Saturday, January 17, 2015

မိုးရာသီ နဲ့ ဒူးရင်း သီး ( စားခြင်း အကျိုးကျေးဇူး )


အနံပြင်း တဲ့ အထဲ မှာ သူက ထိပ်ဆုံး က ပါလို့ မကြိုက်သူ အများရဲ့ နှာခေါင်းရူံ့ တာတွေ ခံနေ ရတဲ့ စားကောင်း သော အာဟာရ ဖြစ်လှ တဲ့ အသီး ပါ။ မိုး ကာလ ရာသီချိန် နဲ့ အညီ ပေါပေါ နဲ့ စားနိင် လာ တဲ့ နှစ်သက် သူများ အတွက် ဒူးရင်းသီး ပါ။ 

အင်္ဂလိပ် နာမည် မှာ လည်း Durian လို့ပဲ ခေါ်ပြီး ရုက္ခ ဗေဒနာမည် ကတော့ Durio zibethinus လို့ခေါ်ကြောင်း သိရပါတယ်။ ဒူးရင်းသီး မျိုး ၃၀လောက် အမျိုးစား ကွဲ များ ရှိပြီး ထိုထဲ မှာမှ အမျိုးအစား (၉) မျိုးလောက်သာ စားကောင်းပါတယ်။  

နိင်ငံတကာ ဈေးကွက်တွေ မှာတော့ Durio zibethinus ဆိုတဲ့ ဒူးရင်း တစ်မျိုး သာ ရရှိပြီး ကျန်တဲ့ အမျိုး အစားတွေ ကိုတော့ ဒေသတွင်း မှာ သာရောင်းချ လျက်ရှိပါတယ်။

ဒူးရင်းသီး ဟာ အပူပိုင်း သစ်သီးတွေ ဖြစ်တဲ့ ဌက်ပျောသီး၊ ထောပတ်သီး တို့လို ပဲ အာဟာရ ဗီတာမင်နဲ့ သတ္တု ဓာတ်တွေ မှာ ကြွယ်ဝပါတယ်။ 





ဒူးရင်းသီး တစ်လုံး ကို ၆၀၂ ဂရမ်လောက် ရှိပြီး ကယ်လိုရီ က ၈၈၅ နှုန်း ရှိပါတယ်။ ထို အထဲ မှာ မှ အသား ဓာတ်၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်တွေ အပြင် ဗီတာမင် စီ အများဆုံး နဲ့ ဗီတာမင် B6 တို့ အများဆုံး ပါဝင်ပါ တယ်။ 

ထို ဓာတ်တွေ ဟာ ခန္ဓာကိုယ် ရဲ့ ခုခံမူ အားကို မြင့်တင် ပေးပြီး ရောဂါတွေ ကို ကာကွယ်ပေးနိင်ပါတယ်။ အသီးဟာ နူးညံ့ လှပြီး အစားချေလွယ်အောင် ကူညီပေးတဲ့ Fructose ကဲ့သို့ သကြား ဓာတ်တွေ ပါဝင်တဲ့ အတွက် အစားခြေမူ ကို လွယ်ကူစေပြီး ခွန်အား ကို ဖြည့်တင်းပေးတဲ့နေရာ မှာ လွယ်လွယ် ခန္ဓာကိုယ်ကို ဖြည့်တင်းပေးနိင်ပါတယ်။

ပိန်တဲ့ သူများ ကိုလည်း ၀စေနိင် တဲ့ အာဟာရတွေ ပါဝင်ပြီး ပြည့်ဝ လွယ်တဲ့ မကောင်း တဲ့ ကိုယ်လက် စထောတွေ မပါဝင် တဲ့ အတွက် စားသင့် တဲ့ အသီး တစ်သီး ဖြစ်ပါတယ်။

Ref: nutrition-and-you
အောင်ဟိန်း (ရိုးရာလေး)
 From...YoYarLay

No comments:

Post a Comment