Friday, January 23, 2015

သင်သေမယ့် အချိန် ကိုတောင် တွက်ချက်ပေးနိုင်မယ့် app အသစ် Deadline

သင်သေမယ့် အချိန်ကို သင်သိချင်ပါ သလား။ အသည်းထိပ် စရာကောင်း တဲ့ ဒီ app လေးကို သုံးကြည့်လိုက် ပါ။

Deadline ခေါ် app အသစ်လေး တစ်ခု က သင့်ရဲ့ iPhone Healthkit tool က တစ်ဆင့် အချက် အလက်တွေ ကို scan ဖတ်ခြင်းဖြင့် သင်သေမယ့်နေ့စွဲ ကို အဆုံးဖြတ်ပေးနိုင်တယ်။

ဒီ Tool လေး က သင့် အရပ်မောင်း အမြင့်၊ သွေးခုန်နှုန်း ကဲ့သို့သော အချက်အလက် ကို မှတ်သား ထားပြီး သင့် ရဲ့ အိပ်စက်ခြင်း နဲ့ တစ်နေ့ တစ်နေ့ လှမ်းလိုက် တဲ့ခြေ လှမ်းပေါင်းတွေ ကို စောင့်ကြည့် စစ်ဆေးပေး သွား မှာဖြစ်ပါတယ်။



ဒီ အချက်အလက် ကို အသုံးပြု လို့ သင့်ရဲ့ဘဝနေထိုင်မှု နဲ့ စပ်လျဉ်း တဲ့ မေးခွန်း တစ် ချို့နဲ့ အတူ ပေါင်းစပ်ပြီး app မှ သင့် ဘဝနောက်ဆုံးနေ့ရက် နဲ့ အချိန် ကို အကြမ်းဖျင်း ရှာဖွေ တွက်ချက်ပေးမှာ ပါလို့ Bustle က တင်ပြ ထားပါတယ်။

သင်သေမယ့် အချိန်ကို ဘယ် app က မှ တိတိ ကျကျ တွက်ချက် မပေးနိုင်ပါဘူး။ သို့ပေ မဲ့ အဲဒီ အစား သင့် ကျန်းမာရေး အခြေအနေ ကို ကြည့်ရှု စစ်ဆေးပေးပြီး နဂို ထက် ပိုမိုကောင်းမွန်  တဲ့ ဘဝနေထိုင် မှု ပုံစံ ရရှိ လာအောင် ဆောင်ရွက် လာစေမယ့် စိတ်လှုံ့ဆော်မှုပေးသွားမှာပါ။ 

ဒါမှ မဟုတ် လိုအပ် ပါက ဆရာဝန် တစ်ယောက်ယောက် ဆီ အကြံ ရယူစေမှာဖြစ်တယ် လို့ ၎င်း  app ကို တီထွင်ရေးသား သူ Gist LLC က Apple iTunes စာမျက်နှာပေါ် ရေးသားထား ပါတယ်။

ကျန်းမာရေး နဲ့ ညီညွတ် တဲ့ အစား အစာများ စားသုံးခြင်း နဲ့ ကိုယ်ကာယလေ့ကျင့်ခန်း ပုံမှန်ဆောင်ရွက်ခြင်း အားဖြင့် ဟောကိန်း ထုတ်ထား တဲ့ သင်သေမဲ့ရက် ကိုတောင် သင်ပြောင်းလဲ ပစ်နိုင်ပါတယ်။


 Victor.PaaTung
Source: Indianexpress
From... http://www.trend.com.mm/2014/11/04/apps-4793


No comments:

Post a Comment