Wednesday, January 21, 2015

စက်ဘီး စီးလေ့၇ှိသူများ သာမန်ထက် ပိုနှုပျို

 

စက်ဘီး စီးခြင်း က ကိုယ်ရော စိတ်ပါ နုပျိုစေကြောင်း သိပ္ပံပညာ ရှင်များ က လေ့လာေ တွ့ရှိခဲ့ကြသည်။ အပျော် တမ်း စက်ဘီး စီးလေ့ ရှိသည့် အသက် (၅၅) နှစ်မှ (၇၉) နှစ်ကြား ရှိသူများ ကို လေ့လာ ကြည့်ရာ သက်တူ ရွယ်တူ အများစု ထက် ရုပ်ပိုင်း ဆိုင်ရာရော စိတ်ပိုင်း ဆိုင်ရာ အရ ပါ ပိုနုပျိုကြောင်း လေ့လာ သိရှိခဲ့ရသည်။

 လေ့လာခံ သူများ ထဲတွင် အမျိုးသား (၈၁) ဦး ၊ အမျိုးသမီး (၄၁) ဦး ပါဝင်သည်။ ထိုသူများ ၏ နှလုံး၊ အဆုတ် ၊ ကြွက်သား၊ အရိုး များ ကျန်းမာရေး ကိုပါ သုတေသန ပြုထား သလို စိတ်ကျန်းမာမှု ကိုလည်း မှတ်တမ်း တင် ထားသည်။ 

လန်ဒန်မြို့ ဘုရင့် တက္ကသိုလ် မှ ဒေါက်တာ ရော့စ်ပဲလော့ခ်နှင့် ပါမောက္ခ ဒေါက်တာ နော်မန် လာဇာရက် တို့ ပြု လုပ်ထားသည်။ ဒေါက်တာ နော်မန် လာရာဇက် ဆိုသူက တက်ကြွစွာ နေထိုင်ခြင်းကြောင့် သက်ကြီး ပိုင်း ရောက်သည် အထိ လှုပ်လှုပ် ရှားရှား နေထိုင်နိုင်ကြောင်း၊ 


စက်ဘီးစီးခြင်း သည် စိတ်ပိုင်းဆိုင်ရာ ကို တက်ကြွအောင်နေရရုံ သာ မက ခန္ဓာကိုယ် တွင်း အဓိက ကျသည့် စနစ်များ ဖြစ်သည့် ကြွက်သား၊ နှလုံး၊ အဆုတ် အစရှိသည့် ကိုယ်တွင်း အစိတ်အပိုင်း များကိုပါ အသုံးပြုဖို့ လို အပ်ကြောင်း ပြောကြားခဲ့သည်။ 

အသက် အရွယ် ရလာ ပါက ခန္ဓာကိုယ် တွင်း လုပ်ဆောင်မှု များကို အပြောင်း အလဲ ဖြစ်စေနိုင်သည့် ရုံးထိုင် အလုပ် များကြောင့် ဖြစ်တတ်သည့် ဆိုးကျိုး များကို စက်ဘီးစီးခြင်း က ဖယ်ရှား ပေးနိုင်ကြောင်း သိရသည်။ လူအများစု မှာ ရုံးထိုင် အလုပ်ကို လုပ်ကိုင်နေကြ သဖြင့် ကိုယ်လက် လှုပ်ရှားမှု အားနည်းခြင်းက အိုမင်း ရင့်ရော် လာခြင်း၏ အကြောင်းပြချက် ဟု ယူဆနိုင် စရာ ဖြစ်လာကြောင်း သိရသည်။

 ထို့ကြောင့် ရုပ်ပိုင်း ဆိုင်ရာ တက်ကြွမှု ရှိစေမည့် ကိုယ်လက် လှုပ်ရှား အားကစားများ က တစ်သက်လုံး ကျန်းမာစွာ နေထိုင် သွားစေနိုင်မည့် နည်းလမ်း ဖြစ်ကြောင်း သိရသည်။

 Rachanok Min Burma 
From... လူဗိုလ်ဟူသည်

No comments:

Post a Comment