Saturday, December 13, 2014

တန်ဖိုးနည်း အိမ်ရာနှင့် အိမ်ရာ ဝယ်ယူရေး ပံ့ပိုးရန် ဆောက်လုပ်ရေးဘဏ် က ဂျပန်ကုမ္ဗဏီ တစ်ခု ထံမှ နှစ်ရှည် ချေးငွေ ကန်ဒေါ်လာ ၁၀ သန်း ရယူမည်


ရန်ကုန် (မဇ္ဈိမ)။ ။ တန်ဖိုးနည်း အိမ်ရာ စီမံကိန်း များကို အကောင် အထည်ဖော်ရန် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်က ဂျပန်နိုင်ငံ အခြေစိုက် Sawada Holdings Co., Ltd. မှ ကန်ဒေါ်လာ ၁၀ သန်း ချေးငွေ ရယူသွားမည် ဟု ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ် ၏ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းဇော် က မဇ္ဈိမကို ပြောသည်။

 Cheap-Building-1


ဒဂုံမြို့သစ်မြောက်ပိုင်း ဗိုလ်ဗထူး တန်ဖိုးသင့်အိမ်ရာကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)ဒေသအချို့တွင် တန်ဖိုးနည်း အိမ်ရာများ ဆောက်လုပ်ရန် နိုင်ငံတကာ ချေးငွေများ ထပ်မံရယူမည် ဖြစ်သည်။


ဒီဇင်ဘာ ၁၀ ရက် တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၌ ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်နှင့် Sawada Holdings Co., ltd. တို့ အကြား ချေးငွေ ဆိုင်ရာ နားလည်မှု သဘောတူ စာချုပ် လက်မှတ်ရေး ထိုး ခဲ့ပြီး ဖြစ်သည်။
 
ဂျပန် ကုမ္ပဏီ အုပ်စု မှ ရရှိသည့် ချေးငွေဖြင့် မြန်မာနိုင်ငံ အတွင်း လိုအပ်လျက် ရှိသည့် တန်ဖိုးနည်း အိမ်ရာ စီမံကိန်း များ တည်ဆောက်ရေး လုပ်ငန်းနှင့် အိမ်ရာ ဝယ်ယူရေး အတွက် အတိုးနှုန်း သက်သက် သာသာဖြင့် နှစ်ရှည်ချေးငွေ များကိုဘဏ် က ထုတ်ပေးနိုင်ရေး အတွက် စီစဉ်ဆောင်ရွက် သွားမည်ဟု ဘဏ် ၏ တာဝန် ရှိသူက ဆိုသည်။



ဦးဝင်းဇော် က “နိုင်ငံမှာ လိုအပ်တဲ့ အိမ်ရာ စီမံကိန်းတွေ တည်ဆောက်ဖို့ က အစိုးရ ဘက်က အပြင် နိုင်ငံ တကာ ရဲ့ ချေးငွေ အကူအညီတွေ အဓိက လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဘဏ်အနေ နဲ့ ပြည်ပ က ချေးငွေ ရယူပြီး အိမ်ရာ စီမံကိန်းတွေ ကို တိုးမြှင့်လုပ်ဆောင် သွားမယ်” ဟု ပြောသည်။

ထိုသို့ ချေးငွေရယူခြင်း သည် နိုင်ငံတကာ မှ ပထမဦးဆုံး အကြိမ် ချေးငွေ ရယူခြင်းဖြစ်ပြီး ရန်ကုန်၊ မန္တလေး မြို့ကြီး များတွင်သာမက အခြားမြို့ကြီးများ တွင်လည်း ပြည်သူ များ လက်လှမ်း မီနိုင်မည့် အိမ်ရာ စီမံကိန်း များ ကို ဆက်လက် အကောင် အထည်ဖော်ရန် နိုင်ငံတကာ မှ ချေးငွေများ ဆက်လက် ရယူသွားမည့် အစီ အစဉ်များ ရှိသည်ဟု ၎င်းက ဆက်လက်ပြောသည်။

လက်ရှိ အချိန်တွင် ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ် သည် အစိုးရ က တည်ဆောက်လျက် ရှိသည့် တန်ဖိုးနည်း အိမ်ရာ စီမံကိန်းများ ၌ ပါဝင်လျက် ရှိပြီး ၎င်း တန်ဖိုးနည်း အိမ်ရာစီမံကိန်း များမှ အခန်းများကို ဝယ်ယူနိုင်ရေး အတွက် နှစ်ရှည်ချေးငွေပေးရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်။


ယင်းဘဏ် ကို ဆောက်လုပ်ရေး ၀န်ကြီးဌာန ၏ ကြီးကြပ်မှုဖြင့် အစိုးရ မတည်ငွေ ၁၄ ရာခိုင်နှုန်းနှင့် ပုဂ္ဂလိ က ဆောက်လုပ်ရေး ကုမ္ပဏီ များ၏ မတည်ငွေ များဖြင့် ၂၀၁၃ ခုနှစ်၌ မတည်ငွေ ရင်း ကျပ် ဘီလီယံ ၁၀၀ ဖြင့် စတင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။



 Written by  သီဟကိုကို
From...Search Myanmar
 http://www.searchmyanmar.com/link/frame/cid/44611





No comments:

Post a Comment