Sunday, December 28, 2014

ဗုဒ္ဓ ရုပ်ပွားတော် ကိစ္စ ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ခြင်း မဟုတ်ဟု ဘားဆိုင် အထွေထွေ မန်နေဂျာ ထွက်ဆို




ပုဒ်မ သုံးခုဖြင့် တရားစွဲ ဆို ခံထားရသည့် VGastro Bar ဆိုင် အထွေထွေမန်နေဂျာ နယူး ဇီလန်နိုင်ငံသား ဖီးလစ် သည် ဗုဒ္ဓ ရုပ်ပွားတော် ကို နားကြပ် တပ် ထားသော ပုံဖြင့် ဖေ့စ်ဘွတ်ခ် စာ မျက်နှာပေါ် တင် ၍ ကြော်ငြာခြင်း သည် အခြား သူများ မသိဘဲ ၎င်း တစ်ယောက်တည်း သာ ပြုလုပ် သည်ဟု တရားရုံး တွင် ဝန်ခံ လိုက် ပြီး ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း မဟုတ်သောကြောင့် အပြစ် မရှိ ဟု တရားရုံး တွင် ထပ်မံငြင်းဆို လိုက်သည်။

ဒီဇင်ဘာ ၂၆ ရက် က တတိယ အကြိမ် ရုံးထုတ် စစ်ဆေး ရာ တွင် တရားသူကြီး သည် နယူး ဇီလန်နိုင်ငံသား ဖီးလစ် ကို ဗုဒ္ဓ ရုပ်ပွားတော် အား နားကြပ်တပ် ထားသော ပုံကို ဖေ့စ်ဘွတ်ခ်စာ မျက်နှာ တွင် တင်ခဲ့ ပါ သလား ဟု မေးမြန်း ရာ ဖီးလစ် က ဆိုင်ရောင်း အားမြှင့်တင် ရန် တင် ခဲ့ကြောင်း ဝန်ခံ ထွက်ဆိုခဲ့သည်။ 

ထိုသို့ တင် ရာတွင် အခြားသူများ သိရှိပါ သလား ဟု တရားသူကြီး က ထပ်မံ မေးမြန်း ရာ ဖီးလစ်က ဂူးဂဲလ် တွင် ဗုဒ္ဓ ရုပ်ပွားတော် ပုံကို ရှာဖွေ ၍ ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ် တင် ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ သည်။


 
ဗုဒ္ဓ ရုပ်ပွားတော် ကို နားကြပ် တပ်ထားသော ပုံ တင်ရာတွင် မြန်မာနိုင်ငံ ၏ ဘာသာရေး အ ကြောင်း နား လည် မှု မရှိခြင်း၊ မြန်မာနိုင်ငံ ၏ ဥပဒေ များ ကို အလုံးစုံ မသိရှိခြင်း တို့ကြောင့် တင်ခဲ့ခြင်းဖြစ်ကြောင်း ဖီးလစ် က ထွက်ဆိုခဲ့သည်။ 

ဖီးလစ် သည် ဆိုင်ရောင်းအားမြှင့်တင်ရန် သာ ရည်ရွယ်ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး ဘာသာ ရေးစော်ကား လိုမှု မရှိခြင်းကြောင့် ၎င်းတွင် အပြစ် ရှိသည်ဟု မယူ ဆကြောင်း ထွက်ဆိုခဲ့ခြင်းဖြစ် သည်။

ဗုဒ္ဓရုပ်ပွားတော် ပုံကို ဖေ့စ် ဘွတ်ခ် စာမျက်နှာပေါ် တင်ခဲ့ သော် လည်း ရဲတပ်ဖွဲ့ က ၎င်းအား မဖမ်းဆီးမီ ကပင် ပယ်ဖျက် ခဲ့ ကြောင်း ဖီးလစ်က ထွက်ဆိုခဲ့ သည်။ 

ဖီးလစ် သည် VGastro Bar ဆိုင် တွင် တစ်လ လျှင် အမေရိကန်ဒေါ်လာ ၂,၅၀၀ ရရှိပြီး   တည်းခို စရိတ် တစ်လ လျှင် အမေရိကန်ဒေါ်လာ တစ် ထောင် ရရှိကြောင်း ပြောခဲ့သည်။

မြန်မာနိုင်ငံ တွင် သက်ကြီး ရွယ်အိုနှင့် ကလေး များ၊ မိဘမဲ့ ကလေးများတွေ့ ရှိသည့် အခါ အလှူဒါန များ ပြု လုပ်လေ့ ရှိ ကြောင်း ဖီးလစ် က တရားရုံးတွင် ထွက်ဆို ခဲ့သည်။
 

