Thursday, January 15, 2015

ရေနည်း ငါး { ကဗျာ }


အမေ....
မွေးရုံ သက်သက် ဘဲလား အမေ
မတူကြတဲ့လောက လူ့ သဘာဝ
ဆင်းရဲနွမ်းပါး ဘဝ မခြားသ၍
အမေ့ ကိုတွေ့ချင်သေးတယ် အမေ။

အဖေနဲ့ မှားခဲ့တဲ့ အမေ
ကျွန်တော့် ကို သန္ဓေတည်မှ
အမေနောင်တရတော့တယ်ပေါ့။

အမေချစ်တဲ့ အမေ့လူကြီး (အဖေ )ဟာ
ဘယ်သူ ဘယ်ဝှါ ဆိုတာ
ကျွန်တော် မသိ လိုတော့ပါဘူး။

မေတ္တာ တရားတွေ နဲ့လွှမ်းခြုံ ထားတဲ့
ပရဟိတ ကျောင်းလေး ထဲမှာ
ဘဝတူ သူငယ်ချင်း များနဲ့
သားနေတတ်နေ ပါပြီ အမေ။


 


သားကို ထားခဲ့ပြီး ပြန်လှည့် သွားတဲ့
အမေ့ ရဲ့ကျောပြင် ကို
မျက်ရည် စတွေကြားက
အမေ ဆိုတာ မသိ တသိ
ကြည့် မိ ခဲ့ဘူးတယ် အမေ။

အမှတ် သညာသေး တဲ့ ဥမမယ်သား
ဘဝ ခါးမှန်းလည်း မသိ
ချို  မှန်းလည်း မသိခဲ့။

မေတ္တာ တရားတွေ သာ ရှိပြီး
နို့  ချိုရည် မရှိ တဲ့ သူ တချို့က
ရင်ဝယ် ပိုက်ပြီး အမေ့နေရာယူ
အမေ ပစ်ခဲ့တဲ့ သား ရေနည်း ငါးကို
ဂရုဏာ လက်တွေနဲ့ကြိုဆိုထွေးပွေ့
ရင်ခွင်နွေးနွေးမှာ....
ငြိမ်းအေးစေခဲ့ ပါတယ်...အမေ။

နို့သီးခေါင်း အတုနဲ့ နို့ချို  ရည်
အမေ့ ကိုယ်စား အားဖြစ်
မမြင် ဘူးတဲ့ မျက်နှာ
မတွေ့ဘူး တဲ့ လက်နဲ့
ထွေးပွေ့ထားတဲ့ သူတွေကို
အမေမြင်လှည့် စေချင်တယ်။

မှားတာ အဖေလား?
မှားတာ အမေလား? မမေးတော့ပါ
ဘဝမခြားသေးတဲ့ ကျွန်တော်
လူဘောင် လူလောကမှာ
မိဘမဲ့ အခေါ်ခံ
မိပစ် ဖပစ် နွံမနစ်တာ ကိုဘဲ
ကျေနပ် လှပါပြီ အမေ။

မမြင် ဘူးတဲ့ မွေးသမိခင်
မမြင် ဘူးတဲ့ မွေးသဖခင်
ဝဋ်ကြွေး ရှိခဲ့ရင်..,
သားကျေအောင်ဆပ်မှာပါ...

တပါး သူရဲ့ ရင်ခွင်
တပါး သူရဲ့ မေတ္တာ လက်တွေနဲ့
ထွေးပွေ ထားတဲ့ အမေ့ သားကို
တစ်ခါ  တစ်ခေါက် ကလေးတော့
လာကြည့် လှည့်ကြ ပါဦးဗျာ....။




 


ကိုစိုးမိုး

( ရတနာ အလင်းရောင် )
မိဘမဲ့ ပရဟိတကျောင်း
၅၈လမ်း/စက်မှု(၂ )လမ်းတောင်ဘက်
ပြည်ကြီးတခွန်၊မန္တလေးမြို့။

၀၉/၉၁၀၃၃၂၁၉
၀၉/၂၀၀၀၃၈၃
၀၉/၂၄၆၀၉၆၀။ သို့
ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

နေ့ဆွမ်း။---။၁၂၀၀၀၀/ကျပ်။
ညနေစာ။---။၇၀၀၀၀/ကျပ်။

နို့တိုက်အရွယ်----(၄)ယောက်။
မူကြိုအရွယ်-----(၃၂)ယောက်။
စုစုပေါင်း--------(၂၈၃)ယောက်။.

အဆင့်ဆင့် share ပေးကြပါဗျာ။

From... https://www.facebook.com/groups/1484028851879960/


No comments:

Post a Comment