Wednesday, December 31, 2014

ထိုင်းလူမျိုး များ အလွန်ကြောက်နေ သည့် သားစိမ်း စား မောင်လှိုင်

 Rachanok Min Burma's photo.

 ထိုင်းနိုင်ငံ တပ်ခရိုင်အတွင်းက မယ်လမ  ကျေးရွာသားတွေ ကို ဒီရက်ပိုင်း အတွင်းမှာ ကျေးရွာပြည်သူ စစ်နှင့် ရဲတပ်ဖွဲ့ ဝင်တို့  ရွှာလုံခြုံရေး ယူပေး ထားပေးရလောက်အောင် တရွာလုံး ကြောက်ရွံ့ နေကြပါသည်။
 

ညဖက် တွင် တရွှာလုံး အပြင် မထွက်၇ဲကြပါ-တရွှာလုံး တိတ်ဆိတ်နေသည့်ကြား တောတိုး သံအား နား စွင့် သတိထားနေရတဲ့ ဘ၀ရောက် ကုန်ပြီ။

ထိုင်း နဲ့ ဗမာပြည် နယ်ခြား တလျှောက် ထိစပ်နေ တဲ့ ထိုင်းကျေးရွာ မယ်လမ မှာ လွန်ခဲ့တဲ့ ရက်ပိုင်း မှာ မွေးထား တဲ့ကြက် တွေခွေးတွေ ပျောက်ချင်း မလှ ပျောက်နေခဲ့ရာ မှ စခဲ့သည်။
 


 Rachanok Min Burma's photo.
ရွာ အတွင်း မှ ခြံအခိုင် အမာခတ် မထားသည့် အိမ်များ မှ ခွေးဆို အိမ်ထဲ တွင် ကြိုးချီ ထားရကြောင်း ညဘက် ပါသွားသည့် ခွေးဆို လျှင် အရေခွံ သာ တော စပ်မှာ ကျန်ခဲ့ပြီး တထိုင်ထဲ စားသွားသည်။

နောက်ဆုံးတော့ မယ်လမကျေးရွာ ဘုန်းကြီးကျောင်း တွင် မွေးထား တဲ့ ခွေးတွေကြက် တွေ ကို ညဥ့်နက် ပိုင်းမှာ အကောင် တကောင်ကောင် က လာဆွဲ သွားခဲ့သည် ကို သိနေ ရသဖြင့် မနက်ပိုင်း မှာ ရွှာသားတွေခေါ် လိုက်ရှာကြသည့် အခါ ဘုန်းကြီကျောင်းဝင်း ထဲက အဆောက်ဦး တခုမှာ ခွေး နဲ့ ကြက်တွေ ကို သွေး အလိမ်းလိမ်း အရှင်လတ် လတ်စားနေ တဲ့ သူ တဦးကို တွေ့ ခဲ့ တာကြောင့် ၇ဲကို အကြောင်းကြား ခဲ့ရပါသည်။

ထိုင်းလူမျိုး မှား စကား အသံနှင့် ခေါ်သည့် နာမည်မှာ mokhalai  အသက်၂၅နှစ် ရဲ့  အနီး မှာ မှာ သတ်ပြီး သားခွေးသေတွေ သွေး အလိမ်းလိမ်း နဲ့ တွေရသည်၊ မောင်လှိုင် သည့် ခွေးသေ တကောင်၏ ဗိုက် အတွင်းမှ အူများ ကို အစိမ်းလိုက် ထုတ်စားနေပြီး အသေကောင် များမှ ထွက်လာသည့် အညှီနှံ့ များကား ဘုန်းကြီး ကျောင်း အတွင်း လိုင်နေ ၏ သူ့ အနားသို့ မည်သူမျှမကပ်ရဲကြပေ။



မာင်လှိုင် ကို ရဲများက ဖမ်း၍ ထိပ်တုံး ခတ်ထား လိုက်ပြီး စကားပြန်နဲ့ စစ်ဆေးတဲ့ အခါ သူဟာ ကရင် တိုင်းရင်း သား တဦး လို့ သိရသည်၊တောတွင်းမှာ သားငါး စိမ်းတွေ စားပြီးနေထိုင် ရှင်သန် လာ တာဖြစ် နိုင်ကြောင်း မယ်လမ ရွှာသူကြီးက မှတ်ချက်ပေးပါသည်။ 

ရဲစခန်းမှာ လည်း ချုပ်မထား ရဲကြပါ။ သူ့ ကိုမြန်မာနယ်စပ် ဘက် ပြန် လွှတ်ပေးလိုက်ပေ မယ့် မောင်လှိုင်ပြန် လာ မည် လား စိုးကြောက်နေဆဲ ပါ။
 

သူနဲ့ အတူ အပေါင်း ပါ လေးဦး ရှိတယ် တဲ့ ... ညဘက် မှ ထွက်တာ ခွေးတွေ ၇ှာမတွေ့ ရင် လူတွေ ဘက် လှည့် လာ မှာစိုးလို့  ခလေးတွေ အတွက် စိတ်မချ ၇ ပါလို့  ရွာသားတွေ ကပြောနေသည်။

 Rachanok Min Burma's photo.


(bangkok post သတင်းစာတွင်ဖေါ်ပြထားသည့် "Tak people fear Myanmar carnivore"အား အခြေခံ ၍ ရေးသား ပါသည်။)

 Rachanok Min Burma 




No comments:

Post a Comment