Saturday, January 31, 2015

စိတ်ဓာတ် ကျဆင်း မှု ပြဿ နာ ဖြေရှင်းခြင်း



စာရေး သူရဲ့  Personal account ထဲ က ညီငယ်တွေ၊ မိတ်ဆွေတွေ အတော်များများ တစ်ခါ တစ်လေ စိတ် ဓာတ် ကျတယ် ဘာညာ နဲ့ လာတိုင်ပင် တာများတော့ ဒီ အတွက် အကောင်းဆုံး ဖြေရှင်းနည်းလေး ပေါ့။

ကျနော် ကိုယ်တိုင် လည်း ရှာဖွေတွေ့ရှိ တာ မကြာသေး ပါဘူး။ ကိုယ်တိုင် ကလည်း စိတ်ဓာတ် ကျတတ် သူ ပဲလေ။ အရင်တုန်း ကပါ။ အခု မဖြစ်တော့ဘူး လို့လဲ မပြောပါဘူး။ ပုထုဇဉ် လူသားဖြစ်နေတော့ သတိ မကပ် တဲ့ တစ်ချိန် ကျ စိတ်ဓာတ် ပဲ ကျ သလိုလို၊ စိတ်ပဲ အလို မကျ သလိုလို ဖြစ်လာတယ်။ နားလည်ရ ခက်သွား မယ်ထင် တာတွေ ကို စရှင်း ပြပါမယ် သူငယ်ချင်းတို့။

ဒါတွေ အားလုံး အတွက် ဘုရားဟော တရားတော် မှာ ပါပြီး သားပါ။ စိတ်ဓာတ် ကျနေသူ တစ်ယောက် အတွက် အကောင်း ဆုံး ခွန်အား က တက်ကျမ်း လဲ မဟုတ်ဘူး။ အိပ်ဆေး လည်း မဟုတ်ဘူး။ အားလုံး ဘုရားဟော တရား ထဲ မှာ ပါဝင်ပြီးသားတွေချည်း ဖြစ်ပါတယ်။ အကောင်းဆုံးသော ဆေး အညွန်းက ဘုရားဟော တရား ဖြစ်ပြီး ဒါကို လည်း ဘယ်သူမှ အချိန်ပေး မလေ့လာ ဖြစ်ကြ ဘူးလေ။ စိတ်ဓာတ် ကျရတဲ့ အကြောင်း ကျနော် သေချာ သရုပ်ခွဲပြမယ်။

ကျနော် အခုပြောတာတွေကို မငြင်း နဲ့နော်။ ခု စာဖတ်နေတဲ့ မိတ်ဆွေ က စိတ်ဓာတ် ကျနေတယ် လို့ ထား လိုက်။ ခု မကျလည်း စိတ်ဓာတ်ကျနေတဲ့ အချိန်ကို ပြန်ရောက် သလို အာရုံ ခဏ ဝင်ထား။ ကျနော် စပြောပြီ။ 



မိတ်ဆွေ တစ်စုံတစ်ခု ကို လိုချင်နေတယ်။
မိတ်ဆွေ တစ်စုံတစ်ခု ကို ရှောင်လွဲချင်နေတယ်။ 
မိတ်ဆွေ သူများ ကို မနာလို ဖြစ်နေတယ်။


မနာလိုခြင်း

နောက်ဆုံးပြောတဲ့ အချက်ကို ငြင်းချင်တယ် မလား။ သေချာ ရှင်းပြမယ်။ လူတွေ က အမှန်တော့ ကိုယ့် ကိုယ် ကို နှိပ်စက်နေ တာဗျ။ ဘယ်သူ မှ မနှိပ်စက်ဘူး။ ကမ္ဘာ မှာ ကိုယ် တစ်ယောက်တည်း ရှိ ကြည့်။ မွေး ကတည်းက ကမ္ဘာ မှာ ကိုယ် တစ်ယောက်တည်း ရှိတာကို ပြောတာနော်။ သက်ရှိရယ်ဆို လို့လေ။ အဲ့လို ဆို နှိုင်းယှဉ် စရာ သက်ရှိ မရှိ လို့ မနာလိုစိတ် ကင်း လိမ့်မယ်။ လူရယ် လို့က မိသားစုနဲ့ ဖြစ် လာပြီ။ ဆွေ မျိုးတွေနဲ့ ဖြစ်လာပြီ။ သူငယ်ချင်းတွေ နဲ့ ဖြစ်လာပြီ။


