Monday, December 8, 2014

တစ်လင် တစ်မယား စနစ်နှင့် ပြည်သူ့အသံ



မျိုးစောင့် ဥပဒေကြမ်း များကို ယခု ရက်ပိုင်း  အတွင်း အများပြည်သူသို့ ချပြခဲ့သည်။ ဒီဇင်ဘာ ၃ရက် က ချပြ ခဲ့သည့် တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်း  ဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက် ၍ မြို့ပြနေ လူထု အကြား ကြိုဆို၊ ကန့်ကွက်၊ ဝေဖန် သံများ ညံသွား ခဲ့သည်။

တရားဝင် အိမ်ထောင် ရှိလျက်နှင့် ထပ်မံ လက်ထပ် ပါက ထိုသူ  ကို ထောင်ခုနစ်နှစ် အထိ ချမှတ်နိုင်သည် ဟု ယင်း ဥပဒေကြမ်းက ဆိုသည်။ ယင်း ဥပဒေကြမ်း အပေါ် အမျိုးသမီး၊ အမျိုးသား၊ ဥပဒေပညာရှင် တို့၏ ထင်မြင် ယူဆချက် များကို ယနေ့ ပြည်သူ့ အသံ ကဏ္ဍတွင် စုစည်းဖော်ပြလိုက် ပါသည်။

ဒေါက်တာ ဘုန်းမြင့်ဝင်း (ဌာနေ ကိုယ်စားလှယ်) (Burnet Institute)

တစ်လင် တစ်မယား စနစ်ပဲဖြစ်ဖြစ်၊ မယားပြိုင် ယူနိုင်တဲ့ စနစ်ပဲဖြစ် ဖြစ် အရေးကြီးတာ အပြု အမူပါပဲ။ စနစ် တစ်ခုကြောင့် ထိခိုက်မှုတွေ ရှိ တာ မဟုတ်ဘဲ အပြုအမူကြောင့် ထိခိုက်မှုတွေ ရှိတာပါ။ 



ဥပဒေက လူ တွေကို ထိန်းကွပ်ဖို့ အရေးကြီး ပါတယ်။ ဒါပေမဲ့ အပြုအမူ က မျှတမှုတွေ ထိန်း ကွပ် ဖို့အရေးကြီး တာပါ။ ကျန်းမာရေး ရှုထောင့်ကကြည့်ရင်လည်း တစ်လင် တစ်မယား စနစ် ရှိမှ HIV တို့၊ AIDS တို့ မကူးစက်နိုင်မှာ မဟုတ်ဘူး လေ။ 

ဒီဥပဒေ မှာ အားသာချက်တွေ ရှိပါတယ်။ ဒါပေမဲ့ အိမ်ထောင်တစ် ခုကို တည်ဆောက်တဲ့နေရာ မှာ မေတ္တာ နဲ့ သစ္စာ တရားပြည့်ဝ မှသာ အိမ် ထောင်  အရည်အသွေးပြည့်ဝ မှာပါ။ ကျွန်တော် ပွင့်ပွင့် လင်းလင်းပြောရ ရင် လိင် ဆက်ဆံတဲ့ လင်ခန်း၊ မယားခန်း ကိစ္စတွေမှာပါ သစ္စာ နဲ့ မေတ္တာ ပြည့်ဝ မှသာ အိမ်ထောင် အရည်အသွေးပြည့်မှာပါ။ ဒီလို သစ္စာနဲ့ မေတ္တာ မပါတဲ့ အိမ်ထောင်ရေးတွေ အတွက်တော့ ဒီဥပဒေ လိုပါတယ်။

                 **************************************
 

ဦးဝင်းဆွေဦး (တရားလွှတ်တော်ရှေ့နေ)

ဥပဒေ တစ်ခုပြဋ္ဌာန်းတယ် ဆိုတာ နောက်ဆက်တွဲ အကျိုးဆက် ကို ကြည့်ရတယ်။ ဒီဥပဒေ (တစ်လင် တစ်မယား) က အမှတ်တမဲ့ ဆိုရင် ကောင်းတယ် ထင်ရတယ်။ တရားဝင် လက် ထပ် ချင်ရင် ပထမ လူကိုကွာ ရမယ်။ ပြီးမှ လက်ထပ်ပေါ့။ 


