Thursday, December 25, 2014

တရားမ၀င် ကန်ထရိုက် တိုက်များအား လျှပ်စစ်မီး မပေးရန် စီစဉ်



တရားမ၀င်ဆောက်လုပ်သော ကန်ထရိုက်တိုက် အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ− ဇေနွေထွန်း)



တရားမ၀င် ကန်ထရိုက် တိုက် အားလုံးအား လျှပ်စစ်မီး မပေးရန် ရန်ကုန်မြို့တော်လျှပ်စစ် ဓာတ်အားပေး အဖွဲ့နှင့် ညှိနှိုင်းနေကြောင်း အင်ဂျင်နီယာနှင့် အ ဆောက်အအုံ ဌာနမှ ဌာနမှူးဦး သန်းဌေး က ပြောသည်။
 
တရားမ၀င် တည်ဆောက် ထားသည့် တိုက်များကို ရန်ကုန်မြို့တော် စည်ပင်က တရားစွဲဆို နေစဉ် ယခုကဲ့သို့ လျှပ်စစ်မီး မရရှိစေရန် ဆွေးနွေးနေခြင်းဖြစ် ကြောင်း ဦးသန်းဌေး က ဒီဇင်ဘာ ၂၄ရက် မြို့တော်ခန်းမ တွင် ပြု  လုပ်သည့် သတင်းစာရှင်းလင်းပွဲ ၌ ပြောကြားလိုက်ခြင်းဖြစ်သည်။
 
လက်ရှိ ရန်ကုန်မြို့တော် အ တွင်း တရားမ၀င် တည်ဆောက် ထားသောကြောင့် တရားစွဲ ဆို ထားသည့် ကန်ထရိုက် တိုက် အ လုံးရေနှစ်ထောင်ကျော် ရှိပြီး ၃၇ လုံး အား ဖျက်သိမ်း ထားကြောင်း ဦးသန်ဌေးက ဆိုသည်။
 
တရားမ၀င် ကန်ထရိုက် တိုက် အများစု မှာ မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ လှိုင်မြို့နယ် တို့ တွင် အများ ဆုံးဖြစ်ပြီး တရားမ၀င် ဆောက်လုပ်နေမှုများ ကို အရှိန်မြှင့် တရားစွဲဆိုနိုင်ရန် တရားရုံး များနှင့်လည်း ညှိနှိုင်းနေပြီဟု အ ဆိုပါဌာနမှူး ကဆိုသည်။

 
 တရားမ၀င်  ကန်ထရိုက် တိုက်များ လျှပ်စစ်မီး မရရှိစေရန် လည်း ပညာပိုင်း အားဖြင့်အနည်း ငယ် အခက် အခဲ ရှိသဖြင့် လာမည့် ၂၀၁၅ နှစ်ဆန်းပိုင်း တွင် စတင် လုပ်ဆောင်ရန် ရည်ရွယ် ထားသည်ဟု ရန်ကုန် မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
 
 ‘‘မီးမပေးတော့ဘူး ဆိုရင် လက်ရှိ တိုက်ခန်းတွေကို ၀ယ်ပြီး နေထိုင်တဲ့ သူတွေ ဒုက္ခ အများကြီး ရောက်နိုင် တယ်’’ဟု ဆောက်လုပ် ရေးလုပ်ငန်းရှင် တစ်ဦးက ဝေဖန် သည်။



From...Search Myanmar
 http://www.searchmyanmar.com/link/frame/cid/45151

No comments:

Post a Comment