Monday, January 19, 2015

တရုတ်မုန့် သုံးမျိုးနှင့် ယိုစုံ တစ်ခု တွင် တားမြစ် ဓာတု ပစ္စည်းများ စစ်ဆေးတွေ့ရှိ

စားသုံးရန် မသင့်သော ဓာတု ပစ္စည်းများ ပါဝင်နေ သည့် မုန့်လေးမျိုး (ဓာတ်ပုံ - MOI)
 
 
ကျောင်းမုန့်ဈေးတန်း များတွင် ရောင်းချလျက် ရှိသော တရုတ်မုန့် သုံးမျိုးနှင့် ပြည်တွင်း မှ ယိုစုံ တစ်ခု၌ စားသုံးရန် မသင့် သော ဓာတု ပစ္စည်းများ ပါဝင်နေ ကြောင်း သတင်းရရှိသည်။

ကျောင်းမုန့်ဈေးတန်း များ တွင် တွေ့ရသော MIKI KO တံ ဆိပ် တရုတ် ဆီးသီး၊ SIKOZ နှင့်SOUR LIQUID CANDY တံဆိပ် အာဖျန်း အချိုရည်နှင့် ပြည်တွင်း မှ တွင်ကျယ် အမှတ်တံဆိပ် ယိုစုံ တို့ ၌ တားမြစ် ထားသော ဓာတု ပစ္စည်းများ ပါဝင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန က ဇန်န၀ါရီ ၁၈ ရက်တွင် ထုတ်ပြန် ခဲ့သည်။


တွေ့ရှိ သည့် မုန့် များကို စည်ပင်နှ င့်ပူးပေါင်း ၍ သိမ်းဆည်း အရေးယူ သွားမည်ဖြစ်ပြီး ထပ်မံ ရောင်းချပါက အမျိုးသား စား သောက်ကုန် ဥပဒေပုဒ်မ ၂၈ (က) ဖြင့် တရားစွဲဆို သွားမည်ဟု FDA က ဆိုသည်။


‘‘မုန့်တွေ မှာ ပါတာ က Rho-damine နဲ့ Sudan III ဓာတု ပစ္စည်းတွေ ပါတယ်။ ဒါတွေ က ကလေးတွေ မှာ ကင်ဆာဖြစ်စေနိုင်ပြီး တခြား ဆိုးကျိုးတွေလည်း ရှိပါတယ်’’ဟု FDA ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ဇင်ဇင်နွယ် က ပြောသည်။

‘‘ကိုယ်တွေ ကလည်း ဘာမှ နား မလည်ဘူး။ အဲဒီ လို ကျန်းမာ ရေး တာဝန် ရှိသူတွေ လာစစ်ပေး မှ ပဲ ဘာက မစားသင့်ဘူး ဆိုတာ သိပြီး ရောင်းချ  ဖို့ တားမြစ် သွား နိုင်မယ်လေ’’ ဟု အထက် တန်း ပြကျောင်းဆရာမ တစ်ဦးက ပြော သည်။ 

FDA က တစ်နိုင်ငံ လုံး ရှိ ကျောင်း မုန့်ဈေးတန်း အန္တရာယ် ကင်းရှင်းရေး စီမံချက်ဖြင့် စစ်ဆေးလျက် ရှိပြီး ယခင် လ ကလည်း အန္တရာယ် ရှိ သည့် မုန့် ၂၈ မျိုး ကို ထုတ်ပြန်ကြေညာ ခဲ့သည်။


 ဟိန်းသာ
 7Day Daily
From...  http://www.searchmyanmar.com/link/frame/cid/46198


No comments:

Post a Comment