Tuesday, December 30, 2014

အဲအေးရှား လေယာဉ် မှ ရုပ်အလောင်း (၄၀)ကျော် ကို အင်ဒိုနီးရှား စစ်သင်္ဘော ဆယ်ယူ

အပျက်အစီးများ ရှာဖွေတွေ့ရှိသည့်နေရာပြမြေပုံ

အဲအေးရှား လေယာဉ် ခရီးစဉ် အမှတ် QZ8501 ကို လိုက်လံ ရှာဖွေနေသည့် အင်ဒိုနီးရှား စစ်သင်္ဘော တစ်စီး သည် လေယာဉ်ပျက် မှ ရုပ်အလောင်း (၄၀)ကျော် ကို ပြန်လည် ဆယ်ယူနိုင် ခဲ့ကြောင်း သတင်းရရှိ သည်။

လေယာဉ်ပျောက်ဆုံးပြီး တတိယနေ့ ၊ ဒီဇင်ဘာ ၃၀ တွင် လေယာဉ်ပျက် မှ ဟု အခိုင်အမာ ယူဆ ရသည့် အပျက် အစီး အစိတ် အပိုင်းများနှင့် ရုပ်အလောင်းများ ကို စတင် တွေ့ရှိလာပြီ ဖြစ်သည်။

“ရေတပ် ရဲ့ ရေဒီယို ကနေ တစ်ဆင့် အဆက် အသွယ် ရပါတယ်။ အင်ဒိုနီးရှား စစ်သင်္ဘော ဘွမ်တိုမို ဟာ အလောင်း(၄၀)ကျော် ကို ဆယ်ယူ ထားပါပြီ။ အရေ အတွက် က ဒီထက် တိုးလာဦး မှာပါ။ သူတို့တွေ လောလောဆယ် အရမ်း အလုပ်များနေပါတယ်”ဟု ရေတပ် ပြောရေး ဆိုခွင့်ရ အရာရှိ မာနာဟန် ဆီမိုရန်ကာ က ပြောကြားခဲ့သည်။


 
လေယာဉ်ပေါ် ပါသွား သူ (၁၆၂) ဦး၏ ကျန်ရစ်သူ မိသားစု များ အတွက် ယခု သတင်းက လက် ကျန်မျှော်လင့် ချက် ငွေ့ငွေ့ ကို ပျက်သုဉ်း သွားစေခဲ့သည်။ 

အင်ဒိုနီးရှား ရုပ်မြင်သံကြား ဌာန တစ်ခု က ရေပြင်ပေါ်တွင် ပေါလောမျောနေ သည့် ရုပ်အလောင်း တစ်ခုကို ရှာဖွေရေး အဖွဲ့၏ လေယာဉ်ပေါ် မှ ရိုက်ကူး ထားသည့် ဗီဒီယို ကို ထုတ်လွှင့် ပြသခဲ့သည်။

A320-200 အမျိုးအစား လေယာဉ် သည် အင်ဒိုနီးရှား မှ စင်ကာပူ သို့ ပျံသန်းနေစဉ် ရာသီဥတု ဆိုးရွား မှုကြောင့် ဟု ယူဆ ရသော အခြေအနေ တွင် ပျက်ကျ  ခဲ့ခြင်း ဖြစ်နိုင်ပြီး ဂျာဗား ပင်လယ် ထဲတွင် ဒီဇင်ဘာ ၃၀ တွင် မှ လေယာဉ်နှင့် ပတ်သက် သည့် သဲလွ န်စ အစိတ်အပိုင်းများ စတင်တွေ့ရှိလာခြင်း ဖြစ်သည်။



_Ref: Channelnewsasia
From... http://www.searchmyanmar.com/link/frame/cid/45333
 

No comments:

Post a Comment