Saturday, December 27, 2014

လူတွေ အပေါ် တိုင်းတာ တဲ့ သင့်ရဲ့ပေတံ ရှည်ပါစေ


10445916_815122631864324_423636310439724961_n

အွန်လိုင်း မီဒီယာ တစ်ခုက အိမ်ခြေ ယာခြေ မဲ့ ဆင်းရဲသားတွေ အကြောင်း ရိုက်ကူး ဖို့ စီစဉ်ပြီး အဲဒီ အစီ အစဉ် ရိုက်ကူးမယ့် ဂျို့စ် ကို အမေရိကန်ဒေါ်လာ ၁၀၀ပေးခဲ့ ပါတယ်။ 


ဂျို့စ်ဟာ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် အမှတ် ၉၁ လမ်းမကြီးဘေး မှာ တောင်းရမ်းနေတဲ့ အိမ်ခြေ ယာခြေမဲ့ တစ်ယောက် ကို ဒေါ်လာ ၁၀၀ပေးပြီး သူ့ရဲ့ လှုပ်ရှားမှုတွေ ကို စတင်ရိုက်ကူး ခဲ့ပါတယ်။

ဒေါ်လာ ၁၀၀ ရပြီး တဲ့နောက် အဲဒီ သူဟာ လမ်းတစ်ဖက်ခြမ်း က အဖျော် ယမကာနဲ့ အစားအသောက် ဆိုင် ထဲကို ၀င်သွားခဲ့ ပါတယ်။ 


 
ဒီအချိန် မှာ ဂျို့စ် ထင်ခဲ့တာ က ဒီလူ သောက်စား မူးယစ်နေ လို့ တောင်းရမ်းနေရ တာ ဖြစ်လိမ့်မယ် ဆိုတာ ပါပဲ။ ခဏကြာတော့ လက်ထဲ မှာ အိတ်တစ်အိတ် ကိုင်ပြီး ဆိုင်ထဲ ကနေ အဲဒီသူ ပြန်ထွက်လာပါတယ်။ 

ဂျို့စ်လည်း မျက်ခြေပြတ် မခံဘဲ ဗီဒီယို ရိုက်ကူးမှုတွေ လုပ်ခဲ့ပါတယ်။ ဒီလူ ဟာ လမ်းတစ်ဖက်ခြမ်းမှာ ရှိတဲ့ ပန်းခြံ ထဲက သူနဲ့ ဘ၀တူ အိမ်ခြေ ယာခြေမဲ့ တွေဆီ ကို လျှောက်သွားပြီး သူ့ အိတ်ထဲမှာ ပါတဲ့ စားစရာတွေ လိုက်လံဝေမျှပေးတာ တွေ့တဲ့ အခါမှာတော့ သူ့ ထင်မြင်ချက်တွေ မှားယွင်း ခဲ့ပြီဆိုတာ ဂျို့စ် နားလည် သွားခဲ့ ပါတယ်။ 

ဒီအချိန် မှာ ဂျို့စ်က အဲဒီ သူရဲ့ ဘ၀ အကြောင်း မေးမြန်းခဲ့ပါတယ်။
အဲဒီ ဆင်းရဲသား နာမည် က သောမတ်စ်ပါ။ နာတာရှည် ရောဂါသည် မိခင်နဲ့ ကင်ဆာရောဂါ သည် ပထွေး ကို ပြုစု ဖို့ အလုပ်ထွက်ခဲ့ သူပါ။

 ဒါပေမဲ့ သူတို့နှစ်ယောက် ဟာ ၁၄ရက်ခြား ပြီး ကွယ်လွန် ခဲ့ပါတယ်။ သူတို့ ကွယ်လွန် ခဲ့ပြီးနောက်မှ အိမ်ရောင်း ထားတာ သိလိုက် ရ လို့ သောမတ်စ် တစ်ယောက် ရုတ်တရက် အိမ်ခြေ ယာခြေမဲ့ ဖြစ်ခဲ့တာ ပါ။

 လောကဓံ ရဲ့ ခြုံခို တိုက်ခိုက် မှုကြောင့် လမ်းဘေးရောက် သွားခဲ့ပေမယ့် သောမတ်စ် ရဲ့ စိတ်ကောင်းစေတနာ ကတော့ အရောင်ပြောင်း မသွားခဲ့ပါဘူး။

“အိမ်ခြေ ယာခြေ မဲ့ပေမယ့် စိတ်ကောင်း ရှိတဲ့သူတွေ အများကြီးပါ”လို့ ဂျို့စ်ကို သောမတ်စ် က ပြောခဲ့ပါ တယ်။ သောမတ်စ် အကြောင်း ရိုက်ကူး ထားတဲ့ ဗီဒီယို အွန်လိုင်းပေါ် ပျံ့နှံ ခဲ့ရာက တစ်ဆင့် သူ့ဘ၀ အသစ် တစ်ဖန် ပြန်စဖို့ အတွက် ရန်ပုံငွေ ကောက်ခံ ခဲ့ကြပြီး ဒီဇင်ဘာ ၂၂ရက် က စတင်ကောက်ခံ ခဲ့တဲ့ ရန်ပုံငွေ ဟာ လက်ရှိ အချိန်မှာ အမေရိကန်ဒေါ်လာ ၅၂၁၂၉ ရရှိခဲ့ပြီ လို့ သိရပါတယ်။ 


ဒီလင့်ခ်မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.indiegogo.com/…/help-thomas-to-get-a-fresh-start


Nz (ရိုးရာလေး)
From...http://www.searchmyanmar.com/link/frame/cid/45163
 

No comments:

Post a Comment