Sunday, December 28, 2014

အင်ဒိုနီးရှား မှ စင်ကာပူ သို့ ပျံသန်း ထွက်ခွာ လာသော လေယာဉ် တစ်စီး ပျောက်ဆုံးနေ


နောက်ဆုံးရ သတင်းများ အရ ၊ QZ8501 ကို နောက်ဆုံးခြေရာ ခံမိ ခဲ့သည့် နေရာ တွင် သင်္ဘောခြောက် စီးနှင့် ဟယ်လီကော်ပတာ နှစ်စီး ကို တပ်ဖြန့် ချထားသည်။

အဲရ်အေးရှ လေယာဉ် QZ8501 ပျောက်ဆုံးနေသည် မှာ ယခု ဆိုလျှင် ၉ နာရီ ဝန်းကျင် ကြာမြင့်လာ ခဲ့ပြီဖြစ် သည်။ လေယာဉ် တွင် ၄ နာရီ ခွဲစာ ပျံသန်း ရန် သာ လောင်စာဆီ ပါသွားသည် ဟု အင်ဒိုနီးရှား သယ်ယူ ပို့ဆောင်ရေး ဝန်ကြီး ကပြောကြောင်း တရုတ် သတင်းဌာန CCTV က ဖော်ပြခဲ့သည်။

အိမ်ဖြူတော် ကလည်း ပျောက်ဆုံးလေယာဉ် ပတ်ဝန်းကျင် အခြေအနေ ကို စောင့်ကြည့် စစ်ဆေးနေကြောင်း၊ အမေရိကန် သမ္မတ ဘာရက် အိုဘားမား ကလည်း ဤအရေး အတွက် ညွှန်ကြား ထားပြီးဖြစ်ကြောင်း ပြော ကြား သည်။

မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇက် ကလည်း ပျောက်ဆုံး အဲရ်အေးရှလေယာဉ် ရှာဖွေ ကယ်ဆယ်ရေး အတွက် မလေးရှား က ကူညီ လိုကြောင်း မက်ဆေ့ဂ်ျတစ်စော င်ကို တွစ်တာ ၌ ရေးသားခဲ့သည်။ 


မလေးရှား အစိုးရ အနေဖြင့် ကယ်ဆယ်ရေး ပူးပေါင်း စင်တာ တစ်ခုကို တည်ထောင် ထားပြီး ရှာဖွေရေး ကို ကူညီရန် လိုအပ်သည် များကို တပ်ဖြန့် ချထားပြီးဖြစ်ကြောင်း မလေးရှား သယ်ယူ ပို့ဆောင်ရေးဝန်ကြီး Liow Tiong Lai ကလည်း တွစ်တာ တွင် ပြောခဲ့၏။

စင်္ကာပူ လေကြောင်း အာဏာပိုင် အဖွဲ့ ၏ အဆို အရ လေယာဉ် သည် အဆက် အသွယ်ပြတ်တောက် ခဲ့ခ်ျိန် က အင်ဒိုနီးရှား လေကြောင်း အချက်ပြဒေသ အင်ဒိုနီးရှားလေပိုင်နက် အတွင်း ၌ ရှိခဲ့သည်။ ယင်းနေရာ မှာ စင်္ကာပူ-ဂျာကာတာ လေကြောင်း အချက်ပြဒေသ ၏ အရှေ့တောင်ဘက် မိုင်ပေါင်း ၂၃၀ ကျော် တွင် ဖြစ်သည်။ 

စင်္ကာပူလေကြောင်း အာဏာပိုင် အဖွဲ့က စီမံ ခန့်ခွဲသော စင်္ကာပူ ကယ်ဆယ်ရေး ပူးပေါင်း စင်တာ နှင့် နိုင်ငံ ၏ လေတပ်၊ ရေတပ် တို့မှာ အင်ဒိုနီးရှား အာဏာပိုင် အဖွဲ့ ကို အကူအညီပေး ရန် အသင့်ရှိနေကြောင်း အစော ပိုင်းက ထုတ်ပြန်ခဲ့သည်။

အဲရ်အေးရှ အင်ဒိုနီးရှားလေယာဉ် QZ8501 ရှာဖွေ ကယ်ဆယ်ရေး အတွက် စင်္ကာပူ ၏ အကူအညီ ကမ်းလှမ်း မှု ကို အင်ဒိုနီးရှား က လက်ခံ လိုက်ပြီဖြစ်ကြောင်း သတင်းများ အရ သိရသည်။ 

