Tuesday, December 23, 2014

လျော့စေချင် တာ ကား ကျပ်တာ၊ ဖြစ်လာတာ က ဂွင် (ခွင်) ဖန်ဖို့

  လျော့စေချင်တာ ကားကျပ်တာ၊ ဖြစ်လာတာက ဂွင် (ခွင်) ဖန်ဖို့ 

Written by: မာန်သူရှိန်

"ကားပါကင်ရှိမှ ကားသွင်းခွင့်ပေးမယ်" ဆိုတဲ့အစီအစဉ်ကိုထုတ်ပြန်လိုက်တဲ့နောက်မှာ အားလုံးတညီတညွတ်တည်း ကောက်ချက်ချ၊ မှတ်ချက်ပေးလိုက်တာကတော့ "ခွင်ဖန်ဖို့" "ခွင်တစ်ဂွင်တိုးပြီဟေ့" ဆိုတဲ့ စကားတွေပဲဖြစ်ပါတယ်။
    
ကားကျပ်တဲ့ဒဏ်ခံရတဲ့ သန်းနဲ့ချီတဲ့ပြည်သူတွေဖြစ်စေခဲ့ချင်တာက ရန်ကုန်မှာ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ချောမွေ့ဖို့၊ ချောမွေ့အောင်မလုပ်နိုင်ခင် ကားကျပ်တာလျော့သွားဖို့၊ လျှော့ချသွားနိုင်မယ့်နည်းလမ်းကိုချမှတ်ဖို့ စတာတွေကိုလိုလားခဲ့ကြတာပါ။
    
လုပ်ချလိုက်တာကတော့ ကားကျပ်တာလျော့မသွားမယ့်အပြင် ခွင်ဖန်လို့ရနိုင်တဲ့ပုံစံမျိုးပဲဖြစ်ခဲ့တဲ့အတွက် ပြည်သူအတွက် ထူးမခြားနားဖြစ်မယ့်အပြင် ခွင်ကိစ္စတွေနဲ့ပါရင်ဆိုင်ရနိုင်မယ့် အနေအထားဖြစ်နေပါတယ်။
    
ဒီရက်ပိုင်းထုတ်ပြန်လိုက်သမျှ ကားတင်သွင်းမှုနဲ့ပတ်သက်တာတွေထဲမှာ အများစုက ခွင်ဖန်ဖို့ အခွင့်အရေးပေးထားသလိုဖြစ်နေတဲ့အတွက် ၂၀၁၅ ခုနှစ်ကတော့ အကျင့်ပျက်ချင်သူတွေအတွက် ခွင်နှစ်၊ ပြည်သူအတွက်တော့ ကားကျပ်မှုပိုဆိုးရွားတော့မယ့်နှစ်လို့ ကြိုတွက်ထားလို့ရတဲ့အခြေအနေလို့လည်း သုံးသပ်သူတွေကသုံးသပ်နေပါပြီ။
    
ခွင်ဖန်လို့ရတဲ့ပုံစံမျိုးတွေပဲ ချမှတ်လုပ်ကိုင်တာ ခုမှမဟုတ်ပါဘူး။ ကားမူဝါဒစပြောင်းကတည်းက စတင်ခဲ့တာပါ။

ခွင်နဲ့စဖွင့်တဲ့ ကားမူဝါဒ
    
အစိုးရသစ်လက်ထက်မှာ ကားဟောင်းတွေအပ်ပြီး ကားသစ်သွင်းခွင့်ပေးတော့မယ့်မူဝါဒချမှတ်ဖို့ စီစဉ်ခဲ့တယ်။ ကားဟောင်းတွေအအပ်ခံတော့မယ်ဆိုတာကို အများပြည်သူမသိခင်မှာ တာဝန်ရှိသူတချို့ဆီကနေ လုပ်ငန်းရှင်တချို့ ကြိုပြီးသတင်းရခဲ့ကြပါတယ်။
    
အဲ့ဒီမှာ သတင်းကြိုရတဲ့သူတွေက လက်ဦးမှုယူပြီးတော့ ကားဟောင်းတွေအစုလိုက်အပြုံလိုက် ၀ယ်လှောင်ကြပါတယ်။
    
အဲ့ဒီလိုလှောင်လို့ဝတော့မှ ကားမူဝါဒကို အများပြည်သူကိုထုတ်ပြန်လိုက်တာပါ။ သတင်းကြိုရတဲ့သူတွေက မသိနားမလည်သူပြည်သူတွေဆီက တစ်စီး ၁၀ သိန်း၊ သိန်း ၂၀ နဲ့ကားဟောင်းတွေကို ၀ယ်လှောင်ခဲ့ကြတယ်။ နောက်တော့ဈေးထိုးတက်သွားတဲ့အခါ တစ်စီးကျပ် သိန်း ၁၅၀ လောက်အထိရသွားတဲ့သူတွေတောင်ရှိပြီး ကျပ်သိန်းပေါင်းထောင်သောင်းချီ အကျိုးအမြတ်ရသွားတာ ကားလောကတစ်ခုလုံး သိကြပါတယ်။
    
ကားမူဝါဒက အဲ့ဒီလို ကားဟောင်းသတင်း ကြိုပေးတဲ့ခွင်နဲ့ စခဲ့ကြတာလို့ ပြောရတော့မှာပါ။

ကားဟောင်းပြီးတော့ တက္ကစီဂွင်
    
ကားဟောင်းခွင်ပြီးသွားပြန်တော့ တက္ကစီဂွင်ဆိုပြီး ခွင်သစ်ထပ်ပေါ်လာခဲ့ပြန်ပါတယ်။
    
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထောက်ခံချက်နဲ့ တက္ကစီကုမ္ပဏီတွေထောင်တယ်၊ တက္ကစီတွေကို အခွန်လျှော့ပေါ့ခွင့်နဲ့သွင်းကြတယ်။ သွင်းကတည်းက ပြန်ရောင်းမစားရဘူး။ ငှားလို့ပဲရမယ်ဆိုပြီးသတ်မှတ်ထားပေမယ့် နောက်တော့ ကုမ္ပဏီတွေက အခွန်လျှော့ပေါ့ခွင့်နဲ့သွင်းထားတဲ့ကားတွေကို အပြင်ကို ဈေးကောင်းကောင်းနဲ့ပြန်ထုတ်ရောင်းလို့ ကုမ္ပဏီထောင်ခွင့်ရသူတွေထောသွားပြန်တယ်။ (အကျင့်ပျက်တာဝန်ရှိသူတချို့ဆို တစ်စီးဘယ်လောက်နှုန်းနဲ့ဆိုပြီးရသွားတယ်လို့ လုပ်ငန်းရှင်တွေကြားမှာတောင် သတင်းထွက်ခဲ့သေးတယ်)

တက္ကစီပြီးတော့ ပါကင်ခွင်လား
    
ခုတစ်ကြိမ်ထပ်ပြောင်းလိုက်ပြန်ပါပြီ။ ပါကင်မရှိရင်ကားမသွင်းရတဲ့စနစ်ပါ။ ပါကင်ရှိကြောင်းထောက်ခံချက်ပုံစံတွေကို သက်ဆိုင်ရာမြို့နယ်ထွေ/အုပ်ရုံးတွေမှာ စုံစမ်းကြည့်ရှုလုပ်ကိုင်ဖို့ ထုတ်ပြန်လိုက်ပါတယ်။
    
ကားဝယ်မယ့်သူ၊ ကားသွင်းမယ့်သူတွေက ပါကင်သတ်မှတ်ချက်စည်းကမ်းအပေါ်ကိုတော့ အရင်က တက္ကစီ၊ ကားဟောင်းတုန်းကလိုမျိုး ခွင်ဖြစ်သွားနိုင်တယ်၊ ခွင်မဖန်ဘူးဆိုရင်တောင် ဖန်ချင်တဲ့သူတချို့ ဖန်တီးလို့ရတဲ့အခြေအနေရှိတဲ့ သတ်မှတ်ချက်ပုံစံလိုဖြစ်နေတယ်လို့ ပြောလာခဲ့ကြတဲ့အတွက် ပါကင်ကလည်း ခွင်ဖြစ်လာနိုင်သလား အားလုံးပြောသလို ခွင်ဖြစ်သွားမလား တာဝန်ရှိသူတွေ ကြိုတင်စဉ်းစားထားသင့်ပါတယ်။ 

CIF တရားခံ ဘယ်သူလဲ
    
အဆိုးဆုံးကတော့ CIF တွေကိုမထုတ်ပြန်တော့ဘူးဆိုတာကို ကြိုတင်အသိမပေးဘဲ နှစ်ကုန်ခါနီး အနားနီးမှ မထုတ်ပြန်တဲ့အကြောင်း ပြည်သူကိုအသိပေးတာပါ။ အဲ့ဒီအတွက် ကားတင်သွင်းသူတွေအားလုံး မမီမကမ်းဖြစ်၊ လုပ်ကိုင်ရခက်နဲ့ ၀ရုန်းသုန်းကားဖြစ်ကုန်ကြပါတယ်။ အခုလည်းဖြစ်နေတုန်းပါ။
    
