Tuesday, December 30, 2014

တေးနုယဉ် ၏ နောက်ဆုံး ခရီး {ခန္ဓာကိုယ် အနှံ့ ဒဏ်ရာ ဒဏ်ချက် များကို နာရေး ပို့သူများမြင်တွေ့ ခဲ့ရ }

 
 
ရုပ်အလောင်း ကို မီးသဂြိုဟ်စက် အတွင်း ထည့်ခါနီး တွင် တွေ့ရစဉ်(ဓာတ်ပုံ - ကျော်ဇင်သန်း)

ရန်ကုန်ဆေးရုံကြီး ရေခဲတိုက် အတွင်း အမျိုးသမီး တစ်ဦး၏ ရုပ်အလောင်း ကို တာဝန်ကျ ၀န်ထမ်း တစ်ဦးက သနပ်ခါး များ ထူပိန်းစွာ လိမ်းပေးနေသည်။ သနပ်ခါး များ  ထူပိန်းနေသည့် ကြားကပင်  ညိုမည်းနေသော ဒဏ်ရာ ဒဏ်ချက် များကို မြင်တွေ့နေရဆဲဖြစ်သည်။

မျက်နှာပြင် တစ်ခုတည်း မက လက်၊ လည်ပင်း၊ ရင်ဘတ်နှင့်  ကျောဘက် များ တွင်လည်း အညို အမည်း ဒဏ်ရာ များစွာ ကို အထင်း သားမြင်တွေ့နေရသည်။

ထို အမျိုးသမီး မှာ လွန်ခဲ့သည့်လေးရက် ခန့်က သရုပ်ဆောင် မင်းအုပ်စိုး ၏ လက်ချက်ဖြင့် သေဆုံး ခဲ့ရသည့် သရပါ မဂ္ဂဇင်း အယ်ဒီတာ မတေးနုယဉ် (ခ) နုနုယဉ်ဖြစ်သည်။ ဒီဇင်ဘာ ၂၉ ရက် က မနုနုယဉ် ၏ နာရေး ကို  မိသားစုဝင် များ က ရေဝေး သုသာန်၌ပြုလုပ် ခဲ့သည်။


 
‘‘မှုခင်း ဆရာဝန်တွေ ရဲ့ပြော စကား အရ ရင်ဘတ်က အရိုးတွေ အကုန် ကျိုးနေတယ်။ အသည်း တွေ ၊ နှလုံးတွေ အကုန် ပွင့်ထွက် သွားတယ်။ အဆုတ် မှာ ညိုမည်း နေတယ်။ ခေါင်းရဲ့ဘယ်ဘက် တစ်ခြမ်း လုံးက ညိုမည်းနေ တယ်။ 

ညာဘက် မျက်လုံး က ချိုင့်နေ တယ်။ အဲဒါတွေ ကတော့ မျက်မြင် ကိုယ်တွေ့တွေ့ ခဲ့ရတာ။ လက်သီး နဲ့ထိုး ရုံ နဲ့တော့ ဒီလို ကျိုးကြေသွား တာ မဖြစ်နိုင်ဘူး’’ဟု မနုနုယဉ် ၏ ဦးလေး ဦးအောင်ကျော်ထွား က ပြောသည်။

မနုနုယဉ် ၏  နာရေး သို့လာ ရောက်ပြီး အလောင်း ကို မျက်မြင် တွေ့ခဲ့သူ များကလည်း ယင်းဒဏ် ရာများမှာ သာမန် ထိုးကြိတ်ဒဏ် ရာများ မဟုတ်နိုင်ကြောင်း အသီး သီး မှတ်ချက်ပြုနေကြသည်။

မနုနုယဉ် ၏ နာရေး အတွက် မင်းအုပ်စိုး ၏ မိသားစု ဘက် မှ တာဝန်ယူမည် ဟု ပြောခဲ့သော် လည်း သေ ဆုံး သူ မိသားစု ဘက်က လက်မခံ ခဲ့ဘဲ မိသားစုဝင် များက သာ တာဝန်ယူ ကျင်းပခဲ့ကြောင်း ဦးအောင်ကျော်ထွား က ပြော သည်။