ဒီဇင်ဘာ ၂၆ ရက် က ရုံး ထုတ် စစ်ဆေးရာ တွင် ဆိုင်ပိုင် ရှင် ထွန်းသူရိန်နှင့် ဆိုင်မန်နေဂျာ ထွဋ်ကိုကိုလွင် တို့ ကို လာမည့်ရုံး ချိန်းဖြစ်သည့် ၂၀၁၅ ဇန်နဝါရီ ၂ ရက်၌ စစ်ဆေးမည် ဟု တရား သူကြီးက ပြောကြား ခဲ့ သည်။

တရားစွဲဆို ခံရသူ ဆိုင်ပိုင် ရှင် ထွန်းသူရိန် သည် ဆိုင် ကိစ္စ များနှင့် ပတ်သက် ၍ အထွေထွေ မန်နေဂျာ မစ္စတာ ဖီးလစ်ထံ လွှဲ အပ်ထား သဖြင့် ၎င်း ၏ လုပ် ဆောင်ချက်နှင့် ပတ်သက်၍ အသေးစိတ် မသိရှိ ဟုပြော ဆိုပြီး ၎င်း တွင် အပြစ်မရှိ ဟု ဒီဇင်ဘာ ၁၈ ရက်က တရားရုံး ၌ ငြင်းဆို ထားသည်။ 

ဆိုင်မန်နေဂျာ ထွဋ်ကို ကိုလွင် ကလည်း အဆိုပါ ဆိုင်တွင် အလုပ် ဝင်သည် မှာ တစ်ပတ် ခန့် သာ ရှိပြီး ၎င်း တာဝန် ယူထား ရ သည့် ကိစ္စ များသည် အထွေထွေ မန်နေဂျာ ဖီးလစ် အလုပ်လုပ် သည့် ကိစ္စများနှင့် မသက် ဆိုင် သောကြောင့် အပြစ် မရှိဟု ငြင်းဆို ထားသည်။

ပုဒ်မ ၂၉၅၊ ၂၉၅(က)ဖြင့် ဗဟန်းမြို့နယ် သာသနာရေး ဦးစီး အရာရှိ၊ လူဝင်မှုကြီးကြပ်ရေး ဦးစီး ဌာန မြို့နယ် ဦးစီးမှူး ဦးရဲစိုးမြင့် က တရားလိုပြုလုပ် ၍ အမှုဖွင့် ထားခြင်းဖြစ်သည်။ ထို့ပြင် ဒေသန္တရ အမိန့် ဖောက်ဖျက်ကျူး လွန်ခဲ့ခြင်း ပုဒ်မ ၁၈၈ ဖြင့် ဗဟန်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး မှူး က တရားလိုပြုလုပ် ၍ အမှုဖွင့် ထား သည်။

ဒီဇင်ဘာ ၁၀ ရက် ညနေ တွင် ဘုရား ပုံဖြင့် ကြော်ငြာသော အဆိုပါ ဆိုင်ကို ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့ က ယာယီ ပိတ်ထား လိုက် ပြီး မြန်မာနိုင်ငံသားနှစ်ဦးဖြစ် သော ဆိုင်ပိုင်ရှင်၊ မန်နေဂျာနှင့် ဘုရားပုံ ကို လူမှု ကွန်ရက်သို့ တင် ပြီး ကြော်ငြာ ခဲ့သည့် ဆိုင်အထွေ ထွေမန်နေဂျာ နယူးဇီလန်နိုင်ငံ သားတို့ သုံးဦးကို ဖမ်းဆီး ၍ ပုဒ်မ ၂၉၅၊ ၂၉၅(က)နှင့် ပုဒ်မ ၁၈၈ တို့ဖြင့် အရေးယူခဲ့ခြင်းဖြစ်သည်။

ပုဒ်မ ၂၉၅ သည် ထောင် ဒဏ် ၂ နှစ် အထိ ချမှတ်နိုင်ပြီး အယူခံ ဝင်ခွင့် ရှိသည်။ ၂၉၅ (က) သည် ထောင် ဒဏ် ၂ နှစ် အထိ ချမှတ်နိုင်ပြီး အယူခံ ဝင်ခွင့် မရ ရှိပေ။ ပုဒ်မ ၁၈၈ သည် အယူ ခံဝင်ခွင့် ရရှိမည် မဟုတ် ဘဲ ငွေ ဒဏ်နှစ် ရာ (သို့မဟုတ်)ထောင် ဒဏ် တစ်လ အထိ ချမှတ်နိုင် ကြောင်း ရှေ့နေဦးခင်ဇော် (မရမ်း ကုန်း) က ပြောသည်။



Credit : 7day Daily
From... http://www.searchmyanmar.com/link/frame/cid/45215

No comments:

Post a Comment