Monday, January 26, 2015

ပိုးထည် တစ်ထည်ဖြစ်ဖို့ အတွက် ရင်းလိုက်ရတဲ့ အသက်များ

p1 p2 p3 p4


ပိုးထည် စစ်စစ် ကိုမှ ကြိုက်ကြ တာပါ။ ပိုးထည် စစ်စစ် တစ်ထည်ဖြစ်ဖို့ အတွက် ပိုးကောင်းရေ များစွာ ၏ အသက် များကို ရင်းရ ပါတယ်။ 

စာရေးသူ အဖို့ လက်တွေ့ ကျကျ ပိုးထည်ပြုလုပ်ပုံ အဆင့်ဆင့် ကို မြင်လိုက် ရတော့ အံ့သြတုန်လှုပ် မိပါ တယ်။

ပိုးထည် တစ်ထည်ဖြစ်ဖို့ အတွက် ကတော့ မလွယ်ကူ ပါဘူး။ ပိုးတွေ အရင်ဦးဆုံး မွေးမြူ ထားရ ပါတယ်။ ပိုးတွေ ကြီးလာပြီ ဆိုရင်တော့ ပိုးချဉ် ထုတ်တဲ့ အဆင့်ကို စတင်ပြီး လုပ်ရပါတယ်။ 

 အဲဒီလို ပိုးချဉ် ထုတ်တဲ့ အခါ မှာ ပိုးကောင်တွေကို ပူနေတဲ့ ဆီအိုး ထဲမှာ စိမ်လိုက်တဲ့ အခါမှာ ပိုးကောင်တွေ မှ ချဉ်တွေ အမြောက် အများ ထွက်လာပါတယ်။ 



အဲဒီလို ပိုးကောင်တွေမှ ထွက်လာတဲ့ ချဉ်တွေ ကို စတင်ပြီး ရက်ကန်းဖြင့် မိမိတို့ အလို ရှိတဲ့ အရာကို ရက်လုပ် ရပါတယ်။

ဒါကြောင့် ပိုးထည် တစ်ထည် မှာ ပိုးကောင်တွေ မြောက်မြားစွာ ၏ အသက် များ ရင်းထား ပါတယ်။ အသက် မသေဘဲ ပိုးချဉ် တစ်မျှင်မှ မရနိုင် သလို အသက်တွေ ဆီပူအိုးထဲ နစ်ပြီးမှ သာ ပိုးချဉ်တွေကို ရနိုင်ပါ တယ် ။ 

 ဖော်ပြပါ ပုံများတွင် အဆင့်ဆင့် စက်ဝိုင်း ပုံကို ကြည့်ပြီး အသေးစိတ်လေ့လာ နိုင်ပါတယ်။



 
ကျော်လင်းနိုင် (ရိုးရာလေး)
From...  http://www.searchmyanmar.com/link/frame/cid/46492


No comments:

Post a Comment