Wednesday, December 31, 2014

မိလ္လာယာဉ် ပေါက်ကွဲမှုကြောင့် အားလုံး ဒုက္ခရောက်ခဲ့



ဒီလို အဖြစ်မျိုး ဘယ်သူ မှ ကြုံချင်ကြမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အညစ် အကြေးတွေ သယ်ဆောင် လာတဲ့ မိလ္လာယာဉ် ဟာ မတန် တဆ တင်လာခြင်း အကျိုး ဆက်ကြောင့် ပေါက်ကွဲ မှု ဖြစ် သွားပြီး လမ်းသွား လမ်းလာတွေ နဲ့ဆိုင် တချို့ ဒုက္ခရောက် သွားခဲ့ တာမို့ ဖြစ်ပါတယ်။ 

မိလ္လာယာဉ် ဟာ သတ်မှတ် ထားတဲ့ ပမာဏ ထက် ပိုမို သယ်ဆောင် လာတာ ဖြစ်ပြီး လူစည်ကား ရာ နေရာ မှာ ပေါက် ကွဲ ထွက်သွား တာ ဖြစ်ပါတယ်။ 

အနီး အနား မှာ ရှိ တဲ့ လူတွေဟာ မစင်တွေ ပေကျံ  ခဲ့ တာကြောင့် စိတ်ဆိုး ခဲ့ကြပြီး ၀ရုန်း သုန်းကား ဖြစ် သွား ခဲ့ပါတယ်။
             
 အထူး သဖြင့် ဆိုင်ဖွင့် ထားတဲ့ သူဟာ ဒီဖြစ်ရပ်ကို မယုံကြည်နိုင်အောင် ဖြစ်သွားပြီး သူ့ဆိုင် ကို ဘယ်လို သန့်ရှင်းရေး လုပ်ရ မလဲ ဆိုတာ မတွေး တတ်အောင် ဖြစ်သွားပါတယ်။ 


မျက်မြင် သက်သေ တစ်ဦးက မိမိ အနေဖြင့် ယာဉ် မတော်တဆ ဖြစ်ခဲ့တယ် လို့ ထင်ခဲ့ကြောင်း၊ သို့သော် လည်း မိလ္လာယာဉ် ပေါက်ကွဲခြင်း သာ ဖြစ်ကြောင်း၊ အခင်း ဖြစ်ပွားရာတွင် အားလုံး စိတ်မချမ်း မသာ ဖြစ် ခဲ့ကြောင်း၊ 

အနံ့ အသက် ကလည်း အလွန် ဆိုးရွားကြောင်း၊ မိမိလည်း အမြန်ဆုံး ပြန်ထွက် ခဲ့ကြောင်း ဆိုခဲ့ပါတယ်။ မိလ္လာယာဉ် ကို ပြုပြင် ထိန်းသိမ်း မှု မပြုလုပ် တာကြောင့် ယခု ဖြစ်ရပ် နဲ့ ကြုံခဲ့ ရကြောင်း ရဲတပ်ဖွဲ့ က သုံးသပ် ခဲ့ပါတယ်။ 

တာဝန်ရှိသူ တစ်ဦး က ထိခိုက် ဒဏ်ရာရ မှု မရှိခဲ့ပေမယ့် ဆိုးရွားတဲ့ အညစ် အကြေး တွေကြောင့် ရောဂါ ဘယတွေ မ၀င်ရေး သန့်ရှင်းရေး ကို ထိရောက်စွာ ပြုလုပ်သွား ရမည် ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ 

မိလ္လာယာဉ် ကိုင်တွယ် အသုံးပြုရာ မှာ စနစ် မကျခဲ့ တာကြောင့် ပေါက်ကွဲ ထွက်သွားခြင်းဖြစ် နိုင်တယ် လို့ လည်း သုံးသပ်နေကြ ပါတယ်။


 အေသင်အောင်
The Messenger
From... http://www.searchmyanmar.com/link/frame/cid/45382


No comments:

Post a Comment