‘‘မင်းအုပ်စိုး ရဲ့ မိသားစု ဘက် ကနေ ပြီးခဲ့တဲ့ သုံးရက် လောက် က အသုဘကိစ္စ ကို လုပ် ပေးမယ် လို့ပြောပေ မယ့် လက်မခံ ခဲ့ပါဘူး။ မိသားစု ၀င်တွေ ကိုယ် တိုင်လုပ်နိုင်တယ် ဆိုတာကို လည်းသိစေချင် လို့ပါ။ ကိုယ့်ဇာ တိ မဟုတ်လို့ ခက်ခဲမှုတွေ ရှိပေ မယ့် နုနု ရဲ့ သူငယ်ချင်းတွေ က လည်း ကူညီကြပါတယ်’’ဟု ၎င်းကပြောသည်။

မနုနုယဉ် ၏ မိခင်ဖြစ်သူ မှာ ကျန်းမာရေး အခြေ အနေကြောင့်  သမီးဖြစ်သူ ၏ နာရေးကို လိုက်ပါ ပို့ဆောင်နိုင်ခြင်း မရှိသော်လည်း မိသားစု ၀င်များနှင့် ရင်းနှီးသူ သုံး ဆယ်ခန့် လိုက်ပါ ပို့ဆောင်ခဲ့ကြ သည်။

‘‘အဒေါ် က ကျန်းမာရေး မ ကောင်းတော့ ခေါ်လာရင် အဒေါ့် ကိုပါ ဆုံးရှုံး ရမှာ စိုးလို့ ခေါ်မလာ တာပါ’’ဟု မနုနုယဉ် ၏ မိသားစု ၀င် တစ်ဦးက ပြောသည်။ အမှုနှင့် ပတ်သက် ၍ အမှုမှန်ပေါ်ပေါက်ပြီး အမှန် အတိုင်းဖြစ်စေရန် လည်း မိ သားစု ဘက်က တောင်းဆို ထား သည်။

‘‘အစ်မ က သူ့ သမီးလည်း မရှိ တော့ဘူး။ ကျန်းမာရေးလည်း မ ကောင်းဘူး ဆိုတော့ နယ်ကို ပြန် ခေါ် သွားတော့ မယ်။ အမှု အတွက်  အတတ်နိုင်ဆုံး အမှန် အတိုင်းဖြစ် အောင် လုပ်သွားမယ်’’ဟု ဦးအောင်ကျော်ထွား က ပြောသည်။

ရေဝေးသုသာန် တွင် မနုနုယဉ် ၏ ရုပ်အလောင်း ကို လာ ရောက်ကြည့်ရှုသူ များပြားခဲ့ပြီး အ များစု က သေဆုံး သူကို သရုပ်  ဆောင် မင်းအုပ်စိုး ၏ ညီမ ၀မ်းကွဲ ထင်မှတ် သူများလည်း ရှိခဲ့သည်။

ဒီဇင်ဘာ ၂၆ရက် တွင် သက် ဆိုင်ရာ က မင်းအုပ်စိုးနှင့် မနုနုယဉ် တို့မှာသွေးသား မတော်စပ်ကြောင်း အတည်ပြုပေး ခဲ့ပြီး မိသားစုဝင် များကလည်း ဒီဇင်ဘာ ၂၈ ရက်က ပြုလုပ် ခဲ့သော သတင်းစာ ရှင်းလင်းပွဲ တွင် သေဆုံး သူနှင့် မင်း အုပ်စိုးသွေးသားတော်စပ်မှု မရှိ ကြောင်း ရှင်းလင်း ခဲ့သည်။

သေဆုံးသူ ၏ မိသားစုဝင် များ ကလည်း ထွက်ပေါ်နေသော သတင်းများ မှာသေဆုံး သူ၏ ဂုဏ် သိက္ခာနှင့် မိသားစု အပေါ် အထင် အမြင် လွဲမှားမှုများဖြစ်စေနိုင် သ ဖြင့်အမှန် တရားပေါ်ပေါက်စေ လို ကြောင်းပြော ကြားထားသည်။