CIF ကလည်း တကယ်တော့ အစကထုတ်ပြန်ဖို့အတွက် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေအထိ တွက်ချက်တင်ပြခဲ့ပြီးသားပါ။ အဲ့ဒီပြည်ထောင်စုအဆင့် အဖွဲ့အစည်းကိုတင်ပြပြီးနောက်မှ မထုတ်ပြန်တော့တာဖြစ်လို့ CIF မထုတ်ပြန်ဖြစ်တာ၊ အနားနီးမှ မထုတ်ပြန်တဲ့အကြောင်း အသိပေးနိုင်တာတွေက အဲ့ဒီပြည်ထောင်စုအဆင့်အဖွဲ့အစည်း တာဝန်ရှိသူတချို့ကြောင့်လည်း ဖြစ်နိုင်တယ်ဆိုပြီး လုပ်ငန်းရှင်တချို့ကသုံးသပ်ထားပါတယ်။
    
CIF ထုတ်ပြန်ဖို့တင်ပြခဲ့တဲ့ အဖွဲ့အစည်းထဲမှာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းတာဝန်ယူထားတဲ့ ပြည်ထောင်စုစီးပွားရေးရာကော်မတီကိုလည်း တင်ပြခဲ့တာလို့ လုပ်ငန်းရှင်တွေကြားမှာ သိထားကြပါတယ်။ ဘယ်သူတွေက မထုတ်ပြန်ဖို့ စီစဉ်ခဲ့သလဲဆိုတာတော့ လုပ်ခဲ့တဲ့တာဝန်ရှိသူတွေကိုယ်တိုင်ပဲသိကြမှာပါ။

Custom ခွင်ရောပြန်ဖြစ်ဦးမလား
    
ဒီရက်ပိုင်းမှာထုတ်ပြန်တဲ့ ကားသွင်းမှုနဲ့ပတ်သက်တဲ့ သတ်မှတ်ချက်တွေထဲမှာ ကားသွင်းသူတွေ မဖြစ်ချင်ဆုံးသတ်မှတ်ချက်တစ်ခုပါလာပါတယ်။
    
CIF တွေမထုတ်ပြန်တော့ဘဲ အရင်ကလို Custom က Value ပြန်သတ်မှတ်ပြီးသွားမယ့် သတ်မှတ်ချက်ပဲဖြစ်ပါတယ်။
    
အရင်တုန်းက ကားတန်ဖိုးတွေကို Custom ကသတ်မှတ်တဲ့စနစ်နဲ့ သွားခဲ့ပါသေးတယ်။ အဲ့ဒီလိုသွားတုန်းက Custom ဟာ အရမ်းနာမည်ထွက်ခဲ့သလို တင်သွင်းသူတွေလည်း အရမ်းလုပ်ရကိုင်ရခက်၊ ခဏခဏပြဿနာတွေဖြစ်၊ ခဏခဏတိုင်ကြတောကြတဲ့အထိဖြစ်ခဲ့ပါသေးတယ်။
    
အဲ့ဒီလိုမဖြစ်ဖို့အတွက် CIF ကိုသတ်မှတ်ခဲ့ကြတာပါ။ ဒါကို အခုနောက်ကြောင်းပြန်တဲ့လုပ်ရပ်အဖြစ် CIF ကိုမသတ်မှတ်တော့ဘဲ အရင်တုန်းကလို ခက်ခဲမယ့်စနစ်ကိုပြန်သတ်မှတ်လိုက်တဲ့အတွက် Custom တန်ဖိုးပြန်သတ်မှတ်မယ့်စနစ်ဟာ အရင်ကလိုပဲ နာမည်ထွက်ဦးမယ့်သတ်မှတ်ချက်မျိုးပဲဖြစ်ဦးမလားလို့ ကားတင်သွင်းသူတွေကတော့ စိုးရိမ်နေကြပါတယ်။ လုံးဝလက်မခံနိုင်ဘူးလို့တောင် တချို့တွေကပြောကြားလာတာရှိပါတယ်။ အဓိကအချက်ကတော့ အရင်ကလို ခွင်မကင်းတဲ့ Custom စနစ်မျိုးဖြစ်လာမှာကို စိုးရွံ့တာလို့ထောက်ပြကြပါတယ်။

ကားကျပ်တာလျော့သွားမှာလား
    
ရန်ကုန်ကို ကားဝင်ရောက်မှုကန့်သတ်လိုတဲ့အတွက်၊ ရန်ကုန်ကားကြပ်မှုဆိုးရွားမသွားဖို့အတွက် ပါကင်သတ်မှတ်ချက်ကိုလုပ်ကြတာဖြစ်မှာပါ။
    
ဒါဆို ကားကျပ်တာလျော့သွားမှာလား။ ကွမ်းခြံကုန်း၊ ဒလ၊ သန်လျင်လိုမြို့နယ်တွေမှာ ပါကင်ပြပြီး ထောက်ခံချက်ယူမယ်၊ ဒဂုံဆိပ်ကမ်းလို မြို့စွန်တွေမှာ မြေကွက်ဝယ်ထားပြီး ပါကင်ပြမယ်၊ အစွန်ဘက်မြို့နယ်တွေမှာနေတဲ့သူတွေအမည်နဲ့ သူတို့ခြံပါကင်ပြပြီးယူမယ် သွင်းကြမယ်ဆိုရင်လည်း ဖြစ်လာနိုင်တာပါပဲ။ ရတဲ့နည်းနဲ့လုပ်လည်း လုပ်လာနိုင်ပါတယ်။ တတ်နိုင်တဲ့သူတွေဆို ပါကင်ပြစရာမရှိရင် နယ်လိုင်စင်နဲ့သွင်းပြီး နယ်ကျော်ခပေးမယ်၊ ရန်ကုန်မှာစီးမယ်ဆိုပြီးလုပ်လာနိုင်တာပါပဲ။
    
ဝေးဝေးမကြည့်နဲ့။ လွန်ခဲ့တဲ့ရှစ်နှစ်လောက်က ဆုံးပါးပြီးသူတောင် ကားသွင်းခွင့်ရသွားသေးတာပဲ။ ဖြစ်မလာဘူးလို့ ဘယ်သူအာမခံမလဲ။ ဒီလိုဆိုရင် ရန်ကုန်ဝင်တဲ့ကားအစီးရေက ဒီလောက်အထိ သိသိသာသာလျော့သွားစရာမရှိတဲ့အတွက် ကားကျပ်တာ ဒီလောက်အထိလျော့သွားမှာမဟုတ်ပါဘူး။
    
ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ ပါကင်သတ်မှတ်ချက်မချမှတ်ခင်ကတည်းက ကားပါကင်ဘယ်နှစ်ခုဆောက်ပေးပြီးပြီလဲ အရင်စဉ်းစားရမှာပါ။ ကားပါကင်လုံလုံလောက်လောက်ဆောက်ပေးရမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ပါ။ ဆောက်ပေးထားလို့ ကားပါကင်ထောက်ခံချက်တောင်းတယ်ဆိုရင်တော့ လမ်းကြောင်းကမှန်သေးတယ်လို့ပြောလို့ရသေးတာပေါ့။
    
ဂျပန်၊ စင်ကာပူနိုင်ငံတွေမှာ ကားပါကင်တွေ အလုံအလောက်ရှိလို့ သူ့စနစ်နဲ့သူသွားတာ။
    
ဒါပေမဲ့ ကားပါကင်လုံလုံလောက်လောက်ဆောက်ပေးမထားဘဲ ကားပါကင်ပြနိုင်မှ ကားသွင်းခွင့်ပေးမယ်ဆိုလိုက်တော့ ဘာတွေဆွေးနွေးပြီး ဘယ်သူတွေက ဒီလိုအကြံတွေပေးလိုက်သလဲ မေးစရာဖြစ်လာတာပေါ့။

ခြံရှိတဲ့သူ ပါမစ်ရောင်းစားမယ်
    
ကားပါကင်သတ်မှတ်ချက်ထုတ်ပြန်လိုက်တော့ ခြံပိုင်ရှိတဲ့သူတွေ လက်မထောင်ပြန်တာပေါ့။ ရှင်းတယ်လေ ခြံပိုင်ရှိတဲ့သူက ပါကင်နေရာရောင်းစားရင်စားမယ်၊ ဒီထက်မက ကိုယ့်ခြံကိုယ်ပြ ပါကင်ထောက်ခံချက်တွေယူပြီး ပါမစ်လျှောက်ထားပြီးရင် ပါမစ်ပြန်ရောင်းစားမယ်။ ဒီလိုဆို ရန်ကုန်ကားကျပ်တာ ဘာထူးခြားသွားမှာလဲ။
    
ခြံတွေအိမ်တွေများများပိုင်ထားတဲ့သူတွေပဲ ထပ်ကောင်းစားအောင် လုပ်ပေးသလိုဖြစ်နေမှာပါ။