အဲဒီလို မဟုတ်ရင် ပြစ်မှု ကျူးလွန်ရာရောက် မယ်။ ဒီတော့ နောက်ပိုင်း မှာ ဥပဒေ ကိုရှောင် တိမ်း တဲ့ ပြစ်မှု ကျူးလွန်သူ တွေပေါ်လာ လိမ့်မယ်။ ကျွန်တော်တို့ ဥပဒေ သဘောအရ ဥပဒေ တစ်ခု ဟာ ရှိပြီးသား  ဥပဒေတွေ  နဲ့ မဆန့်ကျင်ဘဲ ချိန်ထိုး  စဉ်းစားရမယ်လို့ နား လည် သဘောပေါက်ထားတယ်။ 

ဒါပေမဲ့ ဒီဥပဒေ က အကျိုးထက် အဆိုး က ပိုများနိုင်တယ်။ ပထမလူကို မကွာဘဲ နောက် တစ်  အိမ်ထောင်ထူ မယ် ဆိုရင် အဲဒီ လူကို ဘယ်သူ က တရားလို လုပ်ပြီး တရားစွဲ မှာလဲ။ ရဲအရေး ပိုင်လား၊ ပထမ အိမ်ထောင်က တရားလို လုပ်မှာလား။ တကယ် တမ်း ဒီလိုဥပဒေ ကိုပြဋ္ဌာန်း တာ ထက် မြန်မာ့ ဓလေ့ထုံးတမ်းစဉ်လာ မှာ အမျိုးသမီးတွေကို ဖိနှိပ်ရာရောက်တဲ့ အချက်တွေ ကိုပြင်ရမှာ။ 

ဥပမာ မြန်မာ့ ဓလေ့ထုံးတမ်း  စဉ်လာ ဥပဒေမှာ မိန်းမတစ်ယောက် က ယောက်ျား ကို ကွာချင် ရင် သုံးနှစ် တိတိစောင့်ပြီး ဒီယောက်ျားနဲ့ ပတ်သက်မှု မရှိကြောင်း  သက်သေပြမှ ကွာလို့ရ တယ်။ ယောက်ျား ကျတော့ ခြောက်လ အထိ ဒီမိန်းမ က မယားဝတ္တရား မကျေပွန်ဘူး။ သူ့အနားမှာ မနေဘူး ဆိုတဲ့ အကြောင်း သက်သေပြပြီးရင် ကွာလို့ရတယ်။ ဒါ မမျှတဘူး။ ဒါတွေ ကို ခေတ်နဲ့ အညီပြင်ကိုပြင်ရမှာ။ ဒီ တစ်လင် တစ်မယားစနစ် ကိုတော့ ဒီလောက် ပဲပြောချင်တယ်။
                         *************************************

ကိုထက်ပိုင်လင်း (မြောက်ဥက္ကလာပ)

လောလောဆယ် မှာတော့ ဥပဒေကြမ်း ပဲ ထွက်ရှိသေးတဲ့ အတွက် ပြင်စရာ၊ ဆင်စရာတွေ ရှိဦး မှာပဲ။ ထပ်ဖြည့် စရာတွေလည်း ကျန်ဦး မှာ ပါ။ ပြီးတော့ နည်းဥပဒေလည်း ထွက်ဖို့ ကျန်သေး တဲ့ အတွက် ဥပဒေမူ ကြမ်းအချော  ကိုကြည့်ပြီး မှပဲ လက်ခံတယ်၊ လက်မခံဘူး ဆုံးဖြတ် သင့်ပါ တယ်။


