Monday, January 12, 2015

မြန်မာ သမ္မတနေရာ ဘယ်လို ရနိုင်မလဲ




ဒေါ်အောင်ဆန်းစုကြည် သည် သမ္မတ အဖြစ်ရွေးချယ် ခံရရန် တရားမဝင်သူ အဖြစ် ရှိနေဆဲဖြစ်ပြီး ၂၀၁၅ရွေးကောက်ပွဲ မတိုင်မီ အထိ သည်အချက် ကိုပြင်နိုင်မည့် ပုံမရှိချေ။

မြန်မာ့နိုင်ငံရေးလောက သို့ တရားဝင် ဝင်ရောက် လာခဲ့ပြီး နောက် ဒေါ်အောင်ဆန်းစုကြည် က တပ်မတော် ၏ထောက်ခံ အား ပေးမှုကို ရရှိခြင်း သည် တန်ဖိုး ရှိ ကြောင်း သိမြင်ခဲ့၏။ ထို့ကြောင့် တပ်မတော် ကို စည်းရုံး သိမ်း သွင်း သည့် စကားများ ကို သူကပြော ကြားသည်။ 

ထို့အတူ တပ်မတော် ကို တည်ထောင်သူ အဖြစ် သူ၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း ၏ အခန်း ကဏ္ဍ ကိုလည်း လူတွေ ကို မကြာခဏပြောကြား အသိပေးခဲ့ သည်။ သည် အချက် ကလည်း တပ်မတော်နှင့် သူ တစ်သား တည်း ဆိုသည့် သဘောကို ပြသခြင်းဖြစ် သည်။

တပ်မတော် ကတော့ ဒေါ်အောင်ဆန်းစုကြည် အပေါ် ဘယ်လိုရှုမြင် သဘောထားလဲ ဆိုသည် ကိုတော့ ရှင်းရှင်း လင်းလင်း မသိရပါ။ သို့သော် သတင်း အချို့အရ ဒေါ်အောင်ဆန်းစုကြည် အပေါ် သူတို့၏ သဘော ထားမှာ ရောထွေးနေ ဆဲဖြစ်၏။

 တပ်မတော် အနေဖြင့် အခြေခံ ဥပဒေ ကိုပြုပြင်ရန် စည်းရုံးနေသော  ဒေါ်အောင်ဆန်းစုကြည် ၏ ပါတီကို သဘော မကျဖို့က များပါသည်။ ထို့ပြင် သူတို့ အနေဖြင့် တပ်မတော် ၏ အာဏာကို မထိပါး မခြိမ်းခြောက်သူ၊ သူတို့နှင့် နီးစပ်သူ သမ္မတလောင်း ကို ပိုဆန္ဒ ရှိလိမ့်မည်ဖြစ်သည်။  သူတို့ ကို ဒုက္ခရောက်အောင် မလုပ်နိုင် ဟု  အာမခံသေချာ မှု မပါဘဲ  တပ်မတော် အနေဖြင့် အရပ်သား သမ္မတလောင်း ကို နွေးထွေးစွာမြင်နိုင်ရန် ခဲယဉ်း ပါသည်။



 နောက် တစ်ခုက NLD မှာလည်း  ဒေါ် အောင်ဆန်းစုကြည်ပြီး လျှင် သူ့နေရာကို ဆက်ခံမည့် သူကိုလည်း ထင်ထင် ရှားရှား မတွေ့ရသေးပါ။ ထိုအချက် ကလည်း တပ်မတော် အတွက် စိုးရိမ်စရာဖြစ်ပါသည်။ အထူး သဖြင့် ဘာဖြစ်နိုင်မလဲ ဆိုသည်က မသေချာ။   


အကယ်၍ ဒေါ်အောင်ဆန်းစုကြည် က သမ္မတ အဖြစ် အခြားသူ အား ရွေးချယ် ခဲ့ရ ပါက သမ္မတ သက်တမ်း တွင်း တာဝန် မထမ်းဆောင်နိုင် ဘဲ NLD ကို မထိန်းနိုင်ခဲ့ ပါလျှင် ဘာဖြစ်နိုင်မလဲ ဆိုသည်က မသေချာ။ 