Custom နဲ့ ထွေ/အုပ် အဂတိမလိုက်စားဘူးလို့အာမခံရဲလား
    
အခုပြင်ဆင်လိုက်တဲ့ ကားနဲ့ပတ်သက်တဲ့အချက်တွေကိုကြည့်ရင် ကားပါကင်ထောက်ခံချက်အတွက် ထွေ/အုပ်ဦးစီးဌာနနဲ့လုပ်ရမယ်။ CIF မထုတ်တော့တဲ့အတွက် Custom နဲ့ အရင်လိုပြန်လုပ်ရမယ်။
    
ဟုတ်ပြီ Custom၊ ထွေ/အုပ်၊ စတာတွေဟာ လုံးဝအဂတိမလိုက်စားဘူး၊ လိုက်စားခဲ့တာလည်းမရှိဘူးလို့ ဘယ်သူအာမခံမလဲ။ လက်ရှိကားပါကင်သတ်မှတ်ချက်ချမှတ်သူ၊ CIF မထုတ်ပြန်ဖို့စီမံခဲ့တဲ့ တာဝန်ရှိသူတွေအာမခံသလား။ ခေတ်အဆက်ဆက်ကားသွင်းလာတဲ့သူတွေဟာ မရရအောင်လမ်းဖောက်တတ်ကြပါတယ်။
    
ဦးအောင်သောင်း ကုန်သွယ်ရေးဒုဝန်ကြီး လက်ထက်တုန်းက နိုင်ငံခြားပညာတော်သင်၊ နိုင်ငံခြားအားကစားပွဲ သွားခဲ့တဲ့သူတွေ ရက်ပိုင်းလောက်ပဲသွားပြီး ဒေါ်လာ ၃၀၀၀ မရခဲ့တာကို ပွဲစားတွေ၊ လုပ်ငန်းရှင်တွေက ဒေါ်လာ ၃၀၀၀ မပြည့်ပြည့်အောင် ဘယ်လိုလုပ်သွားခဲ့သလဲ၊ ကာလာပရင်တာတွေနဲ့ ဘယ်လိုအင်ထုပြီးလုပ်သွားကြသလဲ ပြန်စုံစမ်းကြည့်လိုက်ပါဦး။
    
လုပ်ငန်းရှင်ဆိုတာ ဒီလိုပဲလုပ်တတ်ကြောင်းကိုလည်း အစဉ်အဆက်လုပ်ခဲ့၊ လုပ်ပြခဲ့တာတွေက သက်သေခံနေတဲ့အတွက် အဂတိလိုက်စားမှုမဖြစ်ဘူးလို့ ဘယ်သူအာမခံမလဲ။

ထွေ/အုပ်၊ စည်ပင်တွေ အဲ့လောက်အချိန်အားသလား
    
တစ်ရက်ကို အခုဆို အစီးရေ ၄၀၀ နဲ့ ၅၀၀ ကြားပါမစ်လျှောက်နေကြတယ်။ ပုံမှန်ဆို နေ့စဉ် ၃၅၀ လောက် ပါမစ်လျှောက်ကြတယ်။ တစ်ရက်ကိုရာနဲ့ချီ၊ တစ်ပတ်ဆိုထောင်နဲ့ချီတဲ့ ကားပါကင်နေရာတွေကို ထွေ/ အုပ်ဝန်ထမ်းတွေအနေနဲ့ တိတိကျကျလိုက်စစ်နိုင်မလား။
    
နိုင်ငံအတွက်အရေးကြီးတဲ့ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်က ထွေ/အုပ်ဦးစီးဌာန၀န်ထမ်းတွေအနေနဲ့ တိုင်းပြည်အတွက် ဒီထက်မကအရေးကြီးတာတွေလုပ်ရဖို့ရှိနေတာကို ဘာမဟုတ်တဲ့ ကားပါကင်ရှိ မရှိ တိတိကျကျ လိုက်စစ်ပေးနေရလောက်အောင် တော်တော်အချိန်အား ကြပါ့မလားဗျာ။ ၀န်ထမ်းတွေကိုလည်းပြန်မေးကြည့်ပါဦး သူ့အလုပ်နဲ့သူအားကြရဲ့လားလို့။ 

ရှောင်ကွင်းခံနေရတဲ့ ဂွင်မဖြစ်တဲ့စနစ်
    
ကားသွင်းခွင့်ပေးတာ သုံးနှစ်ပြည့်ပါပြီ။ ခုထိလည်း မူဝါဒတွေက ပြောင်းလို့မဆုံး တည်ငြိမ်မှုလည်းမရှိ၊ ရေရှည်ကောင်းမယ့်မူဝါဒလည်းမဟုတ်သေးပါဘူး။ မချမှတ်နိုင်ကြသေးပါဘူး။
    
ဂွင်ဖြစ်နိုင်တဲ့အပြောင်းအလဲတွေပဲချမှတ်နေကြပြီး ဂွင်မဖြစ်နိုင်ပဲ ရေရှည်ကောင်းမယ့်စနစ်ကိုတော့ သိသိနဲ့ပတ်ရှောင်နေကြတာအံ့သြစရာပါပဲ။
    
တစ်ရက်ကို အခုဆို ကားပါမစ်ပေါင်း ၄၀၀ ကနေ ၅၀၀ အထိလျှောက်ကြပါတယ်။ ပုံမှန်ဆိုအစီး ၃၅၀ လောက် ပျမ်းမျှလျှောက်ထားကြတယ်။ အဲ့ဒီအထဲမှာ လူတစ်ဦးချင်းတင်သွင်းခွင့်လို့ခေါ်တဲ့ ဖရီးပါမစ်ကအများဆုံးပါ။
    
ယာဉ်အိုယာဉ်ဟောင်းက အဲ့လောက်မဟုတ်ပါဘူး။ သွင်းသမျှကားရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကလဲ ရန်ကုန်ကိုပဲဝင်နေတာပါ။ အဲ့ဒီလိုစနစ်မကျတဲ့ ဖရီးပါမစ်တွေကြောင့် ရန်ကုန်မှာကားကြပ်တာ၊ ကားပါကင်ပြဿနာတွေ ဆက်တိုက်တက်လာတာဖြစ်တယ်ဆိုတာ ကားမူဝါဒချမှတ်သူတွေ ရှင်းရှင်းလင်းလင်းကြီးသိပြီးသားပါ။(စည်းကမ်းမဲ့ကားတွေထိရောက်အောင် အရေးမယူနိုင်လို့ ကားကြပ်တာကတော့အစိုးရရဲ့တာဝန်ပါ)
    
ကျွန်တော်တို့ပြောခဲ့တာက လွန်ခဲ့တဲ့ ၈ နှစ်လောက်က ဆုံးပါးပြီးသူတောင် ကားသွင်းခွင့်ရသွားတဲ့ လက်ရှိဖရိုဖရဲဖရီးပါမစ်စနစ်ကနေ စနစ်ကျတဲ့ဖရီးပါမစ်စနစ်ကိုသွားဖို့ပြောခဲ့တာပါ။ အခွန်ဆောင်ထားတဲ့သူတွေက အခွန်ပြပြီးသွင်း၊ အခွန်မဆောင်ထားတဲ့သူက COE ပါမစ်ဝယ်ယူပြီးသွင်းတဲ့စနစ်က အသင့်တော်ဆုံးပါ။
    
ကျွန်တော်တို့ရေးခဲ့တာက-

၁။ Brand New ဘယ်မောင်းကားတွေဆိုရင် ဒီအတိုင်းဘယ်သူမဆိုသွင်းပါ။

၂။ လက်ရှိဖရီးပါမစ်နဲ့သွင်းနေတဲ့ Used Car ကားဟောင်းတွေကိုသွင်းမယ်ဆိုရင် စင်ကာပူလိုပဲ COE စနစ်နဲ့သွားပါ။ အခွန်ဆောင်ပြနိုင်သူဆို ဒီအတိုင်းသွင်းပါ။

၃။ တစ်လ အစီးရေဘယ်လောက်သွင်းခွင့်ပေးမယ်ဆိုတာကို တွက်ချက်သတ်မှတ်ပါ။

၎။ ယာဉ်အိုယာဉ်ဟောင်းလဲလှယ်မှုစနစ်နဲ့ ကားအရောင်းစင်တာတွေ ဒီအတိုင်းဆက်ထားပါ။

၅။ ဘတ်စ်ကား၊ ကုန်ကားလို အများပြည်သူသယ်ယူပို့ဆောင်ရေးနဲ့ဆိုင်တဲ့ ယာဉ်တင်သွင်းခွင့်တွေကို အခုအတိုင်းထားပါ။
    
Brand New ဘယ်မောင်းကို ဘယ်သူမဆိုသွင်းခွင့်ရတဲ့အတွက် ခရိုနီတွေချည်းပဲ သက်သက်ကောင်းစားတာမဖြစ်တော့ဘူး။ ၀ယ်ရောင်းတွေလည်း သွင်းရောင်းချင်ရောင်းနိုင်တဲ့အတွက် အားလုံးတန်းတူအခွင့်အရေးဖြစ်သွားပါပြီ။ ခရိုနီကောင်းစားရေးမရှိတော့ဘူး။
    