 မြို့ တစ်ခု ရယ်လို့ ဖြစ်လာပြီ။ နိုင်ငံတစ်ခု ရယ်လို့ ဖြစ်လာပြီ။ ကမ္ဘာရယ် လို့ ဖြစ်လာပြီ ဆိုရင် နှိုင်းယှဉ် စရာတွေ များ လာတယ်။ သူက ဘာလေးစားနေတာ လဲ။ ငါလဲ စားချင် လိုက်တာ။ သူ ဘာအလုပ် လုပ်နေ တာလဲ။ ငါလဲ လုပ်ချင် လိုက်တယ်။ သူ ဘာလို့ လူတွေ အထင်ကြီးလေးစားမှု ကို ခံနေရတာလဲ၊ ငါလဲ သူ့ လို ဖြစ်ချင်လိုက်တာ။ အစရှိသဖြင့် Compare လုပ်နေတာ သံသရာ က မဆုံးတော့ ပါဘူး။ မငြင်းနဲ့ နော်။ 

ခု ကိုယ်လျှောက်လှမ်းေ နတဲ့ Career မှာတောင် ငါ့ထက် ဘယ်သူတွေ က ခရီးရောက်နေပြီ။ သူက ဘာရာ ထူး အဆင့်တွေ ရနေပြီ။ ငါကျတော့ ဘာလို့ ဒီလောက်ပဲ ဖြစ်သေးလဲ။ ဘယ်တော့မှ ဖြစ်လာမှာလဲ။ စိတ်တွေ၊ စိတ်တွေ စိုးရိမ်စိတ်တွေ။

အဲလို မိမိ ကိုယ်ကိုယ် ကို သူတစ်ပါး နဲ့ နှိုင်းယှဉ် တိုင်းတာခြင်းအား၊ သူတစ်ပါး စည်းစိမ်၊ ဂုဏ်ရာထူး အပေါ် ငြူစူခြင်း သဘောကား ဣိသာ စိတ်ဖြစ်ကြောင်း ဘုရား က အဘိဓမ္မာ ကျမ်းမှာ သေချာ ဟောထား ပါတယ်။ မစ္စရိယ ဆိုတာ ကတော့ မိမိ ရဲ့  စည်းစိမ် အား သူတစ်ပါး ကို မျှဝေရန် မလိုလားခြင်း ဆိုတော့ မနာလို မဟုတ်ပါဘူး။ အူတိုတာ ပါ။ အဲဒါ ကတော့ စိတ်ဓာတ် ကျဆင်းမှု နဲ့ မပက်သက် ပါဘူး။


စိုးရိမ်ခြင်း

ပါဌိလို ပြောတော့ “သောက” ပေါ့။ ဘာရယ် လို့ မဟုတ်ပဲ စိုးရိမ်နေတာ။ နဂို ကလည်း သူများ ဂုဏ်ရာ ထူး၊ အောင်မြင်မှု အပေါ် မနာလို ဖြစ်နေတာ ငါ အဲဒီလိုဖြစ်ကောဖြစ်လာပါ့ မလား ဆိုပြီးတော့ စိုးရိမ် စိတ်တွေ က ဝင်လာပြီ။ အဲဒါ သောက ပေါ့။ ငါဘယ်တော့ ရမလဲ၊ ဖြစ်လာ မလဲ အစရှိသဖြင့်ပေါ့။