 ထောင်ဒဏ် ခုနစ်နှစ် အထိကျနိုင်တယ် ဆိုတဲ့ အပေါ်မှာတော့ သိပ် မကြိုက် ဘူးဗျ။ ဒါပေမဲ့ ဒီနိုင်ငံ မှာ မယား အများကြီး ယူတဲ့ လူက ရှားပါ တယ်ဗျာ။ ဘယ်မြန်မာ မှ ပေါ်ပေါ် တင်တင်နှစ်ယောက် ယူတာမှ မဟုတ် တာ။ ဒီတော့ မြန်မာ မဟုတ်တဲ့ တခြားဘာသာတွေ အတွက် ဒီနိုင်ငံ မှာ နေရင် ဒီဥပဒေ  ကို လိုက်နာ ရမယ်လို့ ပြဋ္ဌာန်း လိုက်တာပဲဖြစ်မယ်။

                           
                            ***************************************

ခိုင်မြဲသာ (တေးရေးဆရာ)

 ဒီလိုမျိုး ဥပဒေ ထုတ်မှ ပြုပြင် ရတာမျိုးမဖြစ်စေချင်ဘူး။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးတွေဖြစ်တဲ့ အတွက်ကြောင့် ယဉ်ကျေးမှု အရ လင်ပြိုင်၊ မယား ပြိုင် ဆိုတာတော့ လက်မခံပါဘူး။ အခုလို ဥပဒေ ထုတ်တာကို လက်ခံပါ တယ်။ ဒါပေမဲ့ လူနှစ်ယောက် ပေါင်းဖက် တာကို စာချုပ် စာတမ်းတွေ နဲ့၊ ဥပဒေတွေ နဲ့တော့ မဖြစ်စေချင်တာပါ။ 


ကျွန်တော် ကတော့ အနုပညာကို ချစ်တဲ့ လူဆိုတော့ ချစ်ခြင်း တရားကို တန်ဖိုးထား တယ် ။ နှလုံးသား ချင်း ထပ်တူညီ လို့ပေါင်းစပ်မယ့် ဘဝ ကို ဥပဒေတွေ၊ စာချုပ် စာတမ်းတွေနဲ့တော့ မဖြစ်စေချင်ပါဘူး။ ကိုယ့်  အသိစိတ်ဓာတ် နဲ့ ဥပဒေ မထွက် လည်း သိနေရမယ် လို့ထင် ပါတယ်။


                                   ***********************************


ကိုကျော်ဇင် (ဓာတ်ပုံဆရာ)

 မယားပြိုင် လင်ပြိုင် ယူရင် ထောင်ဒဏ် ခုနစ်နှစ် ဆိုတဲ့ ဥပဒေ က ကောင်းပါတယ်။ ဒါပေမဲ့ မြန်မာ လူမျိုးတွေ မှာ တရားဝင်နှစ်ယောက် ယူ တာ မရှိသလောက် ရှားတယ်။ မယား ငယ် ယူတယ် ဆိုတာ ကလည်း မယားကြီး မသိအောင် ခိုးယူထားတာ ဆိုတော့ ဘယ်လို လုပ်လိုက်ဖမ်းမလဲ။ 


တရားဝင်နှစ်ယောက်၊ သုံးယောက် တစ်ပြိုင်တည်း ယူထားတယ် ဆိုရင် တော့ ထောင်ခုနစ်နှစ် ချသင့် တယ်။ တရားမဝင် ယူထားတာ ကို သွားဖမ်း တဲ့ အခါကျမှ မဟုတ်ဘူး လို့ငြင်းလို့ ရ တယ်လေ။ နောက် တစ်ခုက စပွန် ဆာ နဲ့ မွေးစား  အဖေ လုပ်ထားတာတွေ လည်း အများကြီး ရှိတယ်လေ။ လက်တွေ့ မှာတော့ တရားဝင် မယားငယ် ထားတယ် ဆိုတာ အဆင့် အတန်း နိမ့်ပြီး အများ အမြင် မှာ ကဲ့ရဲ့ခံကြရတာ များတယ်။

                                 **************************************


ကိုသန့်ဇင်ဝင်း (ကုမ္ပဏီဝန်ထမ်း)

တစ်လင် တစ်မယား စနစ်ဆိုတာ ဘာသာရေး အရရော၊ လူမှုရေး ဓလေ့ ထုံးတမ်း စဉ်လာ အရရောကောင်းတယ်။ ဒီ ဥပဒေ ကို သဘောကျ တယ်။ မိန်းကလေးတွေ အတွက်လည်း တကယ် ကိုကောင်းတယ်။ 