အိန္ဒိယ ကလည်း ပျောက်ဆုံးလေယာဉ် ရှာဖွေရေး အတွက် အကူ အညီပေးရန် ကမ်းလှမ်း ထားသည် ဟု ဘီဘီစီ က တင်ပြခဲ့၏။







 

အဲရ်အေးရှ အမှုဆောင် အရာရှိချုပ် တိုနီ ဖာနန်ဒက်စ် က ၎င်းသည် အင်ဒိုနီးရှား ဆူရာဘာယာမြို့ သို့ သွားရာ လမ်းတွင် ရောက်နေပြီဖြစ်ကြောင်း တွစ်တာ ၌ ရေးတင် လိုက်သည်။ 

ခရီးသည် အများစုနှင့် ပျောက်ဆုံးလေယာဉ် QZ8501 တို့ မှာ ယင်းနေရာ မှဖြစ်ကြောင်းလည်း ထည့်သွင်းရေး သားထားသည်။

အဲရ်အေးရှ လေယာဉ် သည် အင်ဒိုနီးရှားနိုင်ငံ ဆူရာ ဘာယာ မှ စင်္ကာပူ သို့ ပျံသန်းနေစဉ် အတွင်း ပျောက် ဆုံးသွား ခဲ့ခြင်းဖြစ်သည်။ စင်္ကာပူလေဆိပ် သို့ ယနေ့ မနက် ၈နာရီ ခွဲတွင် ဆိုက်ရောက် ရမည့် ခရီးစဉ်ဖြစ်ပြီး မနက် ၇ နာရီ ၅၄ မိနစ် တွင် ဂျာကာတာလေကြောင်း ထိန်းသိမ်းရေး စခန်းနှင့် လေယာဉ်ကြား အဆက် အသွယ် ပြတ်တောက်ခဲ့သည်။


Update >>> အဲအေးရှလေယာဉ် အဆက်သွယ်ပြတ်နေ ဆဲ

ပျောက်ဆုံး အဲရ်အေးရှလေယာဉ် ကို ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ကို ဆောင်ရွက်နေပြီ ဖြစ် သည်။ လေယာဉ် သည် လေကြောင်း လမ်း ထိန်းချုပ် ကွပ်ကဲ သူများနှင့် အဆက် အသွယ်ပြတ်တောက် မသွား ခင် အချိန်အတော အတွင်းလေး မှာပင် ရာသီဥတု အခြေအနေကြောင့် ပျံသန်းသည့် လမ်းကြောင်း ကို ပြောင်းလဲ ရန် မေးမြန်း ခဲ့သေးသည်။ 

အဆက် အသွယ်ပြတ်တောက် သွားချိန်က လေယာဉ် သည် ကလီမန်တန်နှင့် ဂျာဗား ကျွန်းများ အကြား ဂျာဗား ပင်လယ် အပေါ်တွင် ရှိနေခဲ့သည် ဟု အင်ဒိုနီးရှားလေကြောင်း ဝန်ကြီးဌာန အရာရှိ က မီဒီယာ များကို ပြောကြားခဲ့သည်။ 

 အဆိုပါနေရာ ရှိ ရာသီဥတု မှာ တိမ်ထူ ထပ်နေသည်ဟု ၎င်းက ဆိုသည်။
ပျောက်ဆုံးနေသော အဲအေးရှ လေကြောင်း လိုင်းပိုင် လေယာဉ်ပေါ် တွင် လေယာဉ်မောင်း ၂ ဦး၊ ဝန်ထမ်း ၅ ဦးနှင့် ခရီး သည် ၁၅၅ ဦး လိုက်ပါသွားသည်။ ခရီးသည် များ အနက် လူကြီး ၁၃၈ ဦး၊ ကလေး ၁၆ ဦး နှင့် ရင်ခွင်ပိုက် ကလေးငယ် ၁ ဦးတို့ ပါဝင်နေသည်။

လေယာဉ်ပေါ် ပါသွား သူများမှာ စင်္ကာပူနိုင်ငံသား ၁ ဦး၊ မလေးရှားနိုင်ငံသား ၁ ဦး၊ ပြင်သစ် ၁ ဦး၊ တောင်ကိုရီးယား ၃ ဦးနှင့် အင်ဒိုနီးရှား ၁၅၆ ဦး ဖြစ်ကြောင်း လေကြောင်း လိုင်းက သတင်းထုတ်ပြန် သည်။