ဒုက္ခတရား မသိခြင်း

အဲဒါ အမှန်ပဲ ဗျ။ ကျနော်ပြောတာ အားလုံးက နည်းနည်းကြီးနေလား ပဲ။ ရှင်းရှင်းပြော ရရင် လောကဓံကို ခံနိုင်ရည် မရှိတာ။ အဲဒါ အတော်လေး ဆိုးတယ်။ လောက မှာ ကောင်း တစ်လှည့်ရှိမယ်။ ဆိုးတစ်လှည့် ရှိ မယ်။ သူများတွေ ကိုယ်ပိုင်ကား စီးနေချိန် ကိုယ့်က ဘတ်စ်ကား တိုးစီးရင် စီးနေရမယ်။ သူများ အိမ်ကောင်း နဲ့ နေနေ ရချိန် တဲမှာ နေချင်နေနေရမယ်။ ဒါကို နားလည် လက်ခံနိုင်တယ်။ 


အိုကေ ဒါဆိုရင် လောကဓံ ကို ခံနိုင်မှု ရှိမရှိ က ပြန်စစ်ရ မယ်။ နဂို ကလည်းက ငွေကြေး ပိုက်ဆံက မရှိပါ ဘူး။ မိသားစု မှာ ဘယ်သူ က ဖျားရတာ နဲ့။ ဘာကိစ္စ အတွက် အရေးတကြီး အသုံး လိုနေတာနဲ့။ လစာက လဝက် မှာပဲ ကုန်ပြီး လတစ်ဝက်လောက် က ဘိုင်ပျက် ရတာနဲ့ အစရှိ သဖြင့်ပေါ့။ ဒီတော့ လောကဓံတွေက စပြီ။ ထမင်းကြမ်းခဲ စားချင်စားရမယ်။ 

 နေပူမှာ ဖိနပ် မပါပဲ လမ်းလျှောက် ချင်လျှောက်ရမယ်။ (ကျနော့ဘော်ဒါတွေ မှာ အဲ့လောက် ဆိုးတဲ့သူတွေ မရှိ ပါဘူးနော်) အစရှိ သဖြင့် စည်းစိမ်ကို ခံစားနေတာ မလဲ။ သာမန် အခြေအနေလေး တစ်ခုမှာနေ ချင် ပါ တယ်ဆိုတာ သာမန် ထက် အဆင့်ကျတဲ့ ဒုက္ခဝေဒနာ ဆိုတာကြီး ကို ခံစား လာရတော့ တော်ရုံလူ ဘယ် ခံနိုင်မလဲ။ ရောဂါလည်း ဖြစ်ချင်ဖြစ်မယ်၊ မိသားစုတွင်း ဖြစ်တဲ့ ပြဿ         နာလည်း ဖြစ်ချင်ဖြစ်မယ်။ အစရှိ သဖြင့်ပေါ့။  အိုကေ။ ပြန်အနှစ်ချုပ်မယ်။


၁။ နဂို ကတည်းက ကိုယ် က ဒုက္ခဝေဒနာတွေ နဲ့ ပြည့်နေမယ်။
၂။ သူတစ်ပါး ရဲ့  စည်းစိမ်၊ ဂုဏ် ပကာသန တို့ကို မြင်ပြီး မနာလို စိတ် ရှိနေမယ်။
၃။ ဖြစ် မလာသေးတဲ့၊ ကြုံ   မလာသေးတဲ့ အရာ နဲ့ အခြေအနေ တစ်ခု အပေါ်မှာ စိုးရိမ် ပူပင်သောကတွေ ဝင်နေမယ်။

အဲ့ဒီ အချက် ၃ ခု စုံရင် ကြိမ်းသေ စိတ်ဓာတ်ကျ ပါပြီ။ မပြောမရှိ နဲ့။ ဒါဗေဒင်ဟောတာထက် တိကျတယ်။ အခြား စိတ်ဓာတ် ကျစရာ အကြောင်းမရှိဘူး။ အားလုံး အချက် စုလိုက်ရင် အဲ့ဒီ အထဲမှာ အားလုံး ပေါင်း စုံတယ်။ 