တစ် လင် တစ်မယား ပဲဆိုရင် လူမှုရေး  အရှုပ်အထွေး မရှိတော့ဘူး။ အိမ်ထောင် သည် မဟုတ် ဘဲ သမီးရည်းစားတွေ မှာတောင် နောက်  တစ်ယောက်ပေါ် လာပြီဆိုရင် ပြဿ   နာရှိပြီလေ။ အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည် စုတ်ထိုး ဆိုတာ မလုပ်ခင် ကတည်း က သေချာလေ့လာ စဉ်းစားဆုံးဖြတ် ကြရတဲ့ အရာတွေပါ။

                                *********************************

ဇွဲရန်နိုင် (ပန်းချီဆရာ)

တစ်လင် တစ်မယား စနစ်  က မြန်မာ့ ယဉ်ကျေးမှု နဲ့ လည်း ကိုက်ညီ တယ်။ အိမ်ထောင်ရှိ အမျိုးသမီးတွေ အတွက် လည်းကောင်းတယ်။ အား နည်းချက် အနေနဲ့ပြောရရင် ဒီ ဥပဒေသာ တကယ်ပေါ်လာ ခဲ့ရင် အငယ် အနှောင်း ထားတဲ့ သူတွေလျော့သွားမလား၊ ပိုများလာ မလား စိုးရိမ် စရာ ပါ။ 


လက်မထပ် ဘဲ အတူနေတဲ့ သူတွေပိုများ လာနိုင်တယ်။ မြန်မာ့ ထုံးတမ်း စဉ်လာ မှာတော့ တရားဝင်နှစ်ယောက် ယူတာ ရှားတယ်။ လက်ထပ်ပြီး သားယောက်ျား တစ်ယောက် က နောက် တစ်ယောက် ထပ်ယူဖို့ ဆိုတာ တရားဝင် မဖြစ်နိုင်ဘူး။

                                 *************************************


ကိုလှမျိုးအောင် (ကုမ္ပဏီဝန်ထမ်း)

 ဒီ ဥပဒေပေါ်လာတာ ကြိုက်ပါတယ်။ ပြီးတော့ လည်း တစ်လင် တစ် မယား စနစ် ဆို တာ မြန်မာ လူမျိုးတွေ ရဲ့ ယဉ်ကျေးမှု နဲ့ လည်း ကိုက်ညီမှု ရှိ တယ်လေ။ ဒီ ဥပဒေ ကို ပြဋ္ဌာန်း လိုက်မယ် ဆိုရင် တော်တော် တန်တန် အပျော် ရှာချင်တဲ့၊ ဖောက်ပြန် ချင်တဲ့သူတွေ အထူး သဖြင့် ယောက်ျားတွေ အတွက်တော့ အထိန်း အကွပ်လေးဖြစ်သွားတာပေါ့။ 


ကိုယ့်ရဲ့ မိသားစု အပေါ် ပိုပြီးတော့ ခင်တွယ် စိတ်လေးတွေပေါ်လာနိုင်ပါတယ်။ ပြီးတော့ အမျိုးသမီးတွေ အတွက်လည်း ကိုယ့်ရဲ့ ခင်ပွန်း အပေါ် ပိုပြီး ယုံကြည်စိတ် ချလာနိုင်ပါတယ်။

                             ********************************************


ဦးခင်မောင်သန်း (ဆိုင်းတန်း) (တရားလွှတ်တော်ရှေ့နေ၊ မန္တလေးမြို့)

လူ့အခွင့်အရေး ဆိုင်ရာ အပိုင်းနဲ့ ကျတော့ မညီဘူး။ မြန်မာ့ ဓလေ့ထုံး တမ်းအရ ဆိုလည်း မကိုက် ညီဘူး။ ရှေးဘုရင်တွေ လက်ထက် ကတည်း က မယားပြိုင် ဆိုတာတွေရှိတယ်။ သူတို့ရဲ့ အခွင့်အရေးတွေလည်း ရှိ တယ်။ အခုထိ လည်း ဥပဒေတွေ မှာ ကျင့်သုံးဆဲပဲ။ 


