Friday, December 5, 2014

အဘပြောဘူး တဲ့ အနားယူခြင်း ပုံပြင်


တစ်ခါတုန်း က အလက်ဇင်းဒါး သဂရိတ် လို့ခေါ်တဲ့ စစ်သူရဲကောင်းကြီး တစ်ဦး ရှိခဲ့ ဘူးတယ်။ တစ်နေ့မှာ သူဟာ မြစ်ဆိပ် တစ်ခုကို လမ်းလျှောက်ရင်း မြစ်ကမ်း နဖူး သဲပြင်ပေါ် မှာ အ၀တ် အစား ဗလာကျင်း တုံးလုံး လှဲအိပ်နေ တဲ့ ဒိုင်အိုဂျင် ဆိုတဲ့ သူတောင်းစား တစ်ဦးကို မြင်တွေ့ရတယ်။

အဲဒီ စစ်သူရဲကောင်းကြီး ကလည်း အဲဒီ သူတောင်းစား ဒိုင်အိုဂျင် ကို သိပါတယ်။ အဲဒီ ဒိုင်အိုဂျင် ဟာ ကိုယ်လုံး ကိုယ် ပေါက် အလွန် လှတယ်။ မျက်နှာ ကလည်း ဥပဓိရုပ် အလွန်ကောင်းတယ်။ အဲဒီတော့ စစ်သူရဲကောင်း အလက်ဇင်း ဒါးသဂရိတ် က...“ အို.... ဆရာသမား၊ ကျုပ် ဘာ များ ခင်ဗျား အတွက် လုပ်ပေး ရမလဲ ” လို့ ရိသဲ့သဲ့ စကားမျိုး နဲ့ မေး လိုက်တယ်။

အဲဒီ အခါ မှာ သူတောင်းစား ဒိုင်အိုဂျင် က “ အလက်ဇင်းဒါး သဂရိတ် ဆိုတဲ့ လူ ကို ပြောချင် တာက ဘာမှ လုပ်မ ပေးပါ နဲ့။ ဒီနား က နည်းနည်း ဖယ်ပေးစမ်း ပါ။ နေဆာလှုံနေတာ အရိပ်ကွယ် လို့ပါ။ ဒီ့အပြင် ဘာမှ လုပ်ပေးစရာ မလိုပါဘူး ” လို့ ပြန်ပြော လိုက်တယ်။ အဲဒီတော့ စစ်သူရဲကောင်း အလက်ဇင်းဒါး သဂရိတ် က နေရိပ် မကွယ် အောင် နေရာ ဖယ်ပေး လိုက်တယ်။



အဲဒီ အခါမှာ သူတောင်း ဒိုင်အိုဂျင် က “ တလော တုန်းက တပ်တွေ ပြင်နေတာ ကို ကျုပ်တွေ့ရတယ်။ အဲဒါ ဘာ လုပ် မလို့လဲ ” လို့ မေးလိုက်တယ်။ အဲဒီတော့ အလက်ဇင်းဒါး သဂရိတ် က တခြား မဟုတ်ပါဘူး ဒိုင်အိုဂျင် ရယ်။ အိန္ဒိယ ကို တိုက်မလို့ ။ အိန္ဒိယ ကို တိုက်လို့ နိုင်ပြီ ဆိုရင် ကမ္ဘာတစ်ခုလုံး ကို နိုင်တာနဲ့ အတူ တူပဲ” လို့ ပြန်ပြီး ပြော လိုက်တယ်။

အဲဒီ အခါ မှာ ဒိုင်အိုဂျင် က “ အိန္ဒိယ ကို နိုင်ပြီပဲ ထားပါတော့ ၊ ဘာလုပ် ဦးမှာလဲ” လို့ အလက်ဇင်းဒါး သဂရိတ် ကို မေးလိုက်တယ်။ အဲဒီ အခါမှာ အလက်ဇင်းဒါး သဂရိတ် က “အိန္ဒိယ ကို အောင်နိုင်ပြီ ဆိုမှတော့ ကျုပ် အနား ယူမှာ ပေါ့” လို့ ပြန်ပြီး ဖြေလိုက်တယ်။ အဲဒီ အခါမှာ ဒိုင်အိုဂျင် က ဟက်ဟက်ပက်ပက် ရယ် လိုက်တယ်။

ခင်ဗျား က အရူးပဲ၊ အနား ယူဖို့ ကိစ္စ မှာ အိန္ဒိယ ကို အောင်နိုင်ဖို့ ဆိုတဲ့ အကြောင်း မပါဘူး။ ဘယ်သူမဆို အနားယူ ခွင့်ရှိတယ်။ အိန္ဒိယ ကို အောင်နိုင်မှ အနားယူ ရမယ် လို့ ခင်ဗျား ကို ဘယ်လို ဆရာ သမားမျိုးက သင်ပေး လို့လဲဗျာ ဒီမှာ ကြည့်စမ်း။ ခု... ကျုပ် အနားယူနေပြီ၊ အိန္ဒိယ ကိုလည်း မအောင်နိုင် ပါဘူးဗျာ၊ လွတ်လွတ်  လပ် လပ် အနားယူခွင့် ကျုပ်မှာ ရှိတယ်။