ဥပမာ ကျောင်းက ပရောဂျက် တစ်ခုလုပ်ရမယ်။ နောက်ဆုံးရက် သတ်မှတ် ထားတာ နီးနေပြီ ခုထိမပြီးသေး ဘူး။ ဒါဆိုရင် စိတ်ဓာတ်ကျပြီ။ ဝင်လာ တဲ့ စိတ်က စိုးရိမ်ပူပင် စိတ်လေ။ ဒီတော့ စိတ်ဓာတ်ကျဖို့က အထက်ပါ အချက် ၃ ချက် လုံး စုံရင်လည်း စုံမယ်။ တစ်ခုတည်းလည်း ဖြစ်ချင်ဖြစ်မယ်။

ဘယ်လို ဖြေရှင်း ရမလဲ

ကျနော်ပြောခဲ့ သားပဲ။ အားလုံး က ပုထုဇဉ် လူသားတွေ ပဲလို့။ ဒါကို ဖြေရှင်းဖို့ ဆိုတာ အထက်ပါ အချက်တွေ အတိုင်း ကိုယ့်စိတ် ကို တရားကိုယ် ခွဲနိုင်ပြီ ဆိုရင် ကျင့်ကြံ ရမယ့်နည်းလမ်း က ရှိပြီသားပါ။ သိနေပြီဆိုရင် စိတ်ဓာတ် မကျအောင် ရှောင်ဖို့ကမလွယ်တော့ဘူးလေ။

တက်ကြမ်းတွေဖက်လည်း ခဏပဲဗျ။ အရင်က အကောင်းဆုံး လုပ်ခဲ့တာတွေ ကို ပြန်တွေးပါတို့၊ ညာတို့ဆိုတာ ခဏပဲ ရမယ်။ နောက်ဆို စိတ်ဓာတ် ကျပြန်ရော။ ကိုယ်က ယောနိသော မနသိကာရ ဆိုတဲ့ အကောင်းမြင် စိတ်ဓာတ်လေး ထာပေး။ Positive Thinking ပေါ့။ ဘာပဲကြုံကြုံ အကောင်းမြင်ဖို့ဆိုတာ မလွယ်ဘူးနော်။ ဒါပေမယ့် ခများကျင့်ရမယ်။ 


ကိုယ့်ကိုယ် ဓါးနဲ့ လာထိုးနေတာတောင် အကောင်းမြင်ပေးရအုံးမလားလို့တော့ ကျနော့ကို မမေးနဲ့နော်။ ကျနော်ကိုယ်တိုင်လည်း သောသပန်မဖြစ်သေးတော့ အရမ်းကြီး ဆိုးလာရင် အကောင်းမြင်နိုင်တဲ့ စိတ်က ကျချင်ကျလာမယ်။ ဒါက အားလုံး ကြိုးစားရမှာပဲလေနော်။

နောက်တစ်ချက် လောဘမကြီးနဲ့ပေါ့။ သို့ပေမယ့် လောဘနဲ့ ဆန္ဒနဲ့က ဆိုလိုရင်း မတူဘူးနော် မိမိကောင်း ကျိုး၊ ကောင်းစား ရန် ရည်သံ ကြိုးစားခြင်း က လောဘ၊ မိမိ မှ စ၍ တစ်ပါးသူမှ အားလုံး တို့ အပေါ် ကောင်း ကျိုးဖြစ် တိုးတက်ရန် ထားတဲ့ စိတ် က ဆန္ဒ။ 


ဒီအချိန် ကျနော့ကို မင်းရည်ရွယ်ချက် အနည်းငယ်တွေ ပြောပါအုံး ဆို ကျနော်က ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရအောင် ယူမယ်။ ဘီလ်ဂိတ် ထက်ချမ်းသာအောင်လုပ် မယ်။ ကမ္ဘာ မှာ ဘယ်သူ မှ မသိနိုင် မမြင်နိုင်သေးတဲ့ လိုအပ်တဲ့ အရာတစ်ခု ကို တီထွင်၊ ဖန်တီး ချပြနိုင်ဖို့ ကြိုးစားမယ်။ 