Used Car တွေကိုသွင်းမယ်ဆိုရင်လည်း ခရိုနီဆိုသူတွေရော၊ ၀ယ်ရောင်းတွေရော၊ ပြည်သူရော အားလုံးတန်းတူဖြစ်သွားအောင် COE ကိုအပြိုင်ဝယ်ယူလို့ရတဲ့အတွက် ဖရီးပါမစ်ကြီးလည်းဆက်ရှိမယ်၊ မှတ်ပုံတင်တစ်ခုပြတာနဲ့ ကားသွင်းလို့ရတဲ့ ဘယ်နိုင်ငံမှမရှိတဲ့စနစ်ကနေ စနစ်တကျကားတင်သွင်းမှုဖြစ်သွားမယ်။
    
တစ်လကားသွင်းရမယ့်ပမာဏကို နိုင်ငံမှာတစ်ကယ်လိုအပ်တာနဲ့တွက်ပြီးခွင့်ပြုလိုက်ရင် COE ရှားလို့ လုဝယ်စရာလည်းမလိုတော့ဘူး။
    
COE စနစ်နဲ့သွားလို့ ကားဈေးခုန်တက်သွားမှာလည်းမဟုတ်ပါဘူး။ လက်ရှိ ကားအသစ်စက်စက် Brand New ဈေးတွေကိုတစ်ချက်ကြည့်လိုက်ပါ။ ကျပ်သိန်း ၁၅၀ နဲ့ ကျပ်သိန်း ၂၀၀ ပေးရင် စီးလို့ရတာတွေအများကြီးပါ။
    
မော်ဒယ်နိမ့်တဲ့ကားတွေဈေးတက်မယ်ဆိုရင် အဲ့ဒီအသစ်ကားတွေထက်ကျော်အောင် ဈေးခုန်တက်ပါ့မလား။ အသစ်ဈေးရှိနေလို့ခုန်တက်လာတဲ့ဈေးက အမြဲရိုက်ချခံနေရမှာပဲ။
    
နယ်မှာကားတွေလိုသေးတယ်လို့ ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်ကပြောပါတယ်။ ကားသွင်းခွင့်ပိတ်လိုက်တာမဟုတ်လို့ အသစ်စက်စက်စီးချင်ရင် ကားအရောင်းပြခန်းနဲ့ ၀ယ်ရောင်းတွေဆီမှာဝယ်၊ ကိုယ်တိုင်လည်း COE ၀ယ်ပြီးသွင်းနိုင်ပါတယ်။ Used Car လိုချင်ရင်လည်းရတယ် ကားအရောင်းစင်တာတွေမှာဝယ်၊ ၀ယ်ရောင်းတွေဆီမှာဝယ်၊ ကိုယ်တိုင်လည်းသွင်းလို့ရတဲ့အတွက် နယ်သမားတွေအတွက်ပြဿနာမရှိပါဘူး။
    
ဒီတော့ COE  ပြောင်းလိုက်လို့ ကားဈေးလည်းစွတ်ရွတ်တက်မှာမဟုတ်သလို ခရိုနီကောင်းစားရေးလည်းမရှိတော့ပဲ အားလုံးတန်းတူဖြစ်မယ့်အပြင် စနစ်ကျတဲ့ကားသွင်းမှုတစ်ခုဖြစ်သွားမှာပါ။
    
ဂွင်ဖန်လို့မရနိုင်တဲ့ အဲဒီလိုစနစ်ကိုသွားလို့ရရဲ့သားနဲ့ ဂွင်ဖန်လို့ရနိုင်တဲ့ ရေတိုစနစ်တွေကိုချည်းသတ်မှတ်နေတော့ ဘာကြောင့်လဲ၊ ဘာကြောင့်ဂွင်ဖန်လို့ရနိုင်တာကိုပဲ ပြောင်းလဲနေကြသလဲမေးခွန်းထုတ်တာတော့ မလွန်လောက်ပါဘူး။

ဆေးမြီးတိုနဲ့အကုခံနေရတုန်း ရန်ကုန်
    
နှစ်ထပ်လမ်းတို့ မြို့ပတ်ရထား၊ မြေအောက်ရထား၊ ကားပါကင်အဆောက်အအုံတို့လို အများပြည်သူအတွက် ရေရှည်ကောင်းမယ့်လမ်းမူဝါဒမျိုးကတော့ ခုထိမမြင်ရသေးပဲ ရန်ကုန်ကတော့ ဆေးမြီးတိုတွေနဲ့ အကုခံနေရတုန်းပါ။
    
ငါးပွက်ရာငါးစာချသလို ခုံးကျော်လေးတွေလိုက်ဆောက်၊ အဲဒီနေရာမှာချောင်ပြီး နောက်တစ်နေရာသွားကြပ်၊ နောက်တစ်နေရာကို တစ်ခါ ခုံးကျော်ထပ်ဆောက်နဲ့ ရေတိုဖြေရှင်းနည်းဆေးမြီးတိုနဲ့ ကုကြပါတယ်။ လမ်းလယ်ဘလောက်တုံးတွေလိုက်ချပြီးလည်း ကုနေကြတုန်းပါ။ ကားကြပ်တာသာလျော့မသွားတာ ခုံးကျော်ဆောက်ခွင့်ရတဲ့ အစိုးရနဲ့နီးစပ်သူတွေနဲ့ ဘလောက်တုံးလုပ်ငန်းနဲ့ဆက်စပ်သူတွေက တော့ခုလောက်ဆို ထောပြီးရင်ထောနေလောက်ပြီ။
    
ရေတိုကုစားနည်းဖြစ်တဲ့အတွက် ဘယ်လောက်ပဲလုပ်လုပ် လမ်းနဲ့ကားမမျှတဲ့အချက်ကြောင့် ကားတွေကြပ်တုန်းပါပဲ။
    
အဖြေက လမ်း၊ ပါကင်၊ အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် ရေရှည်ကောင်းမယ့်မူဝါဒကို အရင်အကောင်အထည်ဖော်ရမှာပါ။ မချနိုင်မလုပ်နိုင်သေးရင် တကယ်လိုအပ်မှ ကားဝယ်စီး၊ မလိုအပ်ပဲကားဝယ်မစီးတဲ့အခြေအနေဖြစ်သွားအောင် စနစ်ကျတဲ့ကားသွင်းမှုမူဝါဒကိုပြောင်းလဲရမှာပါ။
    
အဖြေသိတယ်၊ ဂွင်မဖြစ်ပဲ ရေရှည်ကောင်းမယ့်စနစ်ကိုသိတယ်၊ ဒါပေမယ့် သိသိနဲ့ ဘယ်သူမှအကောင်အထည်မဖော်ပဲ ပတ်ရှောင်ပြီး ဂွင်ဖြစ်နိုင်တဲ့သတ်မှတ်ချက်တွေကိုပဲ အစဉ်တစ်စိုက်ပြောင်းလဲနေတာကတော့ "လျော့သွားစေချင်တာကကားကြပ်တာ၊ ဖြစ်လာတာက ဂွင်ဖန်ဖို့များဖြစ်လာအုံးမလား၊ ခုတ်ရာတခြား ရှရာတလွဲဆက်ဖြစ်နေအုံးမလား၊ အနာတခြားဆေးတခြားနဲ့ ကုလို့မပြီးသေးဘူးလား" လို့မေးရမလိုဖြစ်နေပါပြီ။

မမီတာလား ဂွင်လား
    
ကားမူဝါဒချမှတ်မူ၊ ရန်ကုန်ကားကြပ်တာဖြေရှင်းမှုတွေနဲ့ပတ်သက်ရင် ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးဝင်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေနဲ့ မြို့တော်ဝန်ဦးလှမြင့်တို့ငါးဦးဟာ မပြေးသော်လည်းကန်ရာရှိ တာဝန်ရှိတယ်ဆိုတာငြင်းလို့မရပါဘူး။
    
ဂွင်ဖန်လို့မရတဲ့၊ ကိုယ်ကျိုးတကယ်မဖက်တဲ့စနစ်ကိုချချင်တယ်ဆိုရင် နိုင်ငံတကာမှာကျင့်သုံးနေတဲ့ မူဝါဒတွေထဲက ကိုယ်နဲ့အကိုက်ညီဆုံးကိုကျင့်သုံးလို့ရပါတယ်။
    
အဲ့ဒီလို ကိုယ်ကျိုးမဖက်တဲ့မူဝါဒတွေရှိရက်နဲ့ ဂွင်ဖန်လို့ရနိုင်တဲ့အနေအထားမျိုးတွေကိုချမှတ်တာကတော့ နိုင်ငံတကာစနစ်တွေကိုလိုက်မမီ၊ နားမလည်တာလား၊ အဲ့ဒီလိုမမီတဲ့သူတွေကပဲ မူဝါဒချမှတ်နေလို့ အခုလိုလွဲနေတာလား၊ ဒါမှမဟုတ်ရင်တော့ အများထင်နေသလို ဂွင်ပဲလား မေးရမလိုဖြစ်နေပါပြီ။ 

(သီလ၀ါ ယာဉ်အိုယာဉ်ဟောင်းလက်ခံရာပြင်ပဌာနတွင် လာရောက်အပ်နှံသည့် ဖျက်သိမ်းကားများအား ဒီဇင်ဘာ ၂၂ ရက်ကတွေ့ရစဉ်)

