Thursday, December 18, 2014

ကြွက်နို့ အကြောင်း သိကောင်းစ၇ာ





ကြွက်နို့ ဆိုတာဟာ အရေပြားပေါ်မှာ ထွက်ပေါ်လာတတ် တဲ့ အဖုငယ်ဖြစ်ပြီး ဖြစ်လေ့ဖြစ်ထ ရှိ တဲ့ ရောဂါ ပါ။ သေးငယ် တဲ့ အဖု ထွက်ပေါ် တာ ဒါမှ မဟုတ် အဖုကြီး ထွက်တာ၊ မိမိ ကို စိတ်အနှောင့် အယှက်ဖြစ်စေ တာနဲ့ နာကျင်တာတွေ ဖြစ်တတ် ပါတယ်။

 ကြွက်နို့ နဲ့ ပတ်သက်ပြီး သိသင့် တာတွေ ကို ဖော်ပြပေး လိုက်ပါတယ်။ 
 ဘာကြောင့် ကြွက်နို့ ပေါ်ပေါက် ရပါ သလဲ။ ကြွက်နို့ ဟာ HPV ခေါ်တဲ့ Human Papilloma Virus ကြောင့် ဖြစ် ရတာပါ။ HPV အမျိုး အစားပေါင်း ၈၀ ကျော်ကြောင့် ကြွက်နို့ အမျိုး အစားပေါင်း မျိုးစုံ ကို မျက်နှာ၊ လက်၊ ဒူးခေါင်း၊ ခြေထောက်၊ လိင်အင်္ဂါ နဲ့ လည်ချောင်း အစရှိတာလို မျိုး နေရာအနှံ့မှာ ဖြစ်ပေါ်တတ်ပါတယ်။ 

သင့်ထံ ကို ဗိုင်းရပ်စ် ပိုး တစ်ခါ ဝင်ရောက် ဖူးရင် သင့်မှာ အမြဲတမ်း ကြွက်နို့ မပေါ်ပေါက်နေပေမယ့် အဲဒီ ဗိုင်းရပ်စ် က တစ်သက်လုံး သင့်ခန္ဓာကိုယ် ထဲမှာ ရှိနေတတ် ပါတယ်။



 ကြွက်နို့ က ဘယ်လို ကူးစက်နိုင် ပါ သလဲ။ 
တခြား လူတစ်ယောက်မှာ ရှိတဲ့ ကြွက်နို့မှ တစ်ဆင့် တိုက်ရိုက် ကူးစက်နိုင် ပါတယ်။ အထူးသဖြင့် သင့် အရေပြား မှာ ပြတ်ရှ ရာ၊ ခြစ်ရာ ဒါမှမဟုတ် အဖုအပိမ့်တွေ ပေါက်နေခဲ့ ရင်ပါ။ အများသုံး ရေကူးကန် ဒါမှ မဟုတ် အများသုံး အဝတ်လဲခန်း မှာ ဖိနပ် မပါဘဲ လမ်းလျှောက်ရင် လည်း ကြွက်နို့ ဖြစ်တတ်ပါတယ်။ 

အထူးသဖြင့် သင့်ခြေဖဝါး မှာ ဒဏ်ရာ ရှိနေရင်ပါ။ သင့် ခန္ဓာကိုယ် တစ်နေရာ မှာ ရှိနေတဲ့ ကြွက်နို့ ကနေ အခြား တစ်နေရာ ကိုလည်း ပြန့်ပွား တတ်ပါတယ်။ မုတ်ဆိတ် ရိတ်တာ၊ ခြစ် မိတာ ဒါမှ မဟုတ် လက်သည်း ကိုက်တတ် တဲ့ အကျင့်တွေကြောင့်ပါ။ 

ဥပမာ အားဖြင့် သင့် လက်ချောင်းမှာ ကြွက်နို့ ရှိနေပြီး အဲဒီကြွက်နို့ ကို သင့် ပါးစပ် နဲ့ ကိုက်ဆွနေမယ် ဆိုရင် သင့်နှုတ်ခမ်း မှာ ကြွက်နို့ ဖြစ်ပေါ်တတ် ပါတယ်။ လိင် အင်္ဂါကြွက်နို့တွေ ဟာ လိင် ဆက်ဆံရာမှ တစ်ဆင့် ကူးစက် တတ်ပါတယ်။

