Friday, January 23, 2015

သင် အမှန် တကယ် ဆန္ဒရှိတဲ့ အတိုင်း အောင်မြင်ဖို့

သင် ဘာပဲကြိုးစား ကြိုးစား ဘ၀ဟာ ရှေ့ကို ခက်ခက် ခဲခဲ ခြေတစ်လှမ်း လှမ်းပြီး နောက် ကို နှစ်လှမ်းပြန် ဆုတ်နေ တဲ့ ဖြစ်စဉ်ကြီး တစ်ခုလိုမျိုး နေ့ရက်တွေ ကို ကြုံဖူးသလား။

ဒီကနေ့ ဟာ သင့် ဘ၀ရဲ့ ခေါင်းဆောင်နေရာ ကို ယူပြီး အောင်မြင်မှု  အတွက် နည်းဗျူ  ဟာတွေ ကို ချမှတ် ဖို့ အကောင်းဆုံး နေ့တစ်နေ့ ဖြစ်ပါတယ်။ သင် ခက်ခက် ခဲခဲ လုပ်ဖို့ လိုအပ် လိမ့်မယ်၊ ပြီးတော့ သင့်ရဲ့ အောင်မြင်မှု  အစီအစဉ် ထဲမှာ သင့်ကိုယ် သင် နှစ်မြှုပ်ထားဖို့လည်း လိုအပ်လိမ့်မယ်။ 

ဒါပေမယ့် သင် စလုပ်လိုက်ပြီ ဆိုတာနဲ့ အောင်မြင်မှု သေးသေးလေးတွေ ဟာ သင့်ကို ပိုပြီး အရှိန် ရလာစေ တာ၊ ခြေလှမ်း တစ်လှမ်းချင်း ဟာ အောင်မြင်မှုတွေ ကို ပိုပြီး ဆွဲယူနေတာ ကို သင် တွေ့ရလိမ့်မယ်။


၁။ သင့် ရဲ့ အောင်မြင်မှု  အတွက် တစ်ယောက် တည်းသော တာဝန်ရှိတဲ့ သူကို ကြည့်လိုက်ပါ၊ အဲဒါ သင် ပါပဲ။ အောင်မြင်ဖို့အတွက် ဆိုရင် သင်ဟာ သင့်ရဲ့ ဆောင်ရွက်မှုတွေ အတွက် အပြည့်အ၀ တာဝန်ယူ ရပါလိမ့်မယ်။ သင့်ရဲ့ အောင်မြင်မှု၊ ဒါမှမဟုတ် သင့်ရဲ့ ချို့ယွင်းမှုတွေ ကို တခြား သူတွေ ထံ ပုံချလို့ မရ 
ပါဘူး။

၂။ အောင်မြင်သူ တစ်ယောက် ရဲ့ အလေ့အကျင့်တွေ ကို ပျိုးထောင်ပါ။ ပိုပြီးတော့ ပြုံးပါ။ အခြေ အနေတိုင်း မှာ ကောင်းတဲ့ ဘက်ကို ကြည့်ပါ။ တစ်ခုခု ဟာ ဘာကြောင့် ခက်ခဲ သလဲ၊ သင် ဘာကြောင့် မလုပ်နိုင်ဘူးလဲ ဆိုတာတွေ ကို စာရင်းမပြုစုပါနဲ့။ 

သင် ဘာကြောင့် လုပ်နိုင်တယ် ဆိုတာ ကို ရှာဖွေပါ။ တစ်ခုတည်းပဲ ရှိတယ် ဆိုရင်တောင် အဲဒီ အရာနဲ့ စလုပ်ပါ။ သင်ဟာ အောင်မြင်သူတစ်ယောက် ဖြစ်လာဖို့အတွက်ဆိုရင် အောင်မြင်သူတစ်ယောက်ရဲ့ အလေ့အကျင့်တွေကို သင့်မှာ ရှိလာအောင် လုပ်ရပါမယ်။

၃။ ဒီနေ့ ဆုံးဖြတ်ချက် ချပါ။ သင် အောင်မြင်ရမယ် လို့ ဒီနေ့ ဆုံးဖြတ်ချက် ချပါ။ အတိတ်က သင် လုပ်ဆောင်နိုင် ခဲ့မှုတွေ အတွက် သင့်ကိုယ်သင် ချီးကျူးပါ။ သင့်ရဲ့ စွမ်းရည်တွေ ကို သိပါ၊ အဲဒါတွေကို တိုးတက်အောင် လုပ်ပါ။ 

သင့်မှာ ရည်ရွက်ချက် တစ်ခု ရှိတယ်၊ အခြား အနုတ် လက္ခဏာဆောင် တဲ့ အရာတွေ ကို ဘေးဖယ်လိုက်ပါ။ အဲဒီ ရည်မှန်းချက် ကို သတ်မှတ်ပါ၊ သင့်ကိုယ်  သင် အပြည့်အ၀ ကျေနပ်မှု  ရရှိစေဖို့ ဒီနေ့ပဲ စတင်ပါ။

၎။ မနက်ခင်း သင် နိုးထတဲ့ အခါတိုင်း၊ အခြားသူတွေနဲ့ စကားပြောတဲ့ အခါတိုင်း ကောင်းတဲ့ အရာတွေနဲ့ စပါ။ အကောင်းမြင်တတ် သူများနှင့် ပေါင်းသင်းပါ။ သူတို့ကိုယ်တိုင် လည်း အောင်မြင်ဖို့ ဆုံးဖြတ်ထား သူတွေနဲ့ ဆက်ဆံပါ။ 