(သီလ၀ါ ယာဉ်အိုယာဉ်ဟောင်းလက်ခံရာပြင်ပဌာနတွင် လာရောက်အပ်နှံသည့် ဖျက်သိမ်းကားများအား ဒီဇင်ဘာ ၂၂ ရက်ကတွေ့ရစဉ်)

"ကားပါကင်ရှိမှ ကားသွင်းခွင့်ပေးမယ်" ဆိုတဲ့အစီအစဉ်ကိုထုတ်ပြန်လိုက်တဲ့နောက်မှာ အားလုံးတညီတညွတ်တည်း ကောက်ချက်ချ၊ မှတ်ချက်ပေးလိုက်တာကတော့ "ခွင်ဖန်ဖို့" "ခွင်တစ်ဂွင်တိုးပြီဟေ့" ဆိုတဲ့ စကားတွေပဲဖြစ်ပါတယ်။

ကားကျပ်တဲ့ဒဏ်ခံရတဲ့ သန်းနဲ့ချီတဲ့ပြည်သူတွေဖြစ်စေခဲ့ချင်တာက ရန်ကုန်မှာ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ချောမွေ့ဖို့၊ ချောမွေ့အောင်မလုပ်နိုင်ခင် ကားကျပ်တာလျော့သွားဖို့၊ လျှော့ချသွားနိုင်မယ့်နည်းလမ်းကိုချမှတ်ဖို့ စတာတွေကိုလိုလားခဲ့ကြတာပါ။

လုပ်ချလိုက်တာကတော့ ကားကျပ်တာလျော့မသွားမယ့်အပြင် ခွင်ဖန်လို့ ရနိုင်တဲ့ပုံစံမျိုးပဲဖြစ်ခဲ့တဲ့ အတွက် ပြည်သူအတွက် ထူးမခြားနားဖြစ်မယ့်အပြင် ခွင်ကိစ္စတွေနဲ့ပါရင်ဆိုင်ရနိုင်မယ့် အနေ အထားဖြစ်နေပါတယ်။

ဒီရက်ပိုင်းထုတ်ပြန်လိုက်သမျှ ကားတင်သွင်းမှုနဲ့ပတ်သက်တာတွေထဲမှာ အများစုက ခွင်ဖန်ဖို့ အခွင့် အရေးပေးထားသလိုဖြစ်နေတဲ့အတွက် ၂၀၁၅ ခုနှစ်ကတော့ အကျင့်ပျက်ချင်သူတွေအတွက် ခွင်နှစ်၊ ပြည်သူအတွက်တော့ ကားကျပ်မှုပိုဆိုးရွားတော့မယ့်နှစ်လို့ ကြိုတွက်ထားလို့ရတဲ့အခြေအနေလို့လည်း သုံးသပ်သူတွေကသုံးသပ်နေပါပြီ။




ခွင်ဖန်လို့ရတဲ့ပုံစံမျိုးတွေပဲ ချမှတ်လုပ်ကိုင်တာ ခုမှမဟုတ်ပါဘူး။ ကားမူဝါဒစပြောင်းကတည်းက စတင်ခဲ့တာပါ။

ခွင် နဲ့ စဖွင့် တဲ့ ကားမူဝါဒ

အစိုးရသစ်လက်ထက်မှာ ကားဟောင်းတွေအပ်ပြီး ကားသစ်သွင်းခွင့်ပေးတော့မယ့်မူဝါဒချမှတ်ဖို့ စီစဉ်ခဲ့တယ်။ ကားဟောင်းတွေအအပ်ခံတော့မယ်ဆိုတာကို အများပြည်သူမသိခင်မှာ တာဝန်ရှိသူတချို့ဆီကနေ လုပ်ငန်းရှင်တချို့ ကြိုပြီးသတင်းရခဲ့ကြပါတယ်။

အဲ့ဒီမှာ သတင်းကြိုရတဲ့သူတွေက လက်ဦးမှုယူပြီးတော့ ကားဟောင်းတွေအစုလိုက်အပြုံလိုက် ၀ယ်လှောင်ကြပါတယ်။

အဲ့ဒီလိုလှောင်လို့ဝတော့မှ ကားမူဝါဒကို အများပြည်သူကိုထုတ်ပြန်လိုက်တာပါ။ သတင်းကြိုရတဲ့သူတွေက မသိနား မလည်သူပြည်သူတွေ ဆီက တစ်စီး ၁၀ သိန်း၊ သိန်း ၂၀ နဲ့ ကားဟောင်းတွေကို ၀ယ်လှောင် ခဲ့ကြ တယ်။ နောက်တော့ဈေးထိုး တက်သွားတဲ့အခါ တစ်စီးကျပ် သိန်း ၁၅၀ လောက် အထိရသွားတဲ့ သူတွေတောင် ရှိ ပြီး ကျပ်သိန်းပေါင်းထောင်သောင်းချီ အကျိုးအမြတ်ရသွားတာ ကားလောကတစ်ခုလုံး သိကြပါတယ်။

ကားမူဝါဒ က အဲ့ဒီလို ကားဟောင်း သတင်း ကြိုပေးတဲ့ခွင်နဲ့ စခဲ့ကြတာလို့ ပြောရတော့မှာပါ။

ကားဟောင်းပြီးတော့ တက္ကစီဂွင်

ကားဟောင်းခွင်ပြီးသွားပြန်တော့ တက္ကစီဂွင်ဆိုပြီး ခွင်သစ်ထပ်ပေါ်လာခဲ့ပြန်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထောက်ခံချက်နဲ့ တက္ကစီကုမ္ပဏီတွေထောင်တယ်၊ တက္ကစီတွေကို အခွန်လျှော့ပေါ့ခွင့်နဲ့သွင်းကြတယ်။ သွင်းကတည်းက ပြန်ရောင်းမစားရဘူး။ ငှားလို့ပဲရမယ်ဆိုပြီးသတ်မှတ်ထားပေမယ့် နောက်တော့ ကုမ္ပဏီတွေက အခွန်လျှော့ပေါ့ခွင့်နဲ့သွင်းထားတဲ့ကားတွေကို အပြင် ကို ဈေးကောင်းကောင်း နဲ့ပြန်ထုတ်ရောင်းလို့ ကုမ္ပဏီထောင်ခွင့်ရသူတွေထောသွားပြန်တယ်။ (အကျင့်ပျက် တာဝန်ရှိသူ တချို့ဆို တစ်စီးဘယ်လောက်နှုန်းနဲ့ဆိုပြီးရသွားတယ်လို့ လုပ်ငန်းရှင်တွေကြားမှာတောင် သတင်းထွက်ခဲ့သေးတယ်)

တက္ကစီပြီးတော့ ပါကင် ခွင်လား

ခုတစ်ကြိမ်ထပ်ပြောင်းလိုက်ပြန်ပါပြီ။ ပါကင်မရှိရင်ကားမသွင်းရတဲ့စနစ်ပါ။ ပါကင်ရှိကြောင်းထောက်ခံချက်ပုံစံတွေကို သက်ဆိုင်ရာမြို့နယ်ထွေ/အုပ်ရုံးတွေမှာ စုံစမ်းကြည့်ရှုလုပ်ကိုင်ဖို့ ထုတ်ပြန်လိုက်ပါတယ်။

ကားဝယ်မယ့်သူ၊ ကားသွင်းမယ့်သူတွေက ပါကင်သတ်မှတ်ချက်စည်းကမ်းအပေါ်ကိုတော့ အရင်က တက္ကစီ၊ ကားဟောင်းတုန်းကလိုမျိုး ခွင်ဖြစ်သွားနိုင်တယ်၊ ခွင်မဖန်ဘူးဆိုရင်တောင် ဖန်ချင်တဲ့သူတချို့ ဖန်တီးလို့ရတဲ့ အခြေအနေရှိတဲ့ သတ်မှတ်ချက်ပုံစံလိုဖြစ်နေတယ်လို့ ပြောလာခဲ့ကြတဲ့အတွက် ပါကင်ကလည်း ခွင်ဖြစ် လာနိုင်သလား အားလုံးပြောသလို ခွင်ဖြစ်သွားမလား တာဝန်ရှိသူတွေ ကြိုတင်စဉ်းစားထားသင့်ပါတယ်

CIF တရားခံ ဘယ်သူလဲ

အဆိုးဆုံး ကတော့ CIF တွေကို မထုတ်ပြန်တော့ဘူးဆိုတာကို ကြိုတင်အသိမပေးဘဲ နှစ်ကုန်ခါနီး အနားနီးမှ မထုတ်ပြန်တဲ့အကြောင်း ပြည်သူကိုအသိပေးတာပါ။ အဲ့ဒီအတွက် ကားတင်သွင်းသူတွေအားလုံး မမီ မကမ်းဖြစ်၊ လုပ်ကိုင်ရခက်နဲ့ ၀ရုန်းသုန်းကားဖြစ်ကုန်ကြပါတယ်။ အခုလည်းဖြစ်နေတုန်းပါ။