အဲအေးရှ အနေဖြင့် ၎င်း၏ Facebook စာမျက်နှာ အပါအဝင် အွန်လိုင်း စာမျက်နှာ များရှိ profile ရုပ်ပုံ များကို ၎င်းတို့ မူပိုင် အနီရောင် အမှတ် တံဆိပ် တင်ထားရာ မှနေ၍ မီးခိုးရောင်ပုံ များ သို့ ပြောင်းလဲလိုက်သည်။

လက်ရှိ အချိန် တွင် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ကို အင်ဒိုနီးရှား လေကြောင်း အာဏာပိုင် ၏ လမ်းညွှန် မှုအောက် တွင် ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ထားသည်။ 

အဆက် အသွယ် ပြတ်တောက် မသွားခင် အချိန်အထိ လေယာဉ် သည် အင်ဒိုနီးရှား လေကြောင်းလမ်း ထိန်းချုပ်ရေး ဌာန ၏ ထိန်းချုပ်မှုအောက် ၌ ရှိနေဆဲဖြစ်သည်။

လေယာဉ် သည် သတ်မှတ် ထားသည့် လမ်းကြောင်း အတိုင်း ပျံသန်းနေ ခဲ့ပြီး ရာသီဥတု အခြေ အနေကြောင့် လမ်းကြောင်းပြောင်း လဲရန် အကြောင်းကြားတောင်းခံ ခဲ့သေးကြောင်း သိရသည်။ CNN သတင်းဌာန ၏ မိုးလေဝသနှင့် ဇလဗေဒပညာ ရှင် ဒါရက် ဗန် ဒမ် က ရာသီဥတု ဆိုးရွားမှု သည် လေယာဉ်ပျောက် ဆုံးမှု ၏ အကြောင်းရင်းဖြစ်ကြောင်း ပြောကြားလိုက်သည်။

စိုးရိမ် ပူပန်မှု ကိုဖော်ပြရန်နှင့် အကူ အညီပေးရန် အတွက် အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုထံ တယ်လီ ဖုန်းခေါ် ဆိုခဲ့ကြောင်း စင်္ကာပူ ဝန်ကြီးချုပ် လီရှန်လွန်း က သူ၏ Facebook စာမျက်နှာ တွင် ပို့စ်ရေးသားလာ သည်။ 

စင်္ကာပူလေတပ် ၏ C-130 ရှာဖွေ ကယ်ဆယ်ရေး လေယာဉ် ၂ စီး မှာ အရန်သင့် အနေ အထားဖြင့် ရှိနေပြီး ထွက်ခွာ ရန် အသင့်ပြင်ပြီးပြီ ဟု ဆိုသည်။ စင်္ကာပူ ဝန်ကြီးများ အနေဖြင့်လည်း ပျောက်ဆုံးနေသော အဲအေးရှ လေယာဉ် အတွက် အာရုံစိုက်စောင့်ကြည့်နေကြသည်။

ကနဦး ကလည်း မစ္စတာလီ သည် အင်ဒိုနီးရှား ဆူရာဘာယာ မှ စင်္ကာပူ သို့ ပျံသန်းနေသည့် အဲအေးရှ လေယာဉ် ပျောက်ဆုံး သွားသည့် အကြောင်း သိလိုက် ရ၍ ဝမ်းနည်းကြောင်း Facebook စတေးတပ် တစ်ခု ရေးသားခဲ့သည်။ 

အသေးစိတ် အခြေအနေ အများအပြား မသိရသေးသော် လည်း အကူအညီပေးရန် အတွက် အင်ဒိုနီးရှား အာဏာပိုင် များထံ ကမ်းလှမ်း ထားသည်ဟု ဆိုခဲ့သည်။

ပျောက်ဆုံး သွားသော အဲရ်အေးရှ လေယာဉ်ပေါ်ပါ ခရီးသည် များ၏ ဆွေမျိုး များနှင့် မိတ်ဆွေ သူငယ်ချင်းများ အတွက် စောင့်ဆိုင်း ဧရိယာ၊ လိုအပ်သော ပစ္စည်း ပစ္စယ အထောက်အပံ့ များကို ချန်ဂီလေဆိပ် ၌ ဆောင် ရွက် ထားပြီးဖြစ်ကြောင်း စင်္ကာပူလေကြောင်း အာဏာပိုင် က ယနေ့နံနက်ပိုင်း က သတင်း ထုတ်ပြန် ခဲ့သည်။ 

