Sunday, January 4, 2015

ရေချိုး ရင်းနဲ့ ကိုယ်ဟာ ဘယ်လို လူမျိုးလဲ ဆိုတာ စစ်ကြည့်ကြရအောင်။



 


(၁) ခြေထောက် ကနေစပြီး ရေလောင်း ချိုးတဲ့သူ.....
****************************************
ကိုယ့်ကို ကိုယ် ယုံကြည်ချက် လွန်ကဲသော သူ၊ တကိုယ်ကောင်း ဆန်တဲ့ အတွေးတွေ ရှိတတ် ပါတယ်။ သူတပါး ရဲ့ထင်မြင်ချက် ကိုလည်းလက်ခံ တက်ဖို့လိုပါတယ်။

(၂)လက် ကနေ စပြီး ရေလောင်း ချိုးတဲ့သူ.....
*************************************
သူ ကတော့ အချွဲ သန်တက်ပြီး တယောက် တည်းနေရ မှာကို သိပ်ကြောက် တတ် ပါတယ်။ 
ဒါပေမဲ့ ပျော်ပျော်နေ တတ် တဲ့ အတွက် သူငယ်ချင်းတွေ များများ ရအောင်ကြိုးစားပါ။


(၃)ခေါင်း၊ ဆံပင် ကနေ စပြီး ရေလောင်း ချိုးတဲ့သူ....
*****************************************
သူကတော့ ဘယ်လို စိတ်နေ စိတ်ထားရှိတယ် ဆိုတာမှန်းရ ခက်ပါတယ်။ ပတ်ဝန်းကျင်မှာ ရှိတဲ့ အရာ အားလုံး ကို စိတ်ဝင် စားလေ့ရှိပြီး လုပ်လိုက် ရင် တစ်ဝက် တစ်ပြတ် ဖြစ်နေ တတ်ပေမဲ့  ပြီးမြောက်အောင် လုပ်လေ့ ရှိပါတယ်။

(၄) ရင်ဘတ်၊ ဗိုက်ကနေ စပြီး ရေလောင်း ချိုးတဲ့သူ.....
*******************************************
ဘာမဆို အရမ်း စိတ်ပူ တတ်  လေ့ ရှိပါတယ်။ အဲဒီ အတွေးကြောင့် မကောင်းတဲ့ ဘက်ကိုတွေး တာများ တတ် တယ်။ တစ်ခါ တစ်လေတော့ လည်း ဘာမှ မတွေး ဘဲ လုပ်ကြည့် ရင်ကောင်း ပါတယ်။

အချစ်ရေး နဲ့ပတ်သက် လာသောအခါ …
=====================-

(၅) ဆံပင်နဲ့ မျက်နှာ ကို သေသေ ချာချာ အလေး ထားပြီး သန့်စင်တဲ့ သူ....
***********************************************************
သူ ကတော့ အချစ်ရေး မှာ ကိုယ် ချစ်တဲ့ သူ ကို နောက်ကွယ် မှာပဲ ကြိတ်ချစ်နေရတဲ့ သူဖြစ်လိမ့် မယ်။ သူရဲ့စိတ်လေးကို က သူတပါး ဒုက္ခ မရောက်အောင် ၊ ကူညီချင်တဲ့ စိတ် က အပြည့် ရှိပါတယ်။ ကူညီ ချင်တဲ့ စိတ်ကြောင့် ငွေရေးကြေးရေး အတွက် အသုံးချ ခံရတတ် ပါ တယ်။ အဲဒီလို မဖြစ်ရအောင် ပတ်ဝန်းကျင်က သတိပေး စကားကို နားထောင် သင့်ပါတယ်။
(၆) လက်နဲ့လက်ချောင်း ကို သေသေ ချာချာ အလေး ထားပြီး သန့်စင်တဲ့သူ....
************************************************************
သူ ကတော့ အချစ်ရေး မှာ ချစ်သူ ရဲ့ ဂရုတစိုက် အလေးထားမှု ကို ခံယူချင်တဲ့ သူဖြစ်ပါ လိမ့်မယ်။ ချစ်သူဖြစ်နိုင်တဲ့ သူ ကတော့ သူ့အတွက် အချိန်ပေးနိုင် မှ တော်ရာကျမှာပါ။ အချိန်တွေ အရမ်းပေးရတော့ လည်း ရန်ဖြစ်တဲ့ အခါလည်းရှိနိုင်ပါတယ်။ နှစ်ယောက်တည်း မနေပဲနဲ့ ပတ်ဝန်းကျင် နဲ့ လည်း သင့် တင့်အောင်နေ သင့်ပါတယ်။

(၇)လက်မောင်း၊ တတောင်ဆစ် ကို သေသေ ချာချာ အလေး ထားပြီး သန့်စင်တဲ့ သူ.....
*******************************************************************
သူ ကတော့ အချစ်ရေး မှာ ချစ်သူရဲ့ လိုအပ်ချက် ကို အမြဲဖြည့်စီးပေးချင်တဲ့ ဆန္ဒ ရှိပါတယ်။  ချစ်သူက ဘာမှ မတောင်းဆိုလာရင် တခုခု လိုအပ်နေတယ်လို့ ခံစားရမှာပါ။ ကိုယ်က လိုအပ်တဲ့ အချိန်ကျ ရင်လည်း သူက မရှိရင် စိတ်ဓိတ်ကျ တတ် ပါတယ်။ ချစ်သူကို အရမ်း အားမကိုးပဲ ကိုယ့်မှာ ရည်ရွယ်ချက်လေးတွေတော့ ထားသင့် ပါတယ်။တခါတလေလည်း စိတ်ပြေ လက်ပြောက် ကိုယ် လုပ်ချင် တာလေးတွေ ကို လုပ်သင့် ပါတယ်။

(၈)ခြေထောက်၊ ခြေဖနှောင့် ကို သေသေ ချာချာ အလေး ထားပြီး သန့်စင်တဲ့ သူ...
****************************************************************
သူ ကတော့ ချစ်သူက လိုချင်တဲ့ အတိုင်း လိုက်လုပ်လေ့တော့ မရှိပါ။
ကိုယ့်ကို လာပြီး ချွဲတဲ့ လူမျိုးနဲ့တော့ မကိုက် ပါ။ တဖက်မှာ အလုပ် (သို့) ဝါသနာပါတဲ့ အရာကို စွဲစွဲ လမ်းလမ်း ရှိတဲ့သူနဲ့ ဆိုရင်တော့ အဆင်ပြေနိုင်  ပါတယ်။


Happiness Is To You
Chelmo Team

From...http://www.searchmyanmar.com/link/frame/cid/45524

No comments:

Post a Comment