Sunday, January 4, 2015

ဘာသာရေး ပဋိပက္ခ ဖြစ်ပွား ရခြင်း အကြောင်းရင်း ကို အီရန် ဘာသာရေးခေါင်းဆောင် များအား သီတဂူ ဆရာတော်ကြီး ရှင်းပြခဲ့

 
 
အီရန်နိုင်ငံ မှ ပြန်လည်ကြွချီ လာသည့် သီတဂူ ဆရာတော်နှင့် လာရောက် ကြိုဆိုနေသော အစ္စလာမ် ဘာသာဝင်ခေါင်းဆောင် အချို့ (ဓာတ်ပုံ −ဇေနွေထွန်း)

 မြန်မာနိုင်ငံ ၌ ဖြစ်ပေါ် ခဲ့ သော ဘာသောရေး၊ လူမျိုးရေး အသွင် ပဋိပက္ခ များ သည် အောက် ခြေ အဆင့် ပြည်သူ များ မှာ စီးပွားရေး၊ ပညာရေး  နိမ့်ကျမှု များကြောင်းဖြစ်ပြီး ဘာသာရေး ကြောင့်ဖြစ်ခြင်း မဟုတ်ကြောင်း အီရန် သမ္မတ ၏ အတွင်းရေးမှူး နှင့် ဘာသာရေးခေါင်းဆောင် များ ကို ရှင်းပြနိုင် ခဲ့ကြောင်း သီတဂူ ဆရာတော် ဒေါက်တာ အရှင် ဉာဏိဿ        ရ    က မိန့်ကြားသည်။

အီရန်နိုင်ငံ ၌ပြုလုပ်သော သုံးရက်ကြာ ဘာသာရေးဆွေးနွေး ပွဲမှ ပြန်လည်ရောက်ရှိ လာသည့် သီတဂူ ဆရာတော် က ဇန်နဝါရီ ၃ ရက် နံနက် ၅ နာရီခန့် ၌ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေ ဆိပ်တွင် အထက်ပါ အတိုင်း မိန့် ကြားခဲ့ခြင်းဖြစ်သည်။

ကမ္ဘာပေါ် ရှိ ပဋိပက္ခဖြစ်စဉ် များကို လေ့လာကြည့် ပါကလည်း စီးပွားရေး၊ ပညာရေး အဆင့်မြင့် သည့်နေရာ များတွင် ဖြစ်လေ့ မရှိ ကြောင်း၊ ကျေးလက် (သို့မဟုတ်) မြို့စွန် မြို့ဖျား များတွင် နေထိုင်သူ များ၏ စီးပွားရေး နိမ့်ကျမှု ၊ ပညာ  ရေးနိမ့်ကျမှု များကြောင့်သာဖြစ် ကြောင်း ဆရာတော် က မိန့်ကြား သည်။


 
‘‘ဆရာတော် ပြောဆို ပုံကို သူတို့ (အီရန်) ဘက်က နှစ်သက် အားရ ပါတယ်။ ဆရာတော်မိန့် ကြား သလို အောင်မြင်မှု ခရီးစဉ် ပါ။ နောက် ကို လည်း ဆရာတော် ရဲ့ ဩဝါဒတွေ ကို ဗုဒ္ဓဘာသာ ရော၊ မွတ်စလင်ရော လိုက်နာ မယ် ဆို ပြည်တွင်း မှာ ပဋိပက္ခတွေ ဖြစ် မလာဘူး’’ဟု ရှီးဟိုက် မွတ်စလင် သာသနာ့ ပညာရှင် ခေါင်းဆောင် ဦးထွန်းဇော် ကပြောသည်။

အီရန်နိုင်ငံ ရှိ ဘာသာရေး ခေါင်းဆောင် များက မြန်မာနိုင်ငံ တွင် ဗုဒ္ဓဘာသာဝင် များ က မွတ် စလင် လူမျိုး များ အပေါ် အကြမ်း ဖက်သတ်ဖြတ်နေမှု ကို စိုးရိမ်မိ ကြောင်း သီတဂူ ဆရာတော်နှင့် စတင်တွေ့ဆုံ စဉ် မေးခွန်းထုတ် ခဲ့သည်။