အဲဒါကြောင့် အခု ထွက်လာတဲ့ ဥပဒေက မြန်မာ့ ထုံးတမ်း ဥပဒေတွေ  ကို တားဆီး ပိတ်ပင် ရာ၊ မျက်ကွယ်ပြု ရာရောက်နေ တာကြောင့် သဘောမကျဘူး။ ဒီ ဥပဒေတွေ ကြောင့် အင်္ဂလိပ် လိုပြော ရရင် living together တွေ၊ အမြှောင်တွေ ပို များလာနိုင်တယ်။ 

ဥပဒေတွေ မှာတော့ အကောင်း အဆိုး အမြဲပဲ  ဒွန်တွဲ ရှိ နေပေမယ့် ဒီ ဥပဒေမှာကျတော့ အကောင်း ထက် အဆိုးက ပိုများနေ တယ်။ မိန်းမ တစ်ယောက်က အိမ်ထောင် ရှိ ယောက်ျား တစ်ယောက် ကို သူနဲ့ငြိစွန်းဖူး ပါတယ် ဆိုပြီး ငွေညှစ် တာမျိုးတွေတော့ လုပ်လို့ မရတော့ ဘူးပေါ့။

                                 **********************************


ဒေါ်သင်းသင်းအောင် (ကျားမရေးရာ အယ်ဒီတာ၊ မဇ္ဈိမ မီဒီယာ)

 ဒီ ဥပဒေတွေပေါ်ပေါက် လာတာ ဟာ အမျိုးဘာသာ သာသနာစောင့် ရှောက်ရေး အဖွဲ့ကနေ တိုက်တွန်း လို့ သမ္မတ က ရေးခိုင်း ခဲ့တာဖြစ်တယ်။ ဒီလို ဥပဒေတွေရေးမယ် ဆိုပြီး စဖြစ် ကတည်း က မလုပ်သင့်ဘူး လို့ ကျွန်မ တို့ပြောခဲ့ တယ်။ ဒါကို ဆက်ပြီး အတည်ပြုမယ် ဆို ရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနိုင်တယ်။ 


မတူညီ တဲ့ ဘာသာတွေ ကြား၊ လူ့အသိုင်း အဝိုင်းတွေ ကြား မှာ ပြဿ         နာတွေ ပိုပြီး တိုးပွား လာနိုင်တယ်။ လက်ထပ် တယ် ဆိုတာ လူမှုရေး အရ ထိခိုက် မခံတဲ့ ကိစ္စ။ လူတစ်ဦးချင်း လွတ်လပ် ခွင့်နဲ့ လည်း သက်ဆိုင်တယ်။ 

လက်ထပ် ထိမ်းမြားခြင်း နဲ့ သက်ဆိုင် တဲ့ ဥပဒေတွေ  က နှစ်ပေါင်း များစွာ  ရှိခဲ့ပြီးသား။ ကျင့်သုံး ခဲ့ပြီးသား။ ဒါကို ဘာသာ အားလုံး ကို လွှမ်းခြုံပြီး တစ်တန်းတည်း ထားလို့တော့ မရဘူး။ ဒီ ဥပဒေလေးခု  ထဲက တစ်လင် တစ်မယား စနစ်ကျင့်သုံးခြင်း ဆိုင်ရာဥပဒေ ကတော့ ယေဘုယျ အားဖြင့်တော့ ကောင်းပါတယ်။ အမျိုးသမီး အများစု လည်း ကြိုဆိုကြမယ် ထင်တယ်။ ယောက်ျားတွေ ကတော့ ကန့်ကွက်လိမ့် မယ်ထင်တယ်။

                             ***********************************


ကိုကျော်လင်းနိုင် (Content Editor)

