Wednesday, January 14, 2015

တိုင်တန်းနစ် သေရွာပြန် ၏ စာကို အမေရိကန် တွင် လေလံပစ်ရောင်းချမည်

10429325_913779758641538_8149327283117588623_n
ဝါရှင်တန်၊ ဇန်နဝါရီ ၁၃

တိုင်တန်းနစ် (Titanic) ဇိမ်ခံ သင်္ဘောကြီး သည် ၁၉၁၂ ခုနှစ်၌ နစ် မြုပ်ခဲ့သည်။ ထို သင်္ဘော နစ်မြုပ်ရာ တွင် လူအများ အပြားသေ ဆုံးခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ အနည်းငယ် သာရှိသည်။

ထို ရှားပါး အသက်ရှင် သူများတွင် ဗြိတိသျှ မင်းမျိုးစိုးနွယ် တစ်ဦးလည်း ပါဝင်သည်။ ထိုသူက ဒေါသ တကြီးဖြင့် စာတစ်စောင်ရေး ခဲ့သည်။

ထိုစာ ကို အမေရိကန်ပြည် ထောင်စု တွင် နောက် လာမည့် သီတင်းပတ် ၌ လေလံပစ်ရောင်းချမည် ဟု သိရသည်။

စာ ကိုဒေါသဖြင့်ရေးခဲ့သည့် မင်း မျိုးစိုးနွယ် မှာ လေဒီလူစီဒပ်ဖ်-ဂေါ် ဒွန်ဖြစ်သည်။ သူမ သည် တိုင်တန်း နစ် သင်္ဘောကြီး နစ်မြုပ်သော အခါ အသက် ကယ်လှေဖြင့် ထွက်ပြေးခဲ့ သည်။



ထို့ကြောင့် ဗြိတိန် လူထုက လူစီ ကို ဒေါသထွက်ကြသည်။ လေ ဒီလူစီဒပ်ဖ်ဂေါ်ဒွန် သည် သင်္ဘော ကြီး နစ်ပြီးနောက် တစ်လ အ ကြာ၌ လန်ဒန် တွင် စာမျက်နှာ နှစ်မျက်နှာ ပါ စာတစ်စောင်ရေးသားခဲ့သည်။

”စာနာထောက်ထားကြင်နာ သနားတယ် လို့ ကျွန်မ ဆီကို နယူး ယောက်ကနေ ကြေးနန်းစာပေးပို့ လိုက် တာ ရှင်သိပ်ကြင်နာ တတ်တာ ပဲ”ဟု ဖက်ရှင် ဒီဇိုင်နာလူစီဒပ်ဖ်-ဂေါ် ဒွန် က အမေရိကန်ပြည်ထောင်စုရှိ မိတ်ဆွေ တစ်ဦးထံသို့ စာရေးပေးပို့ ခဲ့သည်။

”သေရွာကပြန်လာ တဲ့ ကျွန်မတို့ ကို အင်္ဂလန် က ပြုမူ ဆက်ဆံပုံ အရက တော့ ကျွန်မတို့ကို ကယ်တင်ခဲ့တာ မှာ မှန်မှန် ကန် ကန်ဆောင်ရွက်ခဲ့ တယ် ဆိုတဲ့ ပုံ လုံးဝ၊ လုံးဝ မပေါ်ဘူး။ ဘယ်လောက် သိက္ခာကျထား လဲ” ဟူ ၍လည်း လူစီက ထိုစာတွင်ရေးထား သည်။

နယူးအင်္ဂလန် မှ လေလံပစ်သူ မှာ RR Auction ဖြစ်သည်။ ယင်း သည် တိုင်တန်းနစ် အမှတ် တရပစ္စည်း များကို လေလံ ပစ်လေ့ရှိသည်။

ထို စာကို ဘော့စတွန် တွင် လေလံပစ် မည်ဖြစ်ရာ အမေရိကန်ဒေါ်လာ ၆၀၀၀ အထိ ရနိုင်သည်ဟု RR Auction က ဆိုသည်။


Ref : AFP
‪#‎Democracytoday‬
From...http://www.searchmyanmar.com/link/frame/cid/46004
 

No comments:

Post a Comment