မနုနုယဉ် ၏ နာရေး ကို မင်း အုပ်စိုး ၏ မိသားစု ဘက်မှ လာ ရောက်ခဲ့ခြင်း မရှိသော်လည်း မင်း အုပ်စိုး ရုံးထုတ် ရမန် ယူခဲ့စဉ် မင်း အုပ်စိုး ကို ဗဟန်းမြို့နယ် တရားရုံး သို့ ပို့ပေးခဲ့ သည့် လန့်ခရူဇာ အဖြူ ရောင် ကား ကိုတွေ့ရှိ ခဲ့ပြီး အမျိုး သမီးနှစ်ဦး ၊ အမျိုးသားနှစ်ဦး မီးသင်္ဂြိုဟ် ခါနီးညနေ ၃နာရီတွင် ရောက်ရှိလာသည်။

‘‘အစ်မ က ကို မင်းအုပ်စိုး ရဲ့ မိသားစုဝင်တော့ မဟုတ်ပါဘူး။ သူတို့နှစ်ယောက် စလုံး နဲ့ ရင်းနှီး တဲ့ သူပါ။ ဒီကိစ္စ ကို မျက်မြင်တွေ့ တဲ့ သူတစ်ယောက် မဟုတ်တော့ ဘာ မှတော့ မပြောချင်ပါဘူး။ ခုလည်း ယောနု ကို အရမ်းခင်လို့ လာခဲ့တာ ပါ။ 

ဒီနေ့သင်္ဂြိုဟ်မှာ ကို ကိုမင်း အုပ်စိုးဘက် က မိသားစုတွေ မသိ လောက်ဘူး။ အစ်မတောင် စုံစမ်း ပြီး သိလို့ လာခဲ့တာ’’ဟု ကားနှင့် လိုက်ပါ လာသည့်အမျိုးသမီး က ပြောသည်။

‘‘အရင်ရုပ် ကိုတောင် ဖမ်း လို့ မရတော့ ဘူး’’ဟု အညို  အမည်း ဒဏ်ရာများ မပေါ်စေရန် သနပ်ခါး လိမ်းပေး ထားသည့် မနုနုယဉ် ၏ မျက်နှာ ကိုကြည့် ၍ နာရေး သို့ လိုက်ပါ ပို့ဆောင်ခဲ့သည့် အမျိုးသမီး တစ်ဦး ကပြော သည်။

‘‘စခန်းမှူးကြီး ကတော့ အမှု ကို အမှန် ကန်ဆုံးဖြစ်အောင် ကူညီပေးမယ် လို့ပြောသွားပါ တယ်။ အမှုနဲ့  ပတ်သက် ပြီး တခြား အကြောင်း အရာတော့မပြော သွားဘူး။ သူတို့ဘက် က လာပြီး အကြောင်းကြားတဲ့ ကိစ္စတွေကို တော့ ကျွန်တော့် အစ်မ(မနုနုယဉ် ၏ မိခင်) ကိုမေးသွားတယ်’’ဟု ဦးအောင်ကျော်ထွား ကပြောသည်။

မနုနုယဉ် သည် ဒီဇင်ဘာ ၂၅ရက် နံနက် ၂နာရီ ခွဲက ဗဟန်းမြို့နယ် ဖိုးစိန်လမ်း ရှိသရုပ်ဆောင် မင်းအုပ်စိုး ၏နေအိမ် ၌ အသတ် ခံရ၍သေဆုံး သွားပြီး မင်းအုပ်စိုး ကို လူသတ်မှု ပုဒ်မ ၃၀၂ဖြင့် ဗဟန်း မြို့မ ရဲစခန်း တွင်အမှုဖွင့် အရေး ယူထားသည်။

မင်းအုပ်စိုး ကို ဒီဇင်ဘာ ၂၆ ရက် တွင် ဗဟန်းမြို့နယ် တရားရုံး ၌ ရုံးထုတ် ရမန် ယူခဲ့ပြီး ၂၀၁၅ ဇန်န၀ါရီ ၈ရက် တွင် ရဲစစ်ချက် များ ပြီးပါ က ထိုနေ့ မှာပင် ရုံးထုတ် ၍ တရားစွဲဆို သွားမည်ဖြစ်သည်။




 ဇွဲဉာဏ်
From...Search Myanmar
 http://www.searchmyanmar.com/link/frame/cid/45293


No comments:

Post a Comment