Wednesday, January 28, 2015

ကျမ နဲ့ လိင် ကဗျာ ဆ၇ာ { ကဗျာ }

 

ရှင့်ကိုယ်ရှင် ပြန်ကြည့်ပါဦး 
အသားအရည်တွေ ဖြူဖတ်ဖြူရော် 
ရှင့်စကားလုံးတွေ တစ်နေ့
တခြား ပိုးနှံကောင်တွေလို များပြားလာ ......

ရှင့်ခန္ဓာကိုယ်ဟာ 
အဆီ တစ်ထပ် အသား တစ်ထပ် နဲ့ပါလား 
အဲဒီ မျက်မှန် အ၀ါကြီးကို ခဏ ချွတ်လိုက် ပါဦး 
ကျမ ကိုသေချာကြည့်စမ်း ဖြည်းဖြည်းပေါ့ ဆရာကြီးရယ် 
အချိန်က အစောကြီးရှိသေးတယ် 
အပြင်မှာ မိုးစက် မပါဘဲ မိုးတွေ ရွာနေတာ 
မီးခိုးတွေ ကို အူလို့ပေါ့ .......

အသားထဲ က လောက် မထွက်ပါဘူး
 လောက်ထဲ ကသာ အသား ရှာစားကြည့်
 ပြောရင်း ဆိုရင်း ရှင့် လျှာကြီးက 
ဘယ်ခေတ် ကို ဦးတည်နေတာလဲ 

ကျမ အကွေ့မှာ 
ရှင့်ကို ချောက်ထဲ တွန်းချလိုက် ဖို့ 
အသာလေးဆိုတာ ရှင်မေ့နေလား 

 
 ရှင့် အိတ်ကပ် ထဲက မျိုးစိတ်တွေ 
တဖြည်းဖြည်း သားပေါက်နှုန်းတိုး ဖို့ ကျင့်လိုက်ပါဦး
  ပြောရင်း ဆိုရင်း ရှင့်လက်ရောက် လာတော့မှာ 
ကျမရဲ့ ဇစ် ရှိတဲ့နေရာ အသာလေးပါ.......


 ခေတ်ကြီး က ဖွင့်ကြည့် ဖို့လွယ်ပါတယ် 
ရုပ်သံလိုင်း မိဖို့ဆို 
ရှင့် အင်တာနာ တိုင်
 သေချာထောင် ထားဖို့တော့လို မှာပေါ့ ........

ဘာရှင့် .. ရှင်က ကဗျာဆရာ ဟုတ်လား.. 
ရှင်က ဘာကဗျာတွေရေး တာလဲ 
ကဗျာတွေ က ရှင့် ကိုရေးနေတာလား 
ရှင်က ကဗျာတွေကို ရေးနေတာလား 

ကျမဆီ က မှင်ရည် ကျဲကျဲတွေ က 
ရှင့် ကလောင်တစ်ခုကို 
ဘယ်လောက်ထောက်ပံ့ပေးမှာ မို့လို့လဲ......

 ကျေးဇူးပြုပြီး ရှင် အရမ်း မမှုတ်ပါနဲ့ 
ကျမ စီးကရက် ကို သာခဲ တတ်တာ 
အငွေ့ကို မခံနိုင်ဘူး ......

ရှင့်မှာ နာနာ ကျင်ကျင် ခါးခါး သီးသီးတွေ သိပ်များတာပဲ
 သေချာ သိမ်းထားတာ ကိုး 
ရှင်က ခေတ်ကြီး ကို ရက်ရက်ရောရော ပေါ်ပေါ် တင်တင်
 သောက်စား ပစ်တတ် တာ ကျမသိပါတယ် 

ရှင့်ရဲ့ ပွတ်သီး ပွတ်သပ် ကဗျာတွေနောက် မှာ 
လက်ဖမိုး လက်ဖ၀ါး မကွဲပြားတော့တဲ့
 တောင်းခံမှုတွေ လာတော့မယ် မလား
 ပြီးတော့ ရှင်ဟာ ကျမကို ထည့်မယ် 
ကဗျာထဲ မှာ စာသားတွေ ထဲမှာ
 အရှေ့ပြီး ရင် အနောက် 
ရှင် ဟာ အရပ်မျက်နှာတွေ လည်း မရှောင်တတ်ဘူး 
ရှင်ရေးနေကျ  အရက်ခွက်တွေ ထဲမှာ 
ကျမ ဟာ စားစရာ အမြည်း လား 


ဒီလို ဆိုတော့လည်း တို့လိုက် ပါဦး 
ကျမ အတို့အမြုပ် က 
ရှင့် အာခေါင်ကို စွတ်ဆိုစေ မှာပါ 


ကျမ က ရှင်ပေါ်ပေါ် တင်တင် လူလည်ကောင် ပွဲထုတ် ရဲတဲ့ 
အ၀တ် တစ်ထည်တဲ့လား 
ရှင့် အမြစ်က ကြီးထွားနှုန်းမြန်ကြောင်း သက်သေပြ ဖို့ 
ကျမက မြေသြဇာ လုပ်ပေးရမယ်ပေါ့ 


လိင် အကြောင်း ကဗျာတွေရေးပြီး 
လိမ်လိမ် မာမာ ပါးပါး နပ်နပ် နဲ့ 
လိမ်ပြီး ရင် ထပ် လိင်လိုက်ပါဦး


 ပြီးရင်တော့ ခေါင်းမူးခြုံ ထားတဲ့ 
မျက်နှာဖုံးစွပ် ထားတဲ့ ကျမကို 
ရှင် တစ်ခုခု တပ်ဆင်တော့မယ်
 ဆောရီးပါရှင် ခေါင်းစဉ်တွေ ထဲမှာ ကျမ မပါချင်ဘူး 
ရှင် ဖီလင်လာနေရင် ရေအိမ်ထဲ ၀င်နေလိုက်ပါ။ 



- ဗိုလ် နင့် -
From....  လူဗိုလ်ဟူသည်


No comments:

Post a Comment