 ဒေါ်အောင်ဆန်းစုကြည် ၏ အာဏာ၊ ခေါင်းဆောင်မှုနှင့် လမ်းညွှန်မှု မပါဘဲ ဒေါ်အောင်ဆန်း စုကြည်နေ ရာမှာ အစားထိုး ရှာဖို့ NLD အနေဖြင့် အပြင်း အထန်ကြိုးပမ်းရန် ရှိပါသည်။ ထို့အပြင် NLD သည် လွှတ်တော် ထဲ မှာ အင်အားကြီး ပါတီဖြစ်လာမည့် အရေးကို တပ်မတော်က စိုးရိမ်ကောင်း စိုးရိမ်လိမ့်မည်။
  
ဆန့်ကျင်ဘက် အားဖြင့် တပ်မတော် အတွက် စစ်ဗိုလ်ချုပ် ဟောင်းတွေ ကသာ ရင်းနှီးပြီး သားဖြစ်နေ သလို အခြေခံ အားဖြင့်လည်း ယုံကြည် စရာ ပိုရှိသည်။ ဥပမာ သူရဦးရွှေမန်း သည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ် တာဝန် မယူမီ မှာ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူးဖြစ်ခဲ့သည်။ 

စစ်တာဝန်  ထမ်းဆောင်နေစဉ် မှာလည်း KNLA ကို နှိမ်နင်းအောင်မြင် ခဲ့သည့်  ရဲစွမ်း သတ္တိ အတွက် သူရ ဘွဲ့ကိုလည်း ချီးမြှင့် ခံထားရသည်။ ထို့ကြောင့် ထို သမိုင်းကြောင်း က သူနှင့် အတူ အမှုထမ်း ခဲ့သူများ အပါ အဝင် တပ်မတော် က အရာရှိ များ၏  သဘောကျထောက်ခံမှုကို ရဖို့  သေချာစေသည်။

လွှတ်တော် အတွင်း မှာလည်း သူရဦးရွှေမန်း က တပ်မတော်နှင့် တပ်မတော် ၏ လုပ်ပိုင်ခွင့် အာ ဏာကို ပွင့်ပွ င့်လင်းလင်းစိန် မခေါ်၊ထိပ်တိုက် မတိုးပါ။ အခြေခံ ဥပဒေ ပြောင်းလဲရေး အတွက် လူထု၏ တောင်း ဆိုချက် အပေါ်မှာ လည်း သတိထားပြီး    တုံ့ပြန်ပြောဆို သည်။ 

လွှတ်တော် ထဲမှာ မြန်မာ့ တပ်မတော် ကို ဝေဖန်နေကြ တာ ကို တားမြစ် ပိတ်ပင်ချင်သည် ဟု ပင် သူကပြော ကြား ခဲ့ဖူးသည်။

သို့သော်လည်း သူရ ဦးရွှေမန်း သည် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သမ္မတ ဦးသိန်းစိန် ဆီ က စိန် ခေါ်မှု များကို ရင်ဆိုင်နေ ရသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မကြာမီ စစ်တပ် ကနေ အငြိမ်းစား ယူတော့မည်ဖြစ်၏။

 နိုင်ငံတကာ ခရီးစဉ်များ ထွက်ခြင်း၊ သူ၏ဖေ့စ်ဘွတ်ခ် မှ သတင်းများ ထုတ်ပြန်ပေးပြီး  ပြည်တွင်း သတင်းစာ များမှ လူသိအောင် လုပ်ခြင်းဖြင့် သူ၏ လူသိ ထင်ရှား မှုကို  မြှင့်တင်နေသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် ၏ လက်ရှိ ရာထူးဖြစ်သည့် ကာကွယ်ရေး ဦးစီးချုပ်နေရာ က လည်း သမ္မတနေရာ အတွက် သူ့ အပေါ် တပ်မတော် ၏ထောက်ခံမှု ရရှိစေသည်။ တပ်မတော် က လည်း သူရ ဦးရွှေမန်း ထက် သူ့ကို သာ ပိုပြီး ခေါင်းဆောင် အဖြစ် အလိုရှိမည်ဖြစ်သည်။ 