 ကြွက်နို့ ကို ကုသမှု ခံယူ စရာ လိုပါသလား။ 
 ကြွက်နို့ တိုင်းဟာ သူ့ဘာသာ သူ ပျောက်ကွယ် တတ်တာကြောင့် ကုသမှု ဟာ အမြဲတမ်း မလိုအပ်ပါ ဘူး။ ကုသမှု မခံယူ လည်း ကလေးတွေ မှာဖြစ် တဲ့ ကြွက်နို့တွေ ရဲ့ ၅၀ ရာခိုင်နှုန်း ဟာ ခြောက်လ အတွင်း ပျောက် ကွယ် တတ်ပြီး ၉၀ ရာခိုင်နှုန်း ဟာ နှစ်နှစ် အတွင်း ပျောက်ကွယ် တတ်ပါတယ်။ 

အသက်ကြီး သူတွေမှာ ကျန်းမာရေး ကောင်းမွန် သူဖြစ်ရင် ကြွက်နို့ဟာ နှစ်နှစ် မှ သုံးနှစ် အတွင်း သူ့ဘာသာ သူ ပျောက်ကင်း သွားတတ်ပါတယ်။ ဒါကြောင့် ကြွက်နို့ ကို ကုသမှု မခံယူ ခင်မှာ သေချာ ဆုံးဖြတ်သင့် ပါ တယ် ။ 

ကုသမှုကြောင့် အမာရွတ် ထင်ပေါ်နိုင် တာကြောင့်ပါ။ ဘယ်လို ကြွက်နို့ အမျိုးအစား ဟာ ကုသဖို့ လိုပါသလဲ။ လိင် အင်္ဂါကြွက်နို့ နဲ့ သာမန်ကြွက်နို့တွေ ဟာ ကုသဖို့ ပိုလွယ်ကူ ပါတယ်။ ခြေဖဝါးမှာပေါက်တဲ့ Plantar အမျိုး အစား ဟာ ပိုမိုထူ ထပ်တာကြောင့် ကုသရတာ ခက်ခဲပါတယ်။

 ကြွက်နို့တွေ အုပ်စု လိုက် ရှိနေ တဲ့ Cluster အမျိုးအစား ဟာလည်း ကုသရ တာ ခက်ခဲ တတ်ပါတယ်။ သင့် ခန္ဓာကိုယ် ထဲမှာ ဗိုင်းရပ်စ်ပိုး အမြဲတမ်း ရှိနေတတ် တာကြောင့် သင်နေမကောင်း ဖြစ်နေချိန် ဒါမှ မဟုတ် ခုခံအားကျဆင်းနေချိန်မှာ ရောဂါ ပြန်လည်ဖြစ်တတ် ပါတယ်။ 

 ဆေးဆိုင်ပေါ်မှာ ရောင်းချတဲ့ ကြွက်နို့ပျောက်ဆေးတွေ အသုံးပြုသင့် ပါသလား။ 
 ဆေးဆိုင်ပေါ် မှာ ရောင်းချ  တဲ့ ကြွက်နို့ပျောက်ဆေး အများစု ဟာ လိမ်းဆေးဖြစ်တာ ဒါမှ မဟုတ် အေးခဲတဲ့ နည်းပညာ ကို အသုံးပြုထား တာကြောင့် အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ပါတယ်။ သူတို့တွေ ဟာ သေး ငယ်ပြီး တစ်ခု တည်း ဖြစ်ပေါ်တဲ့ ကြွက်နို့ အတွက်သာ သုံးသင့်ပြီး လိင် အင်္ဂါကြွက်နို့ အတွက် မသုံးသင့်ပါ။ 

သင့်မှာ ကိုယ်ဝန် ရှိနေရင် ဒါမှ မဟုတ် ကလေးနို့တိုက်နေ ရင် ဒါမှ မဟုတ် နှင်းခူ၊ ဂျွတ်ရောဂါ နဲ့ အရေပြား ဓာတ် မတည့်မှု လိုမျိုး အရေပြားပြဿ       နာ ရှိနေရင် အဲဒီဆေးဝါးတွေ အသုံး မပြုခင် ဆရာဝန်နဲ့ အရင်တိုင်ပင် ရပါမယ်။