ဒီ ဥပဒေကို သိပ်မကြိုက်ဘူး။ ဘာလို့လဲ ဆိုတော့ မိန်းမ တစ်ယောက်  (ဒါမှမဟုတ်) ယောက်ျား တစ်ယောက် က အိမ်ထောင်ပြု ထားရက် နဲ့ နောက်ထပ် အိမ်ထောင် ထပ်ပြုတယ် ဆိုတာ အပျော်ရှာ ချင်ရုံ၊ ဖောက်ပြန် ချင်ရုံ သက်သက် မဟုတ်ဘဲ တခြား အဆင် မပြေတဲ့ အကြောင်းတွေ အများကြီး ရှိနိုင်ပါတယ်။ 


ဥပဒေ အတည်ပြုဖြစ် သွားရင်တော့ တချို့ ကိစ္စတွေ မှာ အကျိုးရှိ လာနိုင်ပါတယ်။ ဥပမာ အပျော်ရှာ ချင်တဲ့ ကိစ္စတွေ မှာ အဟန့် အတားလေး တစ်ခုဖြစ်သွားတာပေါ့။ 

မိန်းကလေးတွေ အတွက်တော့ အားတက် စရာ သတင်းတစ်ခု ပါပဲ။ ဒါပေမဲ့ ဒီလိုမျိုး ကိစ္စတွေ ဆိုတာက တော့ လုံးဝ ကွယ်ပျောက်  သွားမှာ မျိုးတော့မဟုတ်ဘူးလေ။ ကိုယ်ကိုယ် တိုင်သေ ချာစောင့်ထိန်း မှ အဆင်ပြေနိုင်မယ့် ကိစ္စလို့ ထင်ပါတယ်။

                               ****************************************


မခင်မျိုး (မန္တလေးမြို့ခံ)

ဥပဒေပြဋ္ဌာန်းပြီး တကယ် တင်းတင်းကျပ်ကျပ် ထိထိရောက်ရောက် လုပ်နိုင်မယ် ဆိုရင်တော့ ကောင်း ပါတယ်။ ဒါပေမဲ့ အိမ်ထောင်ရေးဖောက် ပြန်တာ ကိုတော့ ဥပဒေအရ တားနိုင်မယ် မထင်ဘူး။ တစ်ဦးချင်း စီနဲ့ပဲ ဆိုင်ပါတယ်။ မြို့ပေါ်မှာ ဆိုရင် အခုလည်း တိတ်တိတ် ပုန်း ယူထားတာ တွေ၊ လက်မထပ်ဘဲ နဲ့ အတူတူနေတာတွေ များကြီးပဲလေ။ 


အိမ်ထောင် ပြုပြီးသား မိန်းမတွေ အတွက်တော့ သူ့အမျိုးသား တရားဝင်နောက် အိမ် ထောင်ပြု မှာ သိပ် မစိုးရိမ်ရတော့ ဘူးပေါ့။ ဥပဒေပြဋ္ဌာန်း လိုက်လည်း သိပ်ထူးမှာ မဟုတ်ပါဘူး။ ဒီအတိုင်း ပဲသွားနေကြမှာ ပါပဲ။

                                    ***************************************


ဦးအောင်ချိ  (ကျောက်မျက် ကုန်သည်)

မြန်မာ့ ယဉ်ကျေးမှု အရပဲကြည့်ကြည့်၊ လူ့ကျင့်ဝတ် အရပဲကြည့် ကြည့် ကိုယ့်မှာ တရားဝင် ဇနီး၊ သားသမီးပေါ့။ အိမ်ထောင် ရှိလျက်နဲ့ နောက် အိမ်ထောင်ပြုတာတို့၊ အိမ်ထောင်ရေး   ဖောက်ပြန် တာတို့ က တော့ ဘယ်လိုမှ လက်ခံလို့ မရဘူး။ 


ဗုဒ္ဓဘာသာ အရ လည်း ဒါက အလေး ထားရမယ်။ ငါးပါး သီလ ထဲမှာလည်း ကာမေသု မိစ္ဆာစာရ ဆိုတာ ပါပြီး သားပဲ။ အိမ်ထောင်ရေးဖောက်ပြန် တာ၊ လူ့ကျင့်ဝတ်ဖောက်ဖျက် တာတွေ ကိုတော့ ဥပဒေ အရ ပြဋ္ဌာန်း အရေးယူ သင့်တယ်။ ဥပဒေ ဆိုတာတော့ ကြိုက်သူ၊ မကြိုက်သူ ရှိမှာပဲ။ မကောင်းတာ လုပ်တဲ့သူ ကတော့ ဥပဒေ ကို ကြိုက်မှာ မဟုတ်ဘူး။ 