သို့သော် လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် က တပ်မတော် ၏ထောက်ခံ မှုဖြင့် ထိပ်ဆုံး ကပြေးနေသည် ဟု ထင်ရသော် လည်း သမ္မတ အဖြစ် သူ့ကိုသာ မဲပေးမည်ဟု မဆိုလိုပါ။ သူ့ကို ဒုတိယ သမ္မတ အဖြစ်ပေး ခြင်း သာ တပ်မတော် အတွက် အာမခံချက်နှင့် သြဇာအာဏာ လည်းရှိနေပါလိမ့်မည်ဟုတွက် ဆထားကြ မည်ဖြစ်သည်။

သမ္မတ ဦးသိန်းစိန် က အခြား သမ္မတနေရာ  ယှဉ်ပြိုင်သူများ အတွက် တပ်မတော်ထောက်ခံမှု ကို ရသည့်နေ ရာမှာ ခြိမ်းခြောက် မှုတစ်ခုဖြစ်နေ၏။ သူက စစ်တပ် တာဝန်ထမ်းဆောင်စဉ် ကာလမှာ နာမည်ကောင်းရပြီး ဝန်ကြီးချုပ် အဖြစ်ရော  သမ္မတ အဖြစ်ပါ တာ ဝန်ထမ်းဆောင် ခဲ့သူဖြစ်သည်။ သူ တာဝန်ထမ်းဆောင်စဉ် တွင် လည်း တချို့ပြဿ        နာများ ၌ လူထု ကို ထိန်းချုပ်မှု မလုပ်နိုင်ခြင်းက လွဲပြီး ဦးသိန်းစိန်က တပ်မတော် ကိုခြိမ်းခြောက်မှုမရှိခဲ့ပါ။ 

သူ၏ လူထု မိန့်ခွန်း များတွင်လည်း သူကမြန်မာ့နိုင်ငံရေးနှင့်   နိုင်ငံရေး ပြောင်းလဲမှု မှာ တပ်မတော် ၏ အရေး ပါပုံနှင့်  အခန်းကဏ္ဍ ကို ထုတ်ဖော်ပြောတတ် သူဖြစ်သည်။ ထို့ပြင် ဦးသိန်းစိန် က မြန်မာ နိုင်ငံ ၏ပြုပြင်ပြောင်းလဲရေး များ အတွက် နိုင်ငံတကာ မှာ မျက်နှာ ပန်းလှသူ လည်းဖြစ်သည်။ 

ထိုကဲ့ သို့ဦးဆောင် ဦးရွက်နေရာ မှာ ပြု ပြင်ပြောင်းလဲရေး သမား သမ္မတ မျိုးကို ရရှိခြင်း ၏ တန်ဖိုး ကိုလည်း တပ်မတော် က သဘောကျစရာ ရှိ သည်။ ထို့အပြင် လောလောလတ် လတ် စစ်တပ် ကနေ အငြိမ်းစားယူ မည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင် ကဲ့ သို့ လူမျိုး ကလည်း ရွေး ကောက်ပွဲ ပြီးပြီးချင်း အချိန်မှာ တပ်မတော်က တန်းပြီး သမ္မတ ခန့် အပ်ချင် သည့် အနေအထား ပုံရိပ် မျိုး မဟုတ်နိုင်ပါ။

နိုင်ငံတော်တည်ငြိမ်ရေးနှင့် ရှေ့ဆက်ရေး အတွက် သမ္မတ ဦးသိန်းစိန် အနေဖြင့် နောက်ထပ် သမ္မတ သက်တမ်း အပြည့် တာဝန် မထမ်းဆောင်ချင်လျှင် ပင် သူက တပ်မတော်၏ထောက်ခံမှု ရရန် အခြေ အနေကောင်းသူ တစ်ဦးဖြစ် သည်။ 

ထို့ကြောင့် တပ်မတော် အနေဖြင့် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင် ကို ဒုတိယ သမ္မတနေ ရာအတွက်ထောက် ခံပြီး ဦးသိန်း စိန် က သမ္မတရာထူး မှ ဆင်းပေး သည့် အခါမှ သာ သူက သမ္မတရာ ထူးကိုဆက်ခံဖို့ စဉ်းစား တာလည်း ဖြစ်နိုင်သည်။