မိခင်နှင့် အစ်ကို အပါအဝင် မိသားစုဝင် ခုနစ်ဦး လေယာဉ်ပေါ် ၌ ပါသွားသည့် အမျိုးသမီး တစ်ဦးကို ချန်ဂီ crisis center ၌ တွေ့ရသည် ဟု ဆစ်ဒနီမောနင်းဟားရဲလ်ဒ် က ဖော်ပြထားသည်။


Background
လူ ၁၆၂ ဦး ပါ အဲအေးရှလေယာဉ် လက်ရှိပျောက်ဆုံးနေမှု သည် မလေးရှားလေကြောင်းလိုင်း ပိုင် MH370 ပျောက် ဆုံးပြိးနောက် ဆယ်လ နီးပါး အကြာတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ 

၂၀၁၄ ခုနှစ် အတွင်း ဒုတိယ အကြိမ်မြောက် လေယာဉ်ပျောက်ဆုံး မှုကြီး ဖြစ်သလို အရှေ့တောင် အာရှဒေသ တွင်း လေကြောင်းလိုင်းများ အနေဖြင့် တတိယ အကြိမ် လေယာဉ် မတော်တဆ မှုပင်။

ပြီးခဲ့သည့် မတ်လ ၈ ရက် က ပျောက်ဆုံး သွားခဲ့သည့် မလေးရှားလေကြောင်း လိုင်း ပိုင် MH370 လေယာဉ် မှာ အန္ဒိယ သမုဒ္ဒရာ တောင်ပိုင်း တွင် ပျတ်ကျခဲ့ပြီ ဟု သက်ဆိုင်ရာ အာဏာပိုင် အရာရှိများ က ပြောကြား ခဲ့သော်လည်း ရှာဖွေ သူများမှာ ယခုထိ MH370 ၏ အပျက် အစီး အစအန ကို တွေ့ရှိမှု မရှိသေးပေ။ 

ခရီးသည် ၂၃၉ ဦး လိုက်ပါ သွားသော ယင်းလေယာဉ် မှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူ မှ တရုတ်နိုင် ငံ ဘေဂျင်း သို့ ပျံသန်းနေစဉ် မြေပြင်နှင့် အဆက် အသွယ်ပြတ်တောက် ကာ ပျောက်ဆုံး ခဲ့ခြင်း ဖြစ်သည်။


 *************************************************************************



 



အင်ဒိုနီးရှား မှ စင်ကာပူ သို့ ပျံသန်း ထွက်ခွာ လာသော လေယာဉ် တစ်စီး ပျောက်ဆုံးနေ

အင်ဒိုနီးရှားမှ စင်ကာပူ သို့ ပျံသန်း ထွက်ခွာလာသော Air Asia မှ လေယာဉ် တစ်စီး သည် ပျောက်ဆုံးနေကြောင်း သတင်း ရရှိသည်။

Air Asia လေကြောင်းလိုင်းပိုင် Airbus A320-200 အမျိုး အစား လေယာဉ် အမှတ် QZ8501 သည် အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာရာ မှ စင်ကာပူ သို့ ယနေ့နံနက် ၅ နာရီ၂၀ မိနစ်တွင် ပျံသန်းထွက်ခွာ သွားပြီးနောက် နံနက် ၇နာရီ ၂၄ မိနစ်မှ စကာ အဆက် အသွယ် ပြတ်တောက် သွားကြောင်း လေကြောင်း လိုင်း မှ အတည်ပြု ပြောကြားသည်။

လေယာဉ်ပေါ် တွင် ခရီးသည် ၁၅၅ ဦး အပါအ၀င် စုစုပေါင်း ၁၆၂ ဦး လိုက်ပါသွားသည်။ လေကြောင်းလိုင်း မှ ရှာဖွေရေးနှင့်ကယ်ဆယ်ရေး လုပ်ငန်းများ ကို စတင် လုပ်ဆောင်နေပြီလည်း ဖြစ်သည်။

"လက်ရှိ အချိန်ထိ ခရီးသည်တွေ ဆီကရော၊ လေယာဉ်ပေါ်က ၀န်ထမ်းတွေ ဆီကပါ ဘာ အဆက်အသွယ် ကိုမှ မရ ရှိသေးပါဘူး။ သတင်း အချက်အလက်တွေ ရရှိလာတဲ့ အခါ အကြောင်းကြားပါ့မယ် " 

ဟု လေကြောင်းလိုင်း က သတင်း ထုတ်ပြန်ထားသည်။


Ref: Channelnewsasia
 From...Search Myanmar
 http://www.searchmyanmar.com/link/frame/cid/45226


No comments:

Post a Comment