Wednesday, January 14, 2015

သမ္မတနှင့် တွေ့ဆုံမှု အပေါ် ဒေါ်အောင်ဆန်းစုကြည် မှတ်ချက် တိုင်းရင်သား ဝန်ကြီးများ တုံ့ပြန်ပြောဆို

President-Thein-Sein-and-Native-Partys-Encounter-03-s

သမ္မတ ဦးသိန်းစိန်နှင့် ဗိုလ်ရှုခံသဘင် အခမ်းအနားလာတက်သည့် တိုင်းရင်းသားပါတီ ၁၂ ခုတို့ နေပြည်တော်ရှိ MICC 2 တွင် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ ၅ ရက် နံနက်က တွေ့ဆုံအပြီး တွေ့ရစဉ်။ (ဓာတ်ပုံ - မောင်သင်တုန်း၊ မဇ္ဈိမ)
 
နေပြည်တော် (မဇ္ဈိမ)။ ။ သမ္မတနှင့် ၄၈ ဦး တွေ့ဆုံပွဲ တွင် တိုင်းရင်းသားရေးရာ ဝန်ကြီး ၂၉ ဦး ပါဝင်သည့် အပေါ် ဒေါ်အောင်ဆန်းစုကြည် ၏ မှတ်ချက်နှင့် ပတ်သက် ၍ အချက် သုံးချက်ပါ သဘောထား ထုတ်ပြန်ချက် တစ်ရပ်ကို ဇန်န၀ါရီ ၁၃ ရက် နေ့စွဲဖြင့် ထုတ်ပြန်ကြေညာ လိုက်သည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၂ ရက်က သမ္မတ အိမ်တော်တွင် ကျင်းပသည့် တွေ့ဆုံပွဲ အပြီးတွင် ဒေါ်အောင်ဆန်း စုကြည် က “တိုင်းရင်းသား ဝန်ကြီးတွေဆိုတာ တကယ်တော့ အစိုးရအဖွဲ့ကပဲလေ။ တိုင်းရင်းသား ဝန်ကြီးတွေ နဲ့ ဆွေးနွေးတယ်ဆိုတာ တစ်မျိုးပေါ့” ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။
 
ထို့ပြင် တိုင်းရင်းသားရေးရာ ဝန်ကြီးများသည် နိုင်ငံရေးပါတီများ၏ ခေါင်းဆောင်များ မဟုတ်သကဲ့သို့ လွှတ်တော်မှ အဖွဲ့ခေါင်းဆောင်များ လည်း မဟုတ်သည့်အတွက် မည်သည့်အပေါ်အခြေခံ၍ ဖိတ်သည်ကို နားမလည်ကြောင်း ဆက်လက်ပြောကြားခဲ့ခြင်း ဖြစ်သည်။


 
တိုင်းရင်းသားရေးရာ ဝန်ကြီးများ ၏ ထုတ်ပြန်ချက်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သက်ဆိုင်ရာ မဲဆန္ဒရှင်များ က ရွေးချယ် ထားခြင်း၊ ရွေးချယ်ခံရသော တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် များသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ယင်းအပြင် တိုင်းရင်းသားရေးရာဝန် ကြီးများသည် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဖြစ်သော်လည်း တိုင်းဒေသကြီး၊ ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးစုများ၏ ကိုယ်စားလှယ်များ ဖြစ်ပါသည်။

ထို့ကြောင့် နိုင်ငံတော် သမ္မတကြီး၏ ဖိတ်ကြားချက်အရ ဇန်န၀ါရီ ၁၂ ရက် ငုဝါ ရွှေဝါခန်းမတွင် ကျင်းပပြု လုပ်သော တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာခြင်းသည် ပြည်သူနှင့် နိုင်ငံတော်၏ အကျိုးစီးပွား အတွက်ဖြစ်ကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်ဟု ဖော်ပြထားသည်။

ကရင်ပြည်နယ် အစိုးရအဖွဲ့၊ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးခွန်သန်းမြင့်က “အခြေခံဥပဒေအရ အစိုးရ အဖွဲ့ ဝန်ကြီးလည်းဖြစ် တယ်၊ ပြည်သူ့ကိုယ်စားလှယ် လည်းဖြစ်တယ်၊ အစိုးရက ခန့်ထားတဲ့ ၀န် ကြီး မဟုတ်ဘူး။ ပြည်သူက ရွေးလို့ ဖြစ်တာပါ” ဟု ပြောကြားသည်။


 Written by  စိုးသန်းလင်း၊ ဝင်းကိုကိုလတ်
From... http://www.searchmyanmar.com/link/frame/cid/45997


No comments:

Post a Comment