တပ်မတော် ၏သြဇာ လွှမ်း မိုးမှု ကို  လျစ်လျူရှုထား၍ မရပါ။ တပ်မတော် အနေဖြင့် သူ၏ြ ပုပြင် ပြောင်း လဲရေး များကို ဆက်လက် လုပ်ဆောင်နေလို ပါက လွှတ် တော်ထဲ မှာ စစ်တပ် ၏ ၂၅ ရာခိုင် နှုန်းပါဝင်မှု ထက် ပိုပြီး ညီမျှအောင်ပြုပြင်ပြောင်း လဲနိုင်သည်။ ထိုသို့ လုပ်ဆောင်ခြင်း က လွှတ်တော်နှင့် နိုင်ငံတော် သမ္မတရွေးချယ်ရေး  အဖွဲ့က အရပ်သား အဖွဲ့များ ၏ ပါဝင်ဖွဲ့စည်းမှု ကိုသက်ရောက် လာနိုင်သည်။

နိုင်ငံတော် သမ္မတရွေးချယ် ရေး အဖွဲ့ထဲမှာတော့ တပ်မတော် သည် သူ၏ အကျိုးစီးပွားကို လိုလားသော သမ္မတလောင်းကို သာ မဲပေးရွေးချယ်ဖို့ ရှိပါသည်။ ထို့ အတူ နောင်သမ္မတ လုပ်မည့် သူ မှာ စစ်သား မျက်နှာ မဟုတ်သည့် သူကသာ သူတို့ အတွက်အကျိုး ပိုရှိပြီး တန်ဖိုးရှိမှန်း သူတို့လည်း သိမြင် သဘောပေါက်ေ န သည်။

၂၀၀၈ ခုနှစ် အခြေခံ ဥပဒေ အရ နိုင်ငံတော် သမ္မတရွေးချယ် ရေး အဖွဲ့တွင် အုပ်စု တစ်ခုမှာ စစ် တပ် ကိုယ်စားလှယ် အမတ်များ ဖြစ်သည်။ တခြား အုပ်စုနှစ်ခု မှာ အရပ်သားလွှတ်တော် အမတ် များ ဖြစ်သည် ။ ရွေးကောက်ပွဲပြီး သည် အထိ မည်သူတွေ အတိ အကျပါ မည်ဆိုတာ မသိနိုင်သော်လည်း ၂၀၁၀ နှင့် ၂၀၁၂ ရွေးကောက်ပွဲ အတွေ့အကြုံများ အပေါ် အခြေခံ ပြီး တချို့အရာတွေကို မှန်းဆချက် များလုပ်နိုင် ပါသည်။

ရွေးကောက်ပွဲ ကို သာ အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကသပိတ် မမှောက်ဘဲ ပါဝင်ခဲ့မည် ဆို လျှင် သူတို့ အနေဖြင့် နိုင်ငံတော် သမ္မတရွေးချယ်ရေး အဖွဲ့မှာ အ မတ်နေရာ အများစု ရလောက် အောင် ရွေးကောက် ပွဲ မှာ သိသိ သာသာနိုင်မည့် အနေအထားရှိ သည်။ 

သို့သော် ရွေးကောက်ပွဲ သည် တရားမျှတ လွတ်လပ်ပြီး နိုင်ငံတော် သမ္မတရွေးချယ်ရေး အ ဖွဲ့ ကလည်း တကယ့် လွှတ်တော် ၏ အချိုးအစား ပါဝင်ဖွဲ့စည်းမှု ကို တိတိကျကျ ကိုယ်စားပြုသက် ရောက်မည်ဟု ယူဆနိုင် မည့် အ ခြေအနေတွင် မှ သာ ဖြစ်လာနိုင်ပါ သည်။

 ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီများ အပါအ၀င် စစ်တပ်နှင့် အစိုးရ အ ရာရှိဟောင်းများ က အရပ်သား လွှတ်တော် အမတ် အုပ်စု ထဲတွင် အများဆုံး ရှိနိုင်သော အုပ်စုဖြစ် သည်။ ၂၀၁၅ ရွေးကောက်ပွဲ မှာ ပီအာရ်ခေါ် အချိုးကျ ကိုယ်စားလှယ် စနစ်ကို ပယ်ဖျက်ခဲ့သည့် အတွက် တိုင်းရင်းသား အုပ်စု ပါတီများက မူ  သြဇာ ရှိသော ကိုယ်စားလှယ် အ ဖြစ် ပါဝင်နိုင်ရန် ဖြစ်နိုင်ခြေနည်း ပါသည်။ 

ထို့ကြောင့် နိုင်ငံတော် သမ္မတရွေးချယ်ရေး အဖွဲ့သည် အဓိက ပါတီကြီးနှစ်ခု မှ လွှတ်တော် အမတ် များသာ ပါဝင်နိုင်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်က တော့ ထင်ရှားသော ကိုယ်စား လှယ်လောင်းတစ်ဦးဖြစ်ပြီး သူ၏ ပါတီ (NLD) နှင့် အခြား ဒီမိုကရေ စီ ပါတီ များမှ ထောက်ခံမှုကို ရရှိ မည် ဖြစ်ပါသည်။ တချို့ တိုင်းရင်း သားပါတီ များက သူ့ကို သိပ်မ ထောက်ခံသော် လည်း တချို့တိုင်း ရင်းသား ပါတီ   အနည်းငယ်က ထောက်ခံနိုင်ပါသည်။

သို့သော် လည်း ဒေါ်အောင် ဆန်းစုကြည် က သမ္မတ ရာထူး ကို ရရှိ ရန် တရား မ၀င်ဖြစ်နေဆဲ ရှိနေသည်။ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း ၏  လတ် တလောပြောကြားချက် အရလည်း သည်အချက်သည် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီပြောင်းလဲနိုင်မည် မဟုတ်ပါ။ 

သည် အချက်က ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဘာတွေ ဆက်လုပ် မလဲ။ NLD ကကော ဘယ်သူ့ကို အားပေးထောက်ခံ မလဲ ဆိုသည့် မေးခွန်းတွေ ထွက်လာစေပါသည်။

ဘယ်သူ က ဒေါ်စုနေရာ ကို ဆက်ခံ မလဲ ဆိုတာနှင့် ပတ်သက် ပြီး NLD မှာက ကွဲကွဲပြားပြား မသိရသေးပါ။ ထို့ပြင် နောက်ထပ် NLD ကနေ သမ္မတ ကိုယ်စား လှယ်လောင်း ကို ရွေးချယ် ဖို့ ဆို တာကလည်း ခက်ပါ သည်။ အ ဘယ်ကြောင့် ဆိုသော် ဒေါ်အောင် ဆန်းစုကြည် ထက် ရာထူးကြီး သော နေရာကို ရမည့်သူတစ်စုံ တစ်ဦး ကို လူ အများစု က သူမ ၏ ရုပ်သေးရုပ် ဟု သာ ထင်မြင်ကြ မည် ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ တွင် ရိုက်တာ သတင်းဌာန က NLD သည် သူရဦးရွှေမန်း ကို ထောက်ခံ မည် ဟု သတင်းရေးသား ခဲ့သည်။ သို့သော် ချက်ချင်း ပင် သူတို့ က ငြင်းချက် ထုတ်ပြန်ခဲ့၏ ။ 

သို့သော်လည်း မကြာသေးမီ က ထပ်မံ ထွက်ပေါ်လာသော သတင်းများ အရ ဒေါ်အောင်ဆန်းစုကြည် က ပုဒ်မ ၅၉ (စ) အရ သမ္မတ မဖြစ်နိုင်လျှင် ဦးရွှေမန်း အကူ အညီဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူ လိမ့်မည်ဟု ပါတီ မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်ဟု သတင်း ထွက်ပေါ်လာသည်။ သို့သော် ထို သတင်း မှားယွင်းကြောင်း ဒီချုပ် က သတင်း ထုတ်ပြန်ထားသည်။
  