အဆိုးမြင် သမားတွေကို လုံးဝ ရှောင်ကျဉ်ပါ။ သူတို့က သင့် ကို စိတ်ဓာတ် ကျအောင် လုပ်ရုံတင် မက၊ သူတို့ ရဲ့ အဆိုးမြင် အတွေးတွေ၊ ငြီးတွားမှုတွေ၊ ဆင်ခြေပေးမှုတွေ က သင့်အတွက် အဆိပ် 
အတောက် ဖြစ်ပါတယ်။

၅။ သင် ဘယ်လို အောင်မြင်စွာ နေထိုင်ဖို့ ဆန္ဒရှိ သလဲဆိုတာ မြင်ယောင်ပါ၊ ချရေးပါ။ 
သင့် အတွက် အဓိပ္ပါယ် ရှိတဲ့ အရာတွေ၊ သင့်ကို ပျော်ရွှင်မှုပေးတဲ့၊ သင့်ကိုယ် သင် စိတ်ကျေနပ်မှု ဖြစ်စေတဲ့ အရာတွေ ကို စဉ်းစားကြည့်ပါ။ ပြီးတော့ သင် ဘယ်လို နေထိုင်ချင်သလဲ ဆိုတာကို တတ်နိုင်သမျှ တိတိ ကျကျဖြစ်အောင် ချရေးပါ။ အာရုံစူးစိုက်ပါ၊ 

အနုတ် လက္ခဏာ အတွေးတွေ ကို နားမထောင် ပါနဲ့။ အချက် အလက်တိုင်း ကို ချရေးပါ။ သင် ဘယ်မှာ နေ ထိုင်ချင် သလဲ၊ သင့်ရဲ့ အိမ် က ဘယ်လို ပုံစံမျိုးလဲ၊ သင်နဲ့ သင့်မိတ်ဆွေတွေ က ဘာကို စိတ်ဝင် စားကြ သလဲ၊ သင့်ရဲ့ အချိန်နဲ့ ငွေကြေး ကို ဘယ်လို လူမှု လုပ်ငန်းတွေမှာ သုံးချင်သလဲ။ 

အဲဒါတွေ ကို စာအုပ် တစ်အုပ် ထဲမှာ ရေးပါ။ ရက်သတ္တ တစ်ပတ်မှာ ကြိမ်ဖန် များစွာ ဖတ်ပါ။ နေ့စဉ်နေ့ တိုင်း သင် ဆန္ဒရှိတဲ့ အဲဒီ ဘ၀ကို နေထိုင်နေပုံ ကို မြင်ယောင်ကြည့်ပါ။ အဲဒီ အောင်မြင်တဲ့ ဘ၀နဲ့ ပိုပြီး နီး လာစေမယ့် အရာတွေကို သာ လုပ်ဆောင်ပါ။

၆။ အောင်မြင်မှု  က သင့်အတွက် ဘယ်လို အဓိပ္ပါယ် သက်ရောက်မှု  ရှိသလဲ ဆိုတာကို သတ်မှတ်ပါ။ သင် အကောင်းဆုံး လုပ်နိုင်တဲ့ အရာတွေ အပေါ်မှာ အာရုံစိုက်ပါ။ သင့်ရဲ့ ဘ၀ကို ဘယ်လိုနေထိုင် ချင်တယ် ဆို တာကို သင့်ကိုယ်သင် ပြောပါ။ အသံ ထွက်ပြီး ပြောပါ။ မဟုတ် ရင် သင် အဲဒါ ကို အောင်မြင်သွားတဲ့ အခါ သင် သိလိုက် မှာ မဟုတ်ပါဘူး။

၇။ သင့်  အမြင်မှာ အောင်မြင်တယ် လို့ သင် ထင်တဲ့ သူတွေအကြောင်း၊ ပြီးတော့ ပိုပြီးအောင်မြင်စေမယ့် နည်းလမ်းတွေ အကြောင်း စာအုပ်တွေ မှာ၊ အင်တာနက် မှာ ဖတ်ရှုပါ။ သင့် ရည်မှန်းချက် ကို နေ့စဉ်နေ့ တိုင်း စနစ်တကျ ချဉ်းကပ်ပါ။ 

 နေ့စဉ်နေ့တိုင်း သင့်ရဲ့ အောင်မြင်မှု သို့ ခြေလှမ်း တစ်လှမ်း လှမ်းပါ။ သင့်ရဲ့ စိတ် ကို လက်ရှိ အချိန်မှာ ထားပါ။ အနုတ် လက္ခ္စဏာ လမ်းကြောင်း ထဲမှာ လျှောက်သွားနေဖို့ ခွင့်မပြုပါနဲ့။ သင့် အာရုံမှာ သင့် ရဲ့ အောင်မြင်မှု ကိုသာ မြင်ယောင်ပါ။ ဆုံးဖြတ်ချက် ခိုင်မာတဲ့ စိတ်ထားနဲ့ သင်ဟာ သင့်ရဲ့လမ်း တစ်လျှောက် မှာ ကျေနပ်ပျော်ရွှင် ပါလိမ့်မယ်။


Ref: 7 Things You Can Do To Reach The Success You Truly Desire by author BZ Riger-Hull- Your Life Success
From...   http://www.searchmyanmar.com/link/frame/cid/46347


No comments:

Post a Comment