CIF ကလည်း တကယ်တော့ အစကထုတ်ပြန်ဖို့အတွက် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေအထိ တွက်ချက်တင်ပြခဲ့ပြီးသားပါ။ အဲ့ဒီပြည်ထောင်စုအဆင့် အဖွဲ့အစည်းကိုတင်ပြပြီးနောက်မှ မထုတ်ပြန်တော့ တာဖြစ်လို့ CIF မထုတ်ပြန်ဖြစ်တာ၊ အနားနီးမှ မထုတ်ပြန်တဲ့အကြောင်း အသိပေးနိုင်တာတွေက အဲ့ဒီပြည်ထောင်စုအဆင့်အဖွဲ့အစည်း တာဝန်ရှိသူတချို့ကြောင့်လည်း ဖြစ်နိုင်တယ်ဆိုပြီး လုပ်ငန်းရှင် တချို့ကသုံးသပ်ထားပါတယ်။

CIF ထုတ်ပြန်ဖို့တင်ပြခဲ့တဲ့ အဖွဲ့အစည်းထဲမှာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းတာဝန်ယူထား တဲ့ ပြည်ထောင်စု စီးပွားရေးရာကော်မတီ ကိုလည်း တင်ပြခဲ့တာလို့ လုပ်ငန်းရှင်တွေကြားမှာ သိထားကြ ပါတယ်။ ဘယ်သူတွေက မထုတ်ပြန်ဖို့ စီစဉ်ခဲ့သလဲဆိုတာတော့ လုပ်ခဲ့တဲ့တာဝန်ရှိသူတွေကိုယ်တိုင်ပဲ သိကြမှာပါ။

Custom ခွင်ရောပြန်ဖြစ်ဦးမလား

ဒီရက်ပိုင်းမှာ ထုတ်ပြန်တဲ့ ကားသွင်းမှုနဲ့ ပတ်သက်တဲ့ သတ်မှတ်ချက်တွေထဲမှာ ကားသွင်းသူတွေ မဖြစ်ချင် ဆုံးသတ်မှတ်ချက် တစ်ခုပါလာပါတယ်။

CIF တွေမထုတ်ပြန်တော့ဘဲ အရင်ကလို Custom က Value ပြန်သတ်မှတ်ပြီးသွားမယ့် သတ်မှတ်ချက် ပဲဖြစ်ပါတယ်။

အရင်တုန်း က ကားတန်ဖိုးတွေကို Custom ကသတ်မှတ်တဲ့စနစ်နဲ့ သွားခဲ့ပါသေးတယ်။ အဲ့ဒီလိုသွားတုန်းက Custom ဟာ အရမ်းနာမည် ထွက်ခဲ့သလို တင်သွင်းသူတွေလည်း အရမ်းလုပ်ရကိုင်ရခက်၊ ခဏခဏပြဿနာေ တွဖြစ်၊ ခဏခဏတိုင်ကြတောကြတဲ့အထိဖြစ်ခဲ့ပါသေးတယ်။

အဲ့ဒီလိုမဖြစ်ဖို့အတွက် CIF ကိုသတ်မှတ်ခဲ့ကြတာပါ။ ဒါကို အခုနောက်ကြောင်းပြန်တဲ့လုပ်ရပ်အဖြစ် CIF ကိုမသတ်မှတ်တော့ဘဲ အရင်တုန်းကလို ခက်ခဲမယ့်စနစ်ကိုပြန်သတ်မှတ်လိုက်တဲ့အတွက် Custom တန်ဖိုးပြန်သတ်မှတ်မယ့်စနစ်ဟာ အရင်ကလိုပဲ နာမည်ထွက်ဦးမယ့်သတ်မှတ်ချက်မျိုးပဲဖြစ်ဦးမလားလို့ ကားတင်သွင်းသူတွေကတော့ စိုးရိမ်နေကြပါတယ်။ 
 
လုံးဝလက်မခံနိုင်ဘူးလို့တောင် တချို့တွေကပြောကြားလာတာရှိပါတယ်။ အဓိကအချက်ကတော့ အရင်ကလို ခွင်မကင်းတဲ့ Custom စနစ်မျိုးဖြစ်လာမှာကို စိုးရွံ့တာလို့ထောက်ပြကြပါတယ်။

ကားကျပ်တာလျော့သွားမှာလား

ရန်ကုန်ကို ကားဝင်ရောက်မှု ကန့်သတ်လိုတဲ့ အတွက်၊ ရန်ကုန်ကားကြပ်မှုဆိုးရွားမသွားဖို့အတွက် ပါကင် သတ်မှတ်ချက်ကိုလုပ်ကြတာဖြစ်မှာပါ။

ဒါဆို ကားကျပ်တာလျော့သွားမှာ လား။ ကွမ်းခြံကုန်း၊ ဒလ၊ သန်လျင်လိုမြို့နယ်တွေ မှာ ပါကင်ပြ ပြီး ထောက် ခံ ချက်ယူမယ်၊ ဒဂုံဆိပ်ကမ်းလို မြို့စွန်တွေမှာ မြေကွက်ဝယ်ထားပြီး ပါကင်ပြမယ်၊ အစွန် ဘက်မြို့နယ်တွေ မှာနေတဲ့သူတွေအမည်နဲ့ သူတို့ခြံပါကင်ပြပြီးယူမယ် သွင်းကြမယ်ဆိုရင် လည်း ဖြစ်လာနိုင်တာပါပဲ။ ရတဲ့နည်းနဲ့ လုပ်လည်း လုပ်လာနိုင်ပါတယ်။ တတ်နိုင်တဲ့သူတွေဆို ပါကင်ပြစရာမရှိရင် နယ်လိုင်စင်နဲ့ သွင်းပြီး နယ်ကျော်ခပေးမယ်၊ ရန်ကုန်မှာစီးမယ်ဆိုပြီးလုပ်လာနိုင်တာပါပဲ။

ဝေးဝေးမကြည့်နဲ့။ လွန်ခဲ့တဲ့ရှစ်နှစ်လောက်က ဆုံးပါးပြီးသူတောင် ကားသွင်းခွင့်ရသွားသေးတာပဲ။ ဖြစ်မလာဘူးလို့ ဘယ်သူအာမခံမလဲ။ ဒီလိုဆိုရင် ရန်ကုန်ဝင်တဲ့ကားအစီးရေက ဒီလောက်အထိ သိသိသာသာလျော့သွားစရာမရှိတဲ့အတွက် ကားကျပ်တာ ဒီလောက်အထိလျော့သွားမှာမဟုတ်ပါဘူး။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ ပါကင်သတ်မှတ်ချက်မချမှတ်ခင်ကတည်းက ကားပါကင် ဘယ်နှစ် ခုဆောက်ပေးပြီးပြီလဲ အရင်စဉ်းစားရမှာပါ။ ကားပါကင်လုံလုံလောက်လောက်ဆောက်ပေးရမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့တာဝန်ပါ။ ဆောက်ပေးထားလို့ ကားပါကင်ထောက်ခံချက်တောင်းတယ်ဆို ရင်တော့ လမ်းကြောင်းကမှန်သေးတယ်လို့ပြောလို့ရသေးတာပေါ့။

ဂျပန်၊ စင်ကာပူနိုင်ငံတွေမှာ ကားပါကင်တွေ အလုံအလောက်ရှိလို့ သူ့စနစ်နဲ့သူသွားတာ။

ဒါပေမဲ့ ကားပါကင်လုံလုံလောက်လောက်ဆောက်ပေးမထားဘဲ ကားပါကင်ပြနိုင်မှ ကားသွင်းခွင့်ပေးမယ် ဆိုလိုက်တော့ ဘာတွေဆွေးနွေးပြီး ဘယ်သူတွေက ဒီလိုအကြံတွေပေးလိုက်သလဲ မေးစရာဖြစ်လာတာပေါ့။

ခြံရှိတဲ့ သူ ပါမစ်ရောင်းစားမယ်

ကားပါကင် သတ်မှတ်ချက် ထုတ်ပြန်လိုက်တော့ ခြံပိုင်ရှိတဲ့ သူတွေ လက်မထောင်ပြန်တာပေါ့။ ရှင်း တယ်လေ ခြံပိုင်ရှိတဲ့ သူက ပါကင်နေရာရောင်းစားရင် စားမယ်၊ ဒီထက် မက ကိုယ့်ခြံ ကိုယ်ပြ ပါကင်ထောက်ခံချက်တွေ ယူပြီး ပါမစ်လျှောက်ထားပြီးရင် ပါမစ်ပြန်ရောင်းစားမယ်။ ဒီလိုဆို ရန်ကုန် ကားကျပ်တာ ဘာထူးခြားသွားမှာလဲ။

ခြံတွေအိမ်တွေများများ ပိုင်ထားတဲ့သူတွေပဲ ထပ်ကောင်းစားအောင် လုပ်ပေးသလိုဖြစ်နေမှာပါ။