ခင်ဗျား နားရ မဲ့ အချိန် ဟာ ဒီအချိန် ပဲ။ အိန္ဒိယ ကို အောင်နိုင်ပြီး မှ နားရမယ် ဆိုရင်တော့ ခင်ဗျား နားရမှာ မဟုတ် ဘူး။ အိန္ဒိယ ကို အောင်နိုင်ပြီး လည်း တခြား အောင်နိုင်စရာတွေ ကို ခင်ဗျား လုပ်ရဦးမယ်။ ဘယ်တော့ မှ နားရ မယ့် လူစားမျိုး မဟုတ်ဘူး၊ အဲဒီ လိုပဲ စစ်ချီရင်း လမ်းမှာ သေရမှာပဲ” လို့ ပယ်ပယ် နယ်နယ်ကြီး ပြောချ လိုက်တယ်။ ခင်ဗျား လုပ်ရမယ့် အလုပ်တွေ မပြီးခင် ခင်ဗျားသေ မှာ၊ ကျုပ်ပြောတာ မယုံ စောင့်ကြည့်” လို့ ဒိုင်အိုဂျင် က ဆက် ပြီး ပြောလိုက်တယ်။

အဲဒီတော့ အလက်ဇင်းဒါး သဂရိတ် က “ဒိုင်အိုဂျင်းပြောတာ ကျုပ်မှတ် ထားပါမယ် ဒီလို ပြောပြတဲ့ အတွက် ကျေး ဇူးလည်း တင်ပါတယ် ၊ ဒါပေမဲ့ ခုတော့ အိန္ဒိယ ကို အောင်နိုင်ဖို့ သွားရဦးမယ်ဗျို့” လို့ ပြောပြီး ထွက်သွားတယ်။ အမှန်တကယ်ပဲ အလက်ဇင်းဒါး သဂရိတ် က လမ်းမှာပဲ ဆုံးသွားတယ်။ 


အိမ်ကို ပြန်မရောက်တော့ဘူး။ အလက် ဇင်းဒါး သဂရိတ် သေဆုံးတဲ့နေ့ မှာပဲ ဒိုင်အိုဂျင်း လည်း သေဆုံး သွားပါတယ်။ သူတို့ နှစ်ဦးဟာ သေလွန်ပြီးတဲ့ နောက်ပိုင်း တမလွန် ဘ၀ မှာပြန်ပြီးတွေ့ကြတယ်။ အဲဒီ အခါမှာ အလက်ဇင်းဒါး သဂရိတ် က ရှက်ကိုး ရှက်ကန်း နဲ့ “ဟော...စစ် သူရဲကောင်းနဲ့ သူတောင်းစား တစ်ဦး ပြန် ပြီး ဆုံကြပြန်ပြီ” လို့ ပြောလိုက်တယ်။

အဲဒီ အခါမှာ ဒိုင်အိုဂျင်း က “ပြန်ပြီး ဆုံ တာတော့ မှန်တယ်ဗျို့၊ ဒါပေမဲ့ ခင်ဗျာ ရဲ့ တွေးထင် ချက်တွေဟာ လွဲနေ တယ်။ ခင်ဗျား နဲ့ ကျုပ်နဲ့ နှစ်ယောက် ဟာ ဘယ်သူ ဟာ သူတောင်းစား ၊ ဘယ်သူဟာ ဧကရာဇ် ဖြစ် တယ်ဆိုတာ ခင်ဗျား သဲသဲ ကွဲကွဲ သဘောပေါက်ပုံ မရဘူး။

ကျုပ်ဟာ လွတ်လတ် တယ်။ ပြီးတော့ ကျုပ်ဘ၀ ကို ကျုပ် ကျေနပ်တယ်။ အပြည့် အ၀ အသက်ရှင်တယ်။ ခင်ဗျား ဟာ ဒီလို မဟုတ်ဘူး။ အောင်နိုင်မှု့တွေ အတွက် ကြိုးစားရင်း ခင်ဗျား ဘ၀ကို ခင်ဗျား မကျေနပ်ဘူး။ အဲဒီတော့ ခင်ဗျား ဟာ အစဉ် သဖြင့် လိုအပ်မှု့တွေနဲ့ ပြည့်လျှမ်းနေတယ်။ ကျုပ်ဟာ ဘာမှ မလိုအပ်ဘူး။ ဒါကြောင့် ကျုပ် ဟာ သူတောင်းစား မဖြစ်နိုင်ဘူး။ ဖြစ်ချင်ဖြစ်ရင် ဟဲ...ဟဲ... မပြောတော့ပါ ဘူးလေ ...လို့ ပြန်ပြီး ပြောလိုက်တယ်။ ပုံပြင် ကတော့ ဒီမှာ အဆုံးသတ်ခဲ့ပါတယ်။

ကျွန်တော်တို့ တစ်တွေ ကတော့ ဒါကို ပုံပြင် လို့ မယူဆ ခဲ့ ကြပါဘူး...မိတ်ဆွေတို့ ကတော့ ကြိုက်သလို ယူဆနိုင်ပါ ကြောင်း....




မင်းသိင်္ခ ၏ ၀တ္ထုတိုများ

From... ဆ၇ာ ဟိန်းတင့်ဇော်











No comments:

Post a Comment