 ကြွက်နို့ကြောင့် နာကျင်တတ်ပါသလား။ 
 ခြေဖဝါး မှာ ပေါက်တဲ့ ကြွက်နို့ နဲ့ လိင် အင်္ဂါမှာ ပေါက်တဲ့ ကြွက်နို့တွေ ဟာ နာကျင် တတ်ပါတယ်။ လက် ဒါမှ မဟုတ် ခြေထောက် မှာ ပေါက်တဲ့ ကြွက်နို့တွေ ဟာ အလွယ် တကူ ထိခိုက် ဒဏ်ရာ ရရှိနိုင်ပါ တယ်။

 ကြွက်နို့ ရဲ့ အရွယ် ပမာဏဟာ ကြီးလေလေ နာကျင်မှုဖြစ်နိုင်ခြေ များလေလေ ပါ။ ကြွက်နို့က ကွဲထွက် သွား ရင် အလွန် အမင်း နာကျင် တတ်ပါတယ်။ ကြွက်နို့ကြောင့် မျက်နှာ ဒါမှ မဟုတ် လက် အလှတွေ ရုပ်ဆိုးနေရင် ဒါမှ မဟုတ် ကြွက်နို့ကြောင့် နေ့စဉ် လုပ်ရတဲ့ အလုပ်တွေ မလုပ်နိုင်ရင် ကုသမှု ခံယူဖို့ စဉ်းစားရပါမယ်။

 ကြွက်နို့ ဟာ အရေပြား ကင်ဆာ လိုမျိုး ဖြစ်နိုင်ပါသလား။ 
အနီရောင် ဒါမှ မဟုတ် အဖတ်ဖတ်တွေ ဖြစ်နေ တဲ့ ကြွက်နို့ဟာ အရေပြား ကင်ဆာ အမျိုး အစားဖြစ်တဲ့ Squamous Cell Carcinoma လိုမျိုး ပုံသဏ္ဌာန်နဲ့ ဆင်တူ တတ်ပါတယ်။ အရေပြား အထူးကု ဆရာဝန် အနေ နဲ့ ရောဂါ ကို ခွဲခြား တတ်ပါတယ်။ 

ဒါမှမဟုတ် အသားစ ယူပြီး အဖြေရှာပေးနိုင်ပါတယ်။ သင့်ရဲ့ ကြွက်နို့ ဟာ ရုတ်တရက်ကြီး လာတာ ဒါမှ မဟုတ် ရုတ်တရက် နာကျင်တာ၊ သွေးထွက် တာ ဒါမှမဟုတ် အရည်တွေ ဆင်းတာ ဖြစ်လာရင် ဆရာဝန်နဲ့ ချက်ချင်းပြပါ။

 ကြွက်နို့ ကနေ ကင်ဆာဖြစ်နိုင်ပါသလား။ 
 ကြွက်နို့ အများစု ဟာ ကင်ဆာ အဖြစ် မပြောင်းလဲ တတ်ပါဘူး။ ဒါပေ မဲ့ လိင် အင်္ဂါ ကြွက်နို့တွေ ဟာ သားအိမ်ခေါင်း၊ မိန်းမကိုယ် နဲ့ လိင်တံ ကင်ဆာတွေမှာ ဖြစ်ပေါ်တတ် ပါတယ်။ 

လက်သည်းအောက်မှာ ဖြစ်ပေါ်တတ် တဲ့ ကြွက်နို့ ကို Subungual warts လို့ခေါ်ပြီး အဲဒီ ကနေ အရေပြား ကင်ဆာ Squamous Cell Carcinoma ဖြစ်ပေါ်တတ် ပါတယ်။



 ဒေါက်တာ ခင်မိုးမိုး
 By Good Health http://on.fb.me/UWRK0Q 

 အေးချမ်းမွန်မှ laminmaung တွင်ဖော်ပြသော သတင်းကို မူရင်း အတိုင်း မျှဝေခြင်းဖြစ်ပါသည် https://www.facebook.com/excellencemedia
From... http://www.lubo601.com/



3 comments:

  1. ကြွက်​နို့အတွက်​..ကုသ​ပျောက်​ကင်းတဲ့​ဆေးမရှိတာလား
    ပြန်​​ဖြေ​ပေး​စေချင်​ပါတယ်

    ReplyDelete
  2. ကြွက်​နို့အတွက်​..ကုသ​ပျောက်​ကင်းတဲ့​ဆေးမရှိတာလား
    ပြန်​​ဖြေ​ပေး​စေချင်​ပါတယ်

    ReplyDelete