Custom နဲ့ ထွေ/အုပ် အဂတိ မလိုက်စားဘူးလို့ အာမခံရဲလား

အခုပြင်ဆင်လိုက် တဲ့ ကားနဲ့ ပတ်သက်တဲ့ အချက်တွေကိုကြည့်ရင် ကားပါကင်ထောက်ခံချက်အတွက် ထွေ/အုပ်ဦးစီးဌာနနဲ့လုပ်ရမယ်။ CIF မထုတ်တော့တဲ့အတွက် Custom နဲ့ အရင်လိုပြန်လုပ်ရမယ်။

ဟုတ်ပြီ Custom၊ ထွေ/အုပ်၊ စတာတွေ ဟာ လုံးဝအဂတိမလိုက်စားဘူး၊ လိုက်စားခဲ့တာလည်း မရှိဘူးလို့ ဘယ်သူ အာမခံမလဲ။ လက်ရှိကားပါကင်သတ်မှတ်ချက်ချမှတ်သူ၊ CIF မထုတ်ပြန်ဖို့ စီမံခဲ့တဲ့ တာဝန်ရှိ သူတွေ အာမခံသလား။ ခေတ် အဆက်ဆက်ကားသွင်း လာတဲ့သူတွေဟာ မရရအောင် လမ်းဖောက် တတ်ကြပါတယ်။

ဦးအောင်သောင်း ကုန်သွယ်ရေး ဒုဝန်ကြီး လက်ထက်တုန်းက နိုင်ငံခြား ပညာတော်သင် ၊ နိုင်ငံခြား အားကစား ပွဲ သွားခဲ့တဲ့ သူတွေ ရက်ပိုင်းလောက်ပဲ သွားပြီး ဒေါ်လာ ၃၀၀၀ မရခဲ့တာကို ပွဲစားတွေ၊ လုပ်ငန်းရှင်တွေက ဒေါ်လာ ၃၀၀၀ မပြည့်ပြည့်အောင် ဘယ်လို လုပ်သွားခဲ့သလဲ၊ ကာလာပရင်တာတွေနဲ့ ဘယ်လို အင်ထုပြီးလုပ်သွားကြသလဲ ပြန်စုံစမ်းကြည့်လိုက်ပါဦး

လုပ်ငန်းရှင် ဆိုတာ ဒီလိုပဲ လုပ်တတ်ကြောင်း ကိုလည်း အစဉ်အဆက်လုပ်ခဲ့၊ လုပ်ပြခဲ့တာတွေက သက်သေခံနေတဲ့ အတွက် အဂတိလိုက်စားမှုမဖြစ်ဘူးလို့ ဘယ်သူအာမခံမလဲ။

ထွေ/အုပ်၊ စည်ပင်တွေ အဲ့ဒီ လောက်အချိန်အားသလား


တစ်ရက်ကို အခုဆို အစီးရေ ၄၀၀ နဲ့ ၅၀၀ ကြား ပါမစ်လျှောက်နေကြတယ်။ ပုံမှန်ဆို နေ့စဉ် ၃၅၀ လောက် ပါမစ်လျှောက်ကြတယ်။ တစ်ရက်ကို ရာနဲ့ချီ၊ တစ်ပတ်ဆိုထောင်နဲ့ချီ တဲ့ ကားပါကင်နေရာတွေကို ထွေ/ အုပ်ဝန် ထမ်းတွေအနေနဲ့ တိတိကျကျလိုက်စစ်နိုင်မလား။

နိုင်ငံအတွက်အရေးကြီးတဲ့ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်က ထွေ/အုပ်ဦးစီးဌာန၀န်ထမ်းတွေအနေနဲ့ တိုင်းပြည်အတွက် ဒီထက်မကအရေးကြီးတာတွေလုပ်ရဖို့ရှိနေတာကို ဘာမဟုတ်တဲ့ ကားပါကင်ရှိ မရှိ တိတိ ကျကျ လိုက်စစ်ပေးနေရလောက်အောင် တော်တော်အချိန်အား ကြပါ့မလားဗျာ။ ၀န်ထမ်းတွေကို လည်းပြန်မေးကြည့် ပါဦး သူ့အလုပ်နဲ့ သူအားကြရဲ့လားလို့။

ရှောင်ကွင်းခံနေရတဲ့ ဂွင်မဖြစ်တဲ့စနစ်

ကားသွင်းခွင့်ပေးတာ သုံးနှစ်ပြည့် ပါပြီ။ ခုထိလည်း မူဝါဒတွေက ပြောင်းလို့မဆုံး တည်ငြိမ်မှုလည်း မရှိ၊ ရေရှည်ကောင်းမယ့်မူဝါဒ လည်းမဟုတ်သေးပါဘူး။ မချမှတ်နိုင်ကြသေးပါဘူး။

ဂွင်ဖြစ်နိုင်တဲ့အပြောင်းအလဲတွေပဲချမှတ်နေကြပြီး ဂွင်မဖြစ်နိုင်ပဲ ရေရှည်ကောင်းမယ့်စနစ်ကိုတော့ သိသိနဲ့ ပတ်ရှောင်နေကြတာအံ့သြစရာပါပဲ။

တစ်ရက်ကို အခုဆို ကားပါမစ်ပေါင်း ၄၀၀ ကနေ ၅၀၀ အထိလျှောက်ကြပါတယ်။ ပုံမှန်ဆိုအစီး ၃၅၀ လောက် ပျမ်းမျှလျှောက်ထားကြတယ်။ အဲ့ဒီအထဲမှာ လူတစ်ဦးချင်းတင်သွင်းခွင့်လို့ခေါ်တဲ့ ဖရီးပါမစ်က အများဆုံးပါ။

ယာဉ်အိုယာဉ်ဟောင်းက အဲ့လောက် မဟုတ်ပါဘူး။ သွင်းသမျှကားရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကလဲ ရန်ကုန်ကိုပဲ ၀င်နေတာပါ။ အဲ့ဒီလို စနစ်မကျတဲ့ ဖရီးပါမစ်တွေကြောင့် ရန်ကုန်မှာကားကြပ်တာ၊ ကားပါ ကင်ပြဿနာတွေ ဆက်တိုက် တက်လာတာဖြစ်တယ် ဆိုတာ ကားမူဝါဒ ချမှတ်သူတွေ ရှင်းရှင်းလင်း လင်းကြီး သိပြီးသားပါ။(စည်းကမ်းမဲ့ကားတွေထိရောက်အောင် အရေးမယူနိုင်လို့ ကားကြပ်တာ ကတော့ အစိုးရ ရဲ့တာဝန်ပါ)

ကျွန်တော်တို့ပြောခဲ့တာက လွန်ခဲ့တဲ့ ၈ နှစ်လောက်က ဆုံးပါးပြီး သူတောင် ကားသွင်းခွင့်ရသွားတဲ့ လက်ရှိ ဖရိုဖရဲဖရီးပါမစ်စနစ်ကနေ စနစ်ကျတဲ့ဖရီးပါမစ်စနစ်ကိုသွားဖို့ပြောခဲ့တာပါ။ အခွန်ဆောင်ထားတဲ့သူတွေက အခွန်ပြပြီးသွင်း၊ အခွန်မဆောင်ထားတဲ့သူက COE ပါမစ်ဝယ်ယူပြီးသွင်းတဲ့စနစ်က အသင့်တော်ဆုံးပါ။

ကျွန်တော်တို့ရေးခဲ့တာက-

၁။ Brand New ဘယ်မောင်းကားတွေဆိုရင် ဒီအတိုင်းဘယ်သူမဆိုသွင်းပါ။

၂။ လက်ရှိဖရီးပါမစ်နဲ့သွင်းနေတဲ့ Used Car ကားဟောင်းတွေကိုသွင်းမယ်ဆိုရင် စင်ကာပူလိုပဲ COE စနစ်နဲ့သွားပါ။ အခွန်ဆောင်ပြနိုင်သူဆို ဒီအတိုင်းသွင်းပါ။

၃။ တစ်လ အစီးရေဘယ်လောက်သွင်းခွင့်ပေးမယ်ဆိုတာကို တွက်ချက်သတ်မှတ်ပါ။

၎။ ယာဉ်အိုယာဉ်ဟောင်းလဲလှယ်မှုစနစ်နဲ့ ကားအရောင်းစင်တာတွေ ဒီအတိုင်းဆက်ထားပါ။

၅။ ဘတ်စ်ကား၊ ကုန်ကားလို အများပြည်သူသယ်ယူပို့ဆောင်ရေးနဲ့ဆိုင်တဲ့ ယာဉ်တင်သွင်းခွင့်တွေကို အခုအတိုင်းထားပါ။

Brand New ဘယ်မောင်းကို ဘယ်သူမဆိုသွင်းခွင့်ရတဲ့အတွက် ခရိုနီတွေချည်းပဲ သက်သက်ကောင်းစား တာမဖြစ်တော့ဘူး။ ၀ယ်ရောင်းတွေလည်း သွင်းရောင်းချင်ရောင်းနိုင်တဲ့အတွက် အားလုံးတန်းတူ အခွင့် အရေးဖြစ်သွားပါပြီ။ ခရိုနီကောင်းစားရေးမရှိတော့ဘူး။

