ငန်း များ၊ အခြား တစ်ဦးချင်း လျှောက်ထားမှု စနစ်တွင် လူစီး မော်တော်ယာဉ် များ၊ ၁၃၅၀ စီစီနှင့်အောက် လူစီး ယာဉ်များနှင့် အဝေးပြေး ခရီးသည်တင်ယာဉ် (ဘယ် မောင်း) များကို မူ ၂၀၁၀ မှ ၂၀၁၅ ခုနှစ်မော်ဒယ် အထိလည်းကောင်း၊ ကုန်တင်ယာဉ်များနှင့် မြို့တွင်း ခရီးသည်တင်ယာဉ်(ဘယ်မောင်း) များ ကို ၂၀၀၅ မှ ၂၀၁၅ ခုနှစ်မော်ဒယ် အထိ တင်သွင်းခွင့် ရှိမည်ဟု သတ်မှတ် ထားသည်။


 
ကားဝယ်ရောင်း ကျွမ်းကျင်သူ ကိုအောင်ဇော်ဦး (အရည်ကြို) က “မနှစ်က ထက် မော်ဒယ် သုံးနှစ် ပိုတက် သွား တာပါ။ ကားမော်ဒယ်တွေ မြင့် လာတော့ ကျွန်တော်တို့ နိုင်ငံ အတွက် ကောင်းပါတယ်။ ဒီမူဝါဒ ကို တော့ ကြိုဆို ပါတယ်” ဟု ထင်မြင်ချက်ပေးသည်။

အငှားယာဉ် လျှောက်ထားမှု တွင် လည်း လူစီးမော်တော်ယာဉ် ကို ၂၀၁၀ မှ ၂၀၁၅ ခုနှစ်မော်ဒယ် အတွင်း တိုင်း/ပြည်နယ် အစိုးရများ ၏ ထောက်ခံချက်ဖြင့် တင်သွင်း ရမည် ဖြစ်သည်။

ထို့အပြင် FOC စနစ်ဖြင့် ပြည်ပ မှ လှူဒါန်းသည့် မော်တော်ယာဉ် ပါမစ် များ လျှောက်ထား ရာတွင် လူစီးမော် တော်ယာဉ် များကို ၂၀၁၀ မှ ၂၀၁၅ ခုနှစ် မော်ဒယ် အတွင်းလည်းကောင်း၊ လုပ်ငန်းသုံး ယန္တရား များနှင့် သာသနာရေး ဆိုင်ရာ ယာဉ်များကို ၂၀၀၅ မှ ၂၀၁၅ ခုနှစ် မော်ဒယ် အတွင်း လည်းကောင်း၊ မီးသတ်ယာဉ်၊ လူနာတင်ယာဉ်၊ နိဗ္ဗာန်ယာဉ် တို့ကို ၁၉၉၉ မှ ၂၀၁၅ ခုနှစ် အတွင်း မော်ဒယ် များကို တင်သွင်းရန် သတ်မှတ်ထားသည်။

ထို့အပြင် ၂၀၁၅ ဇန်န၀ါရီ ၁ ရက်မှ စ၍ ရောက်ရှိ ခုနှစ်နှင့် ရောက်ရှိ ခုနှစ်အောက် တစ်နှစ်နိမ့်မော်ဒယ် Brand New မော်တော်ယာဉ် များ တင်သွင်း ပါက ဘယ်မောင်း သာ တင်သွင်း ရမည်ဟု မော်တော်ယာဉ်တင် သွင်းခွင့် ဆိုင်ရာ ကြီးကြပ်ရေးကော်မတီ က သတ်မှတ် ထားသည်။



 
mizzima
From... Myanmar Latest News
 http://www.searchmyanmar.com/link/frame/cid/44868


No comments:

Post a Comment