တစ်ကမ္ဘာ လုံးက လေးစား ချီးကျူး အံ့သြရလောက် တဲ့ လူတစ်ယောက်ဖြစ်အောင် ကြိုးစားမယ်၊ ဗုဒ္ဒဘာသာ သာသနာ တစ်ကမ္ဘာလုံး ပြန့်ပွာအောင် လုပ်မယ် အစရှိ သဖြင့် ပြောထည့်ပစ် လိုက်တယ်။ အဲ့တော့ ကျနော့ ကို မင်း ရူးနေလားလို့ ပြန်ပြောကြတယ်လေ။ အချို့  ကျတော့ ကြီးလိုက် တဲ့ လောဘတဲ့။ အင်းလေ ကာလ နဲ့ ဒေသ အရ ဖြစ်ဖို့ က မလွယ်တာကိုး။

အဲဒါ လောဘ မဟုတ်ဘူး။ မိမိ မှ စ သူတစ်ပါး ကောင်းကျိုးဖြစ်ရန် ထားတဲ့ ရည်မှန်းချက် က အဆုံး အစမဲ့ ရမယ်။ မဟုတ်ရင် ဘုရားက ယောင်္ကျားတို့ ကြိုးစားရင် ဘုရားဖြစ်တယ် လို့ ဟောခဲ့မှာ မဟုတ်ပါ ဘူး။


 မြတ်စွာဘုရား ချပြ တဲ့ လမ်းစဉ် ကလည်း အစွမ်းအစ ကို အဆုံး အစမဲ့ ကြိုးစား အသုံးချ ကျင့်ကြံဖို့ပဲ၊ သို့ပေ မယ့် အလယ် အလတ် ကျင့်စဉ် ပဲနော်။ မဟားတရား ကျင့်ရင် ဓမ္မ ကနေ အဓမ္မဖြစ်သွားပါလိမ့်မယ်။ ဥပမာ ဟစ်တလာ လိုပေါ့။

ဒီတော့ ပြောချင်တာကဗျာ။ စိတ်ဓာတ်မကျအောင်ဆိုပြီး ငါ အားလုံးကို အကေင်းမြင်ပြီး လောဘတွေ လျော့လိုက်တော့မယ်။ ဟိုဟာလည်းမလုပ်တော့ဘူး။ ဒီဟာလည်း မလုပ်တော့ဘူး မလုပ်နဲ့နော်။ အဲဒါ လူပျော့လူညံ့တွေရဲ့  အလုပ်ပါ။ 


စိတ်ဓာတ် ကျတိုင်း စိတ် ကို သရုပ်ခွဲ လို့ မလို အပ်တဲ့ အဆိပ်တွေ ဖြစ်တဲ့ လောဘ တွေ၊ စိုးရိမ် စိတ်တွေ၊ မနာလို မှုတွေကို ဖယ်။ ကိုယ်သွားနေ တဲ့ လမ်းကြောင်း ကို တည့်မတ်အောင်၊ သေချာအောင် လုံ့လ၊ ဝီရိယလေး စိုက်၊ သူများအောင်မြင်တာ ကြည့်ပြီး မုဒိတာ ပွား။ ငါလည်း ဒီထက်ပို အကျိုးရှိ၊ တိုးတက်စေမယ့် အရာတစ်ခု၊ လုပ်ဆောင်ချက် တစ်ခု လုပ်မယ် ဆိုပြီးတော့ ကြိုးစား။ 

ဒါဆိုရင် လောက ကြီးက ဘယ်လောက် သာယာ လိုက်မလဲ။ သူ သိန်း ၁၀၀ လှူနိုင်တယ်။ ငါ့ အလည့် သိန်း ၁ထောင် လှူပြီး ပိုကောင်း ကျိုးတွေ ရအောင် လုပ်မယ် အစ ရှိသဖြင့်ပေါ့။ ဒါဆိုရင် လောကကြီးက သာယာ လို့ ။ ခေါင်းစဉ်တွေ လွဲ ကုန်တော့မှာပဲ။ 

ဒီလောက် ဆိုရင် စိတ်ဓာတ် မကျအောင် ဘယ်လို နေထိုင် ကျင့်ကြံရမယ် ဆိုတာ အားလုံး သိပြီလို့ မျော်လင့် ပါ တယ်။

 


Aung Khamkyaw 
အောင်ခမ်း ( www.innewsmyanmar.com )

.

No comments:

Post a Comment