Used Car တွေကိုသွင်းမယ်ဆိုရင်လည်း ခရိုနီဆိုသူတွေရော၊ ၀ယ်ရောင်းတွေရော၊ ပြည်သူရော အား လုံးတန်းတူဖြစ်သွားအောင် COE ကိုအပြိုင်ဝယ်ယူလို့ရတဲ့အတွက် ဖရီးပါမစ်ကြီးလည်းဆက်ရှိမယ်၊ မှတ်ပုံတင် တစ်ခုပြတာနဲ့ ကားသွင်းလို့ ရတဲ့ ဘယ်နိုင်ငံမှ မရှိတဲ့စနစ်ကနေ စနစ်တကျ ကားတင်သွင်း မှုဖြစ်သွားမယ် တစ်လကားသွင်းရမယ့် ပမာဏကို နိုင်ငံမှာတစ်ကယ်လိုအပ်တာနဲ့တွက်ပြီးခွင့်ပြုလိုက်ရင် COE ရှားလို့ လုဝယ်စရာလည်းမလိုတော့ဘူး။

COE စနစ်နဲ့သွားလို့ ကားဈေးခုန်တက်သွားမှာလည်း မဟုတ်ပါဘူး။ လက်ရှိ ကားအသစ်စက်စက် Brand New ဈေးတွေကို တစ်ချက်ကြည့်လိုက်ပါ။ ကျပ်သိန်း ၁၅၀ နဲ့ ကျပ်သိန်း ၂၀၀ ပေးရင် စီးလို့ရတာတွေ အများကြီးပါ။

မော်ဒယ်နိမ့်တဲ့ ကားတွေဈေးတက်မယ် ဆိုရင် အဲ့ဒီအသစ်ကားတွေထက်ကျော်အောင် ဈေးခုန်တက်ပါ့ မလား။ အသစ်ဈေး ရှိနေလို့ခုန်တက်လာတဲ့ဈေးက အမြဲရိုက်ချခံနေရမှာပဲ။

နယ်မှာ ကားတွေလိုသေးတယ်လို့ ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်ကပြောပါတယ်။ ကားသွင်းခွင့်ပိတ် လိုက် တာမဟုတ်လို့ အသစ်စက်စက် စီးချင်ရင် ကားအရောင်းပြခန်းနဲ့ ၀ယ်ရောင်းတွေဆီမှာဝယ်၊ ကိုယ်တိုင်လည်း COE ၀ယ်ပြီးသွင်းနိုင်ပါတယ်။ Used Car လိုချင်ရင်လည်းရတယ် ကားအရောင်းစင်တာတွေမှာဝယ်၊ ၀ယ်ရောင်းတွေဆီမှာဝယ်၊ ကိုယ်တိုင်လည်းသွင်းလို့ရတဲ့အတွက် နယ်သမားတွေအတွက်ပြဿနာမရှိပါဘူး။

ဒီတော့ COE ပြောင်းလိုက်လို့ ကားဈေးလည်း စွတ်ရွတ်တက်မှာ မဟုတ်သလို ခရိုနီကောင်းစားရေးလည်းမရှိတော့ပဲ အားလုံးတန်းတူဖြစ်မယ့်အပြင် စနစ်ကျတဲ့ကားသွင်းမှုတစ်ခုဖြစ်သွားမှာပါ။

ဂွင်ဖန်လို့ မရနိုင်တဲ့ အဲဒီလို စနစ်ကို သွားလို့ရရဲ့သားနဲ့ ဂွင်ဖန်လို့ရနိုင်တဲ့ ရေတို စနစ်တွေ ကိုချည်း သတ် မှတ်နေတော့ ဘာကြောင့်လဲ၊ ဘာကြောင့်ဂွင်ဖန်လို့ရနိုင်တာကိုပဲ ပြောင်းလဲနေကြသလဲမေးခွန်းထုတ် တာတော့ မလွန်လောက်ပါဘူး။

ဆေးမြီးတိုနဲ့ အကုခံနေရတုန်း ရန်ကုန်

နှစ်ထပ်လမ်း တို့ မြို့ပတ်ရထား၊ မြေအောက်ရထား၊ ကားပါကင် အဆောက်အအုံတို့ လို အများပြည်သူ အတွက် ရေရှည်ကောင်းမယ့်လမ်းမူဝါဒ မျိုးကတော့ ခုထိမမြင်ရသေးပဲ ရန်ကုန်ကတော့ ဆေးမြီးတိုတွေနဲ့ အကုခံနေရတုန်းပါ။

ငါးပွက်ရာ ငါးစာ ချသလို ခုံးကျော်လေးတွေ လိုက်ဆောက်၊ အဲဒီနေရာ မှာချောင်ပြီး နောက် တစ်နေရာ သွားကြပ်၊ နောက်တစ်နေရာ ကို တစ်ခါ ခုံးကျော် ထပ်ဆောက်နဲ့ ရေတိုဖြေရှင်းနည်းဆေးမြီးတိုနဲ့ ကုကြ ပါတယ်။ လမ်းလယ် ဘလောက်တုံးတွေ လိုက်ချပြီးလည်း ကုနေကြတုန်းပါ။ 
 
ကားကြပ်တာသာလျော့မသွားတာ ခုံးကျော်ဆောက်ခွင့် ရတဲ့ အစိုးရနဲ့ နီးစပ်သူတွေနဲ့ ဘလောက်တုံး လုပ်ငန်းနဲ့ ဆက်စပ်သူတွေက တော့ခုလောက် ဆို ထောပြီးရင်ထောနေလောက်ပြီ။

ရေတို ကုစားနည်းဖြစ်တဲ့ အတွက် ဘယ်လောက်ပဲ လုပ်လုပ် လမ်းနဲ့ကား မမျှတဲ့ အချက်ကြောင့် ကားတွေကြပ် တုန်းပါပဲ။

အဖြေက လမ်း၊ ပါကင်၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး အတွက် ရေရှည်ကောင်းမယ့် မူဝါဒကို အရင် အကောင်အထည်ဖော်ရမှာပါ။ မချနိုင်မလုပ်နိုင်သေးရင် တကယ် လိုအပ်မှ ကားဝယ်စီး၊ မလိုအပ်ပဲ ကားဝယ် မစီးတဲ့အခြေ အနေဖြစ်သွားအောင် စနစ်ကျတဲ့ ကားသွင်းမှုမူဝါဒ ကိုပြောင်းလဲရမှာပါ။

အဖြေသိတယ်၊ ဂွင်မဖြစ်ပဲ ရေရှည်ကောင်းမယ့်စနစ်ကိုသိတယ်၊ ဒါပေမယ့် သိသိနဲ့ ဘယ်သူမှ အကောင် အထည်မဖော်ပဲ ပတ်ရှောင်ပြီး ဂွင်ဖြစ်နိုင်တဲ့သတ်မှတ်ချက်တွေကိုပဲ အစဉ်တစ် စိုက်ပြောင်းလဲနေတာကတော့ "လျော့သွားစေချင်တာကကားကြပ်တာ၊ ဖြစ်လာတာက ဂွင်ဖန်ဖို့များဖြစ်လာအုံးမလား၊ ခုတ်ရာတခြား ရှရာတလွဲဆက်ဖြစ်နေအုံးမလား၊ အနာတခြားဆေးတခြားနဲ့ ကုလို့မပြီးသေးဘူးလား" လို့မေးရ မလိုဖြစ်နေပါပြီ။

မမှီတာလား ဂွင်လား

ကားမူဝါဒချမှတ်မူ၊ ရန်ကုန်ကားကြပ်တာဖြေရှင်းမှုတွေနဲ့ပတ်သက်ရင် ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးဝင်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေနဲ့ မြို့တော်ဝန်ဦးလှမြင့်တို့ငါးဦးဟာ မပြေးသော်လည်းကန်ရာရှိ တာဝန်ရှိတယ်ဆိုတာငြင်းလို့မရပါဘူး။

ဂွင်ဖန်လို့မရတဲ့၊ ကိုယ်ကျိုးတကယ်မဖက်တဲ့စနစ်ကိုချချင်တယ်ဆိုရင် နိုင်ငံတကာမှာကျင့်သုံးနေတဲ့ မူဝါဒတွေထဲက ကိုယ်နဲ့အကိုက်ညီဆုံးကိုကျင့်သုံးလို့ရပါတယ်။

အဲ့ဒီလို ကိုယ်ကျိုး မဖက်တဲ့ မူဝါဒတွေရှိရက် နဲ့ ဂွင်ဖန်လို့ ရနိုင်တဲ့ အနေအထားမျိုးတွေ ကိုချမှတ် တာ ကတော့ နိုင်ငံတကာ စနစ်တွေကိုလိုက်မမီ၊ နားမလည်တာလား၊ အဲ့ဒီလိုမမီတဲ့သူတွေကပဲ မူဝါဒချမှတ်နေလို့ အခုလို လွဲနေတာလား၊ ဒါ မှမဟုတ်ရင်တော့ အများထင်နေ သလို ဂွင်ပဲလား မေးရမလိုဖြစ်နေပါပြီ။



 Written by: မာန်သူရှိန်
 From...Eleven Media Group

No comments:

Post a Comment