မည်သို့ပင်ဖြစ်စေ ဒေါ် အောင်ဆန်းစုကြည်နှင့် သူရဦးရွှေ မန်း တို့၏ ဆက်ဆံရေး က ပိုတိုး တက် လာ ပြီး မြန်မာနိုင်ငံ ၏ ပြုပြင်ပြောင်းလဲရေး ပန်းတိုင်ကို ချီတက် ရာတွင် အတူ တကွ ပူးပေါင်း လုပ် ကိုင်ကြမည့် သဘော ရှိ၏။ 

ထို့အ တူ တစ်ယောက် ၏ ထောက်ခံမှု တန်ဖိုး ကို တစ်ယောက် က အပြန် အလှန် သဘောပေါက် သိမြင်ကြ သည့် သဘော ရှိပြီး တစ်ဦးချင်း စီ ၏ ပန်းတိုင် အတွက် တစ်ယောက် ကို တစ်ယောက် က အသုံးပြုနေ ကြ သည်။ 

အဆိုပါ သတင်းသာ မှန်ကန်ခဲ့ ပါက ထို အချက် က ဦးရွှေ မန်း အနေဖြင့် လွှတ်တော် အသစ် နှင့် နိုင်ငံတော် သမ္မတရွေးချယ် ရေး အဖွဲ့ကို ထောက်ခံမှုပေးလာ နိုင်သည်။
        
သို့သော်လည်း သူရဦးရွှေမန်း အနေဖြင့် ဂုဏ်သိက္ခာ၊ နာမည် သတင်းကိစ္စ များကို ရင်ဆိုင်နေရ ပါသည်။ ၂၀၁၀ ရွေးကောက်ပွဲ မ တိုင်မီ က အကဲခတ် အချို့က ဦး ရွှေမန်း သည် သမ္မတ ခန့်အပ် ခံရ မည်ဟု ခန့်မှန်း ခဲ့သော်လည်း ဦး သိန်းစိန်ကြောင့် လွဲချော် ခဲ့သည်။ 

အချို့က မူ စစ်ဗိုလ်ချုပ် များတွင် ဦးသိန်းစိန် က နာမည် အကောင်းဆုံး  သူဖြစ်သည့် အတွက်ကြောင့် အစိုး ရ အသစ် အတွက် မျက်နှာပန်းလှ သူတစ်ဦး ဖြစ်သည်။ ဦးရွှေမန်း က သူ့ရာထူး ကို သူ့ မိသားစု၏ စီးပွား ရေး အကျိုး အတွက် အသုံးချခဲ့ သည်ဟု သတင်းများ လည်း ထွက် နေသည်။ သူတို့ ကတော့ အဆိုပါ သတင်း ကို ငြင်းဆို ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် က ခရိုနီတွေ ဟု သိကြသော စီးပွား ရေးသမားများ ကို လက်ခံသည့် ပုံ ပြသော် လည်း စစ်ခေါင်းဆောင် က ပထမ အကြိမ် ပွဲထုတ်ရန် မစဉ်းစား ခဲ့သူ တစ်ဦးကို NLD ကကော ထောက်ခံ အားပေးချင် ပါသလား။

သို့ရာတွင် NLD ကလည်း ဦးရွှေမန်း ကို တကယ် မယုံကြည် တာလည်း ဖြစ်နိုင်သည်။ သူ၏ လတ် တစ်လော ကြေညာ ချက် က NLD ပါတီဝင် အချို့ကို အနှောင့် အယှက်ဖြစ်စေသည်။ 

NLD  အထူး သဖြင့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဦးရွှေမန်း ကို တရားဝင်ဖြစ်လာအောင် လုပ်ပေးနိုင် သူ အဖြစ် မြင်နေ သည် ဆိုလျှင် တခြား ကိုယ်စားလှယ် တစ်ဦး ကိုလည်း ရွေးချယ်ပြီး သဘောတူညီ ချက် ရအောင် လုပ်ကောင်း လုပ်နိုင်ပါသည်။