‘‘စစချင်း မေးခွန်း က အဲဒါ ပဲ။ ဖြစ်တာ ဘာလဲ။ မင်းတို့ လာ ကြည့်။ ဗုဒ္ဓ ကပြောပြီးသား။ အဝေးခြား သတင်း ကို အတည်ပြု မှတ်ချက်ချ  လို့မရဘူး။ အနီးကပ် ပြီး အကြောင်းရင်း စုံစမ်း စိစစ် စစ် ဆေးဖို့ လိုတယ်’’ဟု ဆရာတော် က မိန့်ခဲ့သည်။

ပဋိပက္ခများ ကို ဖြေရှင်း ရန် မှာ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာ သာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူ ဘာသာ အားလုံး က မိမိ ဘာသာ မှာ လူမျိုးများ ၏ စိတ်ဓာတ်ကို မြှင့်တင်ရန်၊ ပညာရေးမြှင့်တင် ရန်နှင့် ဆင်းရဲမှု ပပျောက်ရန် လုပ် ဆောင် ရမည်ဖြစ်ကြောင်း ဆရာ တော်က ဆက်လက် မိန့်သည်။

ဗုဒ္ဓဟောကြား ခဲ့သည်မှာ ဗုဒ္ဓ ဘာသာ သည် အစ္စလာမ်နှင့် သာ မဟုတ် မည်သည့် တိုင်းပြည်၊ မည်သည့် လူမျိုး ၊ မည်သည့် ဘာ သာကိုးကွယ်သူနှင့် မဆို ငြိမ်းချမ်း စွာ အတူ ယှဉ်တွဲနေ ထိုင်ခြင်းဖြစ် ကြောင်း ဆရာတော် က မိန့်ကြား သည်။

ဘာသာဝင် အချင်းချင်း ချစ် ကြည်ရင်းနှီးမှု ပိုမို ရရှိစေရန်နှင့် အကြမ်းဖက် မှုနှင့် အစွန်းရောက် မှုများ ရင် ဆိုင်နေရသည့် အတွက် ဗုဒ္ဓဘာသာဝင် များနှင့် အစ္စလာမ် ဘာသာဝင် များ အကြား ပူးပေါင်း ဆောင် ရွက်ခြင်း ဖိုရမ် ကို အီရန် နိုင်ငံ တီဟီရန်မြို့တွင် သုံးရက် ကြာ ကျင်းပခဲ့သည်။

မြန်မာ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံ တို့မှ ဘာသာရေးခေါင်း ဆောင် များနှင့် အီရန်မှဘာသာ ရေးခေါင်းဆောင် ၊ ဘာသာရေး အယူအဆ များ အပြန် အလှန် ဆွေးနွေးခဲ့ကြသည်။

အစ္စလာမ် ဘာသာရေး တက္က သိုလ် ဘက် ကလည်း မိမိ တို့မှာ ပါဠိ ဘာသာနှင့် ဗုဒ္ဓဘာသာ သင် ကြားပေး မည့် သူ လိုအပ်ကြောင်း မေတ္တာရပ်ခံ ရာ သီတဂူဆရာ တော်က မိမိ တက္ကသိုလ် မှ ပါဠိ ဆရာ စေလွှတ်ပေးနိုင် သည်ဟု ပြန်ကြားခဲ့သည်။

အီရန်ပါမောက္ခဆရာကြီး ကလည်း ပါရှား ဘာသာဖြင့် ပြန် ဆို ထားသော ဗုဒ္ဓ စာပေ စာအုပ် များဖြစ်သည့် ဣတိဝုတ် ကျမ်းစာနှင့် နောက် ပွင့်တော်မူမည့် အရိမေတ္တေယျ  မြတ်စွာ ဘုရား အကြောင်း စာအုပ် တို့ကို သီတဂူ ဆရာတော်ကြီး အား လက်ဆောင် ပေးခဲ့သည်။

အစ္စလာမ် တက္ကသိုလ် ပါမောက္ခ ဆရာကြီး တစ်ဦး က ဘိက္ခုဝတ် လိုကြောင်း၊ ရဟန်းဖြစ် လိုကြောင်း သီတဂူ ဆရာတော် ကြီးထံ လျှောက်ထားခဲ့သည် ဟု ဆရာတော် က မိန့်သည်။


 ဇေနွေထွန်း
7Day Daily
From... http://www.searchmyanmar.com/link/frame/cid/45521


No comments:

Post a Comment