ဥပဒေ နဲ့ တားလိုက်တော့ နောက် အိမ်ထောင်ပြုတာ မျိုးတွေ၊ ဘာတွေတော့ တော်တော်လျော့ နည်း သွားမယ် ထင်တယ်။ အကယ်၍ တစ်စုံ တစ်ဦး က ဒီ တစ်လင် တစ်မယား စနစ် ဥပဒေ အရ အရေး ယူခံရပြီ ဆိုရင်လည်း ပြစ်ဒဏ် အကြီးအသေး ဆိုတာထက် သူ့ရဲ့ စရိုက် သဘာဝ၊ သူ့ရဲ့ ကိုယ်ကျင့် တရား ကို ဖော်ပြလိုက် သလိုဖြစ်သွားတဲ့ အတွက် နောက်လူတွေ သင်ခန်းစာ ယူစရာဖြစ်တာပေါ့။







                                  ************************************

ဒေါက်တာညိုညိုသင်း  (ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)

တစ်လင် တစ်မယား စနစ်က အကောင်းဆုံး ပါပဲ။ မိန်းမလေး ယောက်လောက် တရားဝင် ယူခွင့်ပေးထားတဲ့နိုင်ငံတွေ က သက်ဆိုင်ရာ ဘုရင်တွေ ကတောင် စနစ်ပြောင်းပြီး ဒီလို တစ်လင်  တစ်မယား စနစ်ကျင့် သုံးလာကြပြီ။ ဒီ ဥပဒေကြောင့် ကွယ်ရာ  မှာခြေရှုပ်တဲ့ ကိစ္စတွေ ပိုဖြစ်လာ နိုင်တယ် ဆိုတာကတော့ လက်ခံနိုင်ဖို့ခက် တယ်။ ခြေရှုပ်တတ်တဲ့ သူက တော့ ဥပဒေ ရှိရှိ၊ မရှိရှိ ရှုပ်မှာပဲ။

                              **********************************


မသွဲ့ဇင်စိုး (စတိုးဆိုင်ပိုင်ရှင်)

 လူမှုရေး အရ၊ လူမျိုးရေး အရ ကြည့်ရင်လည်းကောင်းပါတယ်။ ဒီလို တွေ ရှိ လာတော့ ယောက်ျားလေးတွေ ဘက်ကလည်း ထိန်းထိန်း သိမ်းသိမ်း ရှိလာမယ် လို့ထင်တယ်။ 


အထူး သဖြင့် ကြားထဲ ကနေ မြေစာပင်ဖြစ်ပြီး စိတ်ဒဏ်ရာ ရလာမယ့် ကလေးတွေလျော့  နည်း လာ မယ်။ တိတ်တိတ်ပုန်း ထားကြတယ် ဆိုတာကတော့ ဒီဥပဒေ မရှိတုန်း ကလည်း ဖြစ်နေ တာပဲ။ ဒါပေမဲ့ တရားဝင်  အပြိုင်တော့ မရှိတော့ဘူး။ 

အရင် ကဆို တရားဝင် မယား ပြိုင် ယူလို့ရှိရင်လည်း အရင် ယူခဲ့တဲ့ မိန်းမက အရှက် ရတယ်လေ ။ ကလေးတွေ ရှိရင်လည်း ကလေးတွေ စိတ်ထဲမှာ အနာတရ ရှိတာပေါ့။ ဒီလိုသာ ဥပဒေ ရှိလာရင် တိတ်တိတ်ပုန်း အဆင့်နဲ့ တက်လာလို့ မရတော့ဘူး။



သတင်းအဖွဲ့
On
Mon, 2014-12-08 06:26 


From... 7Day Daily


No comments:

Post a Comment