Saturday, December 13, 2014

တောင်ကိုရီးယား တက္ကသိုလ် က ဦးသိန်းစိန် အား ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်

ဂုဏ်ထူးဆောင် ဘွဲ့ဝတ်စုံနှင့် သမ္မတ ဦးသိန်းစိန် ကိုတွေ့ရစဉ် (ဓာတ်ပုံ − Ye Htut FB)



 မြန်မာနိုင်ငံ ၏ ပြုပြင် ပြောင်းလဲရေး တွင် အောင်မြင်မှု များကြောင့် တောင်ကိုရီးယား နိုင်ငံ၊ ဘူဂယောင်း အမျိုးသား တက္ကသိုလ် က သမ္မတ ဦးသိန်းစိန် အား နိုင်ငံရေး ဆိုင်ရာ ဂုဏ်ထူး ဆောင်ဘွဲ့ ချီးမြှင့်ခဲ့ကြောင်း သတင်း ရရှိသည်။

ဒီဇင်ဘာ ၁၁ ရက် က တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့တွင် (၂၅) ကြိမ်မြောက် အာဆီယံ- ကိုရီးယား ထိပ်သီး အစည်းအဝေး သို့ တက်ရောက်နေ သည့် သမ္မတ ဦးသိန်းစိန် အား အဆိုပါ တက္က သိုလ်က ဂုဏ်ထူးဆောင်ဘွဲ့ ချီး မြှင့်ခဲ့ကြောင်း သမ္မတ ၏ ပြောခွင့် ရပုဂ္ဂိုလ် ဦးရဲထွဋ် က ပြောသည်။ 

‘‘ပြုပြင်ပြောင်းလဲမှု များ အောင်မြင်မှုကြောင့် ပေးတာဖြစ် တယ်။ ဒီ ဂုဏ်ထူးဆောင် ဘွဲ့က လက်ရှိ ကိုရီးယား သမ္မတ (မစ္စ ပတ်ဂွန်ဟေး) ကို လည်း ဒီ တက္က သိုလ်က ပေးထားတယ်’’ဟု ၎င်း ကပြောသည်။



အာဆီယံ−ကိုရီးယားဆွေး နွေးဘက် (၂၅) နှစ်ပြည့် အထိမ်း အမှတ် အဖြစ် အာဆီယံ−ကိုရီးယား မဟာ ဗျူဟာမြောက် ထိပ်သီး အစည်းအဝေး ကို တောင်ကိုရီး ယားနိုင်ငံ ဘူဆန် မြို့တွင် ဒီဇင်ဘာ ၁၁ ရက်နှင့် ၁၂ ရက် နှစ်ရက်ကြာ ကျင်းပလျက် ရှိပြီး သမ္မတ ဦးသိန်းစိန် က အာဆီယံ ဥက္ကဋ္ဌ အဖြစ် တက်ရောက်နေခြင်းဖြစ် သည်။ 

ဘူဂယောင်း တက္ကသိုလ် သည် ပြည်တွင်း ၊ပြည်ပနိုင်ငံရေး နယ်ပယ် အသီးသီး တွင် ပြုပြင် ပြောင်း လဲရေးဆောင် ရွက် သူများ အား အဆိုပါ ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်လေ့ ရှိကြောင်း ယင်းတက္က သိုလ်၏ ၀က်ဘ်ဆိုက် စာမျက်နှာ တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ တွင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး အတွက် လွှတ်တော်၊ နိုင်ငံရေး အင်အားစု များ၏ တွေ့ ဆုံဆွေးနွေး ရန် တောင်းဆိုမှု များ အား သမ္မတ ဦးသိန်းစိန် က လက်မခံသေး ဘဲ စဉ်းစားနေချိန် ၌ ယခု ဒေါက်တာဘွဲ့ကို ရရှိခဲ့ခြင်းဖြစ် သည်။ 

သမ္မတ ဦးသိန်းစိန်နှင့် သမ္မတ ပတ်ဂွန်ဟေး တို့သည် နို ၀င်ဘာ ၁၁ ရက် နံနက် က သီး သန့်တွေ့ဆုံ ခဲ့ပြီး အစိုးရ ချင်းသာ မက ပြည်သူ၊ လွှတ်တော်၊ တပ်မ တော် တို့ အချင်းချင်း အပြန်အ လှန်ပူးပေါင်းရေး ၊ ကျေး လက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာ နိုင်ငံ ၏ စိုက်ပျိုးရေးနှင့် မွေးမြူ ရေး ထုတ်ကုန်များ ကို တန်ဖိုးမြှင့် ထုတ်လုပ်နိုင် ရန် အသေးစားနှင့် ကုန်သွယ်မှု ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ ဆိပ်ကမ်းနှင့် ရေ လမ်း ကြောင်း ဖွံ့ဖြိုး တိုးတက်ရေး၊ လျှပ် စစ်နှင့် စွမ်းအင် ကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေး တို့ကို ဆွေးနွေးခဲ့သည်။

ထို့အပြင် ကိုရီးယား ကျွန်း ဆွယ် တည်ငြိမ်အေးချမ်းရေးနှင့် အဏုမြူ   လက်နက် မပြန့်ပွားရေး တို့တွင်လည်း အာဆီယံ ရပ်တည် ချက် အတိုင်း မြန်မာနိုင်ငံ က ရပ် တည်နေကြောင်း သမ္မတ နှစ်ဦး တွေ့ဆုံမှု တွင် ဆွေးနွေး ခဲ့သည် ဟု ဦးရဲထွဋ် ကပြောသည်။



အေးသူစံ
7Day Daily

No comments:

Post a Comment