တပ်မတော် ကာကွယ်ရေးဦး စီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို ထောက်ခံခြင်းဖြင့် မင်း အောင်လှိုင် အနေဖြင့် NLD နိုင်ငံ ရေး အရင်းအနှီး ကို ရလာနိုင် မှာ ဖြစ် သလို စစ်တပ် မှာ လည်း တည် ငြိမ်မှုနှင့် သြဇာ အာဏာ တိုးလာ နိုင်သည်။ 

ထို့အပြင် ဒေါ်အောင် ဆန်းစုကြည် က လည်း ယခု အချိန် အထိ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် အပေါ် ဝေဖန်ပြောဆိုမှု လည်း မလုပ်သလောက် ရှိသည်။

ပြည်ခိုင်ဖြိုး ပါတီ ဘယ် ဘက် ယိမ်းမည် ဆိုတာ ကိုလည်း မှန်းဆရ ခက်၏။ သို့သော် ဦးသိန်းစိန် က မူ ခိုင်မာ အားကောင်း သည့်ပြိုင်ဘက် တစ်ယောက်ဖြစ်၏။

 နိုင်ငံ ရေးပြုပြင်ပြောင်းလဲမှု ကာလမှာ ပြုပြင်ပြောင်းလဲရေး ကို လုပ်ခဲ့ သူ တစ်ဦးအဖြစ် လူထုထောက်ခံမှု ကို ဦးရွှေမန်းနှင့် မင်းအောင်လှိုင် ထက် ပို ရရန်ရှိသည်။ ပြည်ခိုင်ဖြိုး ပါတီ အတွင်းမှာ စစ်တပ် ၏ လွှမ်း မိုးမှု မည် မျှ ရှိ မည်ကို မသိရသေး သော်လည်း သူတို့ အလို ရှိလျှင် မဲ က ယိမ်းသွားနိုင်သည်။

ထို့အပြင် သမ္မတ ဦးသိန်းစိန် က တိုင်းရင်းသား လက်နက်ကိုင် များနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ကို လုပ်ဆောင်နိုင်ခဲ့ ပါက တိုင်းရင်းသား ပါတီ များနှင့် ဒီမိုက ရေစီ အုပ်စုများ ၏ ထောက်ခံ မှုကို လည်း ရနိုင်သေး သည်။ 

ထို့ အတူ မြန်မာ စစ်တပ်က တိုင်းရင်းသား အုပ်စု များကို ဆက်တိုက် တိုက် ခိုက်နေမှုကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် တိုင်း ရင်းသား များ၏ ထောက်ခံမှု ရရန် ခက်ပါသည်။

NLD ကတော့ ဦးသိန်းစိန် ကို ထောက်ခံခြင်း ရှိချင်မှ ရှိမည်။ ဒေါ် အောင်ဆန်းစုကြည် က ဦးရွှေမန်း နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် ကို လူသိ ရှင်ကြား မဝေဖန် သော်လည်း ဦးသိန်းစိန် ကို လူသိ ရှင်ကြားဝေ ဖန် ထားတာ ရှိသည်။

ဦးသိန်းစိန် အနေဖြင့် နောက် တစ်ကြိမ် သမ္မတ အဖြစ် ပြန်လည် ရွေးချယ် ခံရရန် တာဝန်ယူ ပါက သက်တမ်း အပြည့် မဟုတ်ဘူး ဆို လျှင် သည် အချက်က ပြဿ        နာ မရှိ။ နောက်ထပ် သမ္မတလောင်း တစ်ဦး လက်ထဲသို့ အာဏာ မလွှဲ မီမှာ သူ့ အနေဖြင့် နှစ် အနည်းငယ် သမ္မတ တာဝန်ယူ ထမ်းဆောင်ရန် အတွက်တော့  အားပေးထောက် ခံမှု လုံလုံလောက်လောက် ရကောင်း ရနိုင် ပါလိမ့်မည်။

 ထားထားမြင့်
(The Interpreter စာစောင် ပါ ရိုင်းစ်သော်မဆင်၏ How Myanmar's Presidency Will Be Won အပိုင်း(၂)နှင့် (၃)ကို ထားထားမြင့်က ဘာသာပြန်ဆို၍ ဖော်ပြထားပါသည်။)
From...  http://www.searchmyanmar.com/link/frame/cid/45879


No comments:

Post a Comment