Thursday, January 29, 2015

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၁)






မဟာ ဂရုဏာတော် သမာပတ် ကို ဝင်စားတော်မူပြီးသော မြတ်စွာဘုရား သည်လောကကြီး သို့ကြည့် ရှုတော်
မူသော အခါ သုဘလုလင် သည် သရဏဂုံ တည် လိမ့် မည် တောဒေယျ   ပုဏ္ဏား သည် ခွေး  ဘဝရောက်ပြီးနောက် သေ ၍ ငရဲ ၌ ခံ ရတော့မည် ဟု မြင်တော်မူ ပါသည်။ 

သုဘလုလင် အိမ်တွင် မရှိခိုက် မြတ်စွာဘုရား  သည်ကြွတော်မူ ၍ ဆွမ်းခံရပ်သော အခါ ခွေး ဘဝ ရောက်နေသော ပုဏ္ဏားက ဟောင်သည်ကို သိတော် မူသောကြောင့်"တောဒေယျ......သင်ရှေး ယခင်လူဖြစ်စဉ် ကလည်း ငါ့ကို 'ဘော ဘော' နှင့်အော်အော်ပြော တယ်၊ ယခုလည်း သင် ငါ့ကို
ဟောင်နေပြန် ပြီ၊ အဝီစိကို သွားလိမ့်မယ်"ဟုမိန့်တော်မူပါသည်။

ထိုခွေး လည်း မြတ်စွာဘုရား ၏ စကားတော်ကို ကြားသော အခါ စိတ် မကောင်းကြီးစွာဖြစ်လျက် မိမိ အိပ်ရာနေရာ မှ စွန့်ခွာ ၍ ပြာပုံ ၌ ခွေ အိပ် လျက်နေသည် သုဘလုလင် ပြန်ရောက် လာသည့် အခါ အကြောင်းကျိုး ကို မေးမြန်းရာ အိမ်စေ တို့ကပြန် လည်ပြောပြသော အခါ များစွာ စိတ်မကောင်းဖြစ်လျက် မြတ်စွာဘုရား အား မိမိ ၏ ဘခင်ခွေး ဘဝ ရောက်ကြောင်း သက်သေကို ဖော်ထုတ်ပြ ရန် မပြနိုင်ပါက
မုသာဝါဒဖြင့် စွပ်စွဲ ရန် အတွက် မြတ်စွာဘုရား သတင်းသုံးရာကျောင်းသို့သွားရောက်ခဲ့ပါသည်။




မိမိ ၏ ဖခင် ခွေး ဘဝရောက်ကြောင်းကို ခိုင်လုံသော သက်သေ အထောက် အထားပြ ရန် ပြောဆိုသော အခါ မြတ်စွာဘုရား က......
 

"သင့် ဖခင် မကွယ်လွန်ခင် မှာ သင့်ကို မပြောကြားဘဲနှင့် လျှို့ဝှက် ထားတဲ့ ပစ္စည်း ဥစ္စာတွေ ရှိတယ် လို့ သင်မကြားဖူး ဘူးလား?"  လို့မေးတဲ့ အခါ "ကြားဖူးပါတယ်"

လို့ပြန်လျောက်တင် ပါတယ် ။ ထိုအခါ မြတ်စွာဘုရား က ဘာပစ္စည်းတွေလဲ ဟု မေးတော် မူရာ တွင် "အဖိုး တစ်သိန်း ထိုက်တန်သော (ရွှေခွက်၊ တန်ဆာ ၊ခြေနင်း အသပြာ) စသည့် ပစ္စည်း အစုစုကို မည်သည့်နေရာ တွင်မြှုတ်နှံ ထားသည်ဟု  မပြောခဲ့ပါ" လို့ပြန်လည်ဖြေကြား ခဲ့ပါသည်။


ထိုအခါ မြတ်စွာဘုရား က ခွေး ကို ရေမရောသောနို့ဃနာ ထမင်းကို ဝအောင်ကျွေးပြီးသော အခါ အိပ်ရာကောင်း တွင် သိပ်၍ အိပ်မပျော် တပျော် အချိန် တွင် ခွေး ကိုမေးကြည့် ပါက ထို ပစ္စည်းထားသော
နေရာကို သိပါလိပ်မည်ဟု မိန့်ကြားပါသည်။

သုဘလုလင် သည် မြတ်စွာဘုရား မိန့်မှာတော် မူသည့် အတိုင်း အိမ်သို့ပြန်ရောက်သော အခါ ထို အစီအစဉ် တိုင်းပြုလုပ်သော အခါ ထိုခွေး သည် စိတ် မချမ်းမသာဖြစ်လျက် မိမိ လူ ဖြစ်စဉ်ပစ္စည်း မြှုပ်နှံထားသောနေရာ ကို မြေကြီးတွင်လက်ဖြင့် ကုတ်ခြစ်၍ပြလေ သည်။ 


ထိုနေရာ ကို တူးဖော်သော အခါ ထို ပစ္စည်း တို့ပြန်ရသော အခါ မြတ်စွာဘုရား အား မုသာဝါဒ ဖြင့်စွပ်စွဲ ရန် အကြံပျက် ခဲ့လေသည်။ ထို့နောက် တွင် ဘဝ တစ်ခုဖြင့် ဖုံးကွယ် ထားသော ပဋိသန္ဓေ တစ်ခုခြား ကွယ်နေ သည် ကို ပင် ဥာဏ်တော် ၌ ထင်ရှားသိနေသည့် အတွက်  သဗ္ဗညု  သမ္မာသမ္ဗုဒ္ဓ ဘုရားရှင် တကယ် ဧကန်ဖြစ် လိပ့်မည် ဟု ဆုံးဖြတ်ချက်ချနိုင် ခဲ့ပါသည်။

ပညာရှိ တို့ပင် အတိ အကျဖြေဆိုရန် ခက်ခဲသော အတိ အကျ မဖြေဆို နိုင်သော ဘုရားရှင် တို့ ၏ အရာဖြစ်သော ပြဿ       နာ ၁၄ ချက် ကို စီစဉ်၍  မြတ်စွာဘုရား ထံသို့ ဒုတိယ အကြိမ် သွားရောက်ခဲ့ ပါသည်။



 *** ဆက်လက် ဖတ်၇ှုပါ၇န်....  

 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၁)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၂)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၃)
သုဘလုလင် နှင့် ပြဿ နာ (၁၄) ချက် .....အပိုင်း (၄)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၅)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၆)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၇)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၈)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၉) 


သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၂) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၃) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၄) 

သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၅) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ... အပိုင်း (၁၆) 
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၇)
သုဘ လုလင် နှင့် ပြဿ နာ (၁၄) ချက် ....အပိုင်း (၁၈) ... နိဂုံးပိုင်း




From  ...    Ven Ra Hta

No comments:

Post a Comment