Tuesday, January 27, 2015

ကလေးငယ် များ ခိုးယူ ၍ ထိုင်း သို့ ရောင်းချသော ဈေးကွက် ပေါ်ပေါက်နေ


 မြန်မာ ကလေးငယ်များ ကို ခိုးယူ ၍ ထိုင်းနိုင်ငံ သို့ရောင်းချ ပြီး ကလေးငယ်များ အား တောင်းရမ်းခိုင်းကာ ကြီးပြင်း လာလျှင် မကောင်းသည့် လုပ်ငန်းများ လုပ်ကိုင်စေသော ဈေးကွက် ထိုင်းနိုင်ငံ တွင် ပေါ်ပေါက်နေကြောင်း သတင်းရရှိသည်။

ခိုးယူ ခံရ၍ ထိုင်းနိုင်ငံ အတွင်းသို့ ရောင်းချ ခံရသော မြန်မာ ကလေးငယ် အချို့သည် အရွယ် မရောက်သေး မီ တောင်းရမ်း သည့် လုပ်ငန်း လုပ်ကိုင်ကြရပြီး အရွယ်ရောက်လျှင် မိန်းကလေးဖြစ် ပါက ပြည့်တန်ဆာ လုပ် ငန်း၊ အနှိပ်ခန်း နှင့် အိမ်အကူ လုပ်ငန်းများ လုပ်ကိုင်ကြရလေ့ရှိသည်။

 ယောက်ျားလေးဖြစ်ပါ က မူးယစ်ဆေးဝါး ရောင်းဝယ်ရေးနှင့် ရေလုပ်ငန်း များတွင် လုပ်ကိုင်ကြ ရကြောင်း  မြန် မာ လုပ်သားများ အား ကူညီ စောင့်ရှောက်မှုပေးနေသော ထိုင်းနိုင်ငံ ရှိ မြန်မာအသင်း အဖွဲ့ အစည်း များက ပြောသည်။


 
ထိုင်းနိုင်ငံ တွင် မြန်မာ ကလေးများ အပေါ် ခေါင်းပုံဖြတ် ခံရမှုနှင့် လူကုန်ကူး ခံရသည့် အပေါ် ကလေးများ အား ကာကွယ်စောင့်ရှောက်နေသော အဖွဲ့အစည်း များက ကယ်ဆယ်နိုင် ခဲ့သော မြန်မာ ကလေး အရေ အတွက်မှာ ၂၀၁၁ မှ ၂၀၁၃ အတွင်း ခုနစ်ရာကျော်ရှိနေကြောင်း ကလေး အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPPCR) က သတင်း ထုတ်ပြန် ထားသည်။
 
အစိုးရ ၏ တရားဝင် စာရင်းမှာ ၂၀၁၃ ခုနှစ်တွင် ကျား ငါးဦး၊ မ ၃၀ ဦး ကယ်ဆယ် တားဆီးနိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ကျားလေးဦး၊ မ ၂၈ ဦး ကယ်ဆယ် တားဆီးနိုင် ခဲ့ကြောင်း နေပြည်တော် လူကုန်ကူးမှု တားဆီးနှိမ် နင်းရေး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ထိုင်းနိုင်ငံ ၌ တစ်နှစ် အရွယ် မြန်မာ ကလေးငယ် များအား ဟန်ပြ၍ တောင်းရမ်းသည့် လုပ်ငန်း လုပ်ကိုင်ရန် မိဘများ ထံမှ နေ့ယူ ညပြန်ပေး ပုံစံဖြင့် လွန်ခဲ့သည့် သုံးနှစ် အတွင်းက စတင်ပေါ် ပေါက်လာကြောင်း ကလေး ငယ်များ၊ လူကုန်ကူးမှု တားဆီးရေးလုပ်ကိုင်နေသော ထိုင်းနိုင်ငံ မဲဆောက်အခြေစိုက် ညီမျှခြင်းမြန်မာ မှညွှန်ကြားရေးမှူးဦးအောင်မျိုးမင်းက ပြောသည်။ 

 ကလေးငယ် များအား ခိုးယူ  အရောင်း အ၀ယ်ပြုလုပ် ရာတွင် တစ်ဦးလျှင် အများဆုံး ကျပ် ၁၅ သိန်း (ဘတ် ငါးသောင်း) ထိ ဈေးပေါက်သည် ကို တွေ့ဖူးကြောင်း ၎င်းက ပြောသည်။

‘‘ကျွန်တော်တို့ တွေ့ဖူးတာ ကတော့ အသက် မပြည့်သေးတဲ့ ကလေးတွေ အရောင်း အ၀ယ်လုပ်နေကြတာ။ ကလေး တစ်ဦးကို ဘတ်ငွေ ငါးသောင်း ထိ ပေါက်ဈေးရှိတယ်။ တချို့ကလေးတွေတော့ အဲဒီလောက် မရ ဘူးပေါ့။ 

သူတို့ ကို ဘန်ကောက် က ဂိုဒေါင်ကြီး တစ်ခုမှာ ထားပြီး တောင်းစားခိုင်းနေကြတာ။ အရွယ်ရောက်ပြီ ဆိုရင် သိတဲ့ အတိုင်း မိန်းကလေးတွေ ဆို ပြည့်တန်ဆာပေါ့။ ယောက်ျားလေး ဆိုရင် ရေလုပ်သားပေါ့။ အခုနောက် တစ်မျိုးဖြစ်နေတာ က တောင်းစားတဲ့နေရာ မှာ ဟန်ပြ ထားဖို့အတွက် မဲဆောက်ဘက် က မြန်မာ ကလေးတွေ ကို မိဘတွေဆီ က နေ့ယူ ညပြန်ပေး ငှားတဲ့ လုပ်ငန်းပေါ်နေတာပဲ’’ဟု ဦးအောင်မျိုးမင်း ကပြော သည်။

‘‘သူတို့က ဂိုဏ်း ဖွဲ့ပြီးလုပ် နေကြတာ။ အဲဒီ ကလေးတွေကို တောင်းစားခိုင်းတာများတယ်။ အရွယ်ရောက် လာရင် မိန်းကလေး ဆိုရင် အနှိပ်ခန်း တို့၊ လိင်ဖျော်ဖြေရေး တို့ ပို့တယ်။ ယောက်ျားလေးတွေ ဆိုရင် ငါးဖမ်းလှေပေါ် ပို့တာ များတယ်။

အခုနောက်ပိုင်း အရွယ် မရောက်သေးတဲ့ ကလေးတွေ လူကုန်ကူး ခံရပြီး ဒီလိုဖြစ်နေတာတွေ တော်တော် များ လာတယ်။ အဲဒီ ကလေးတွေကို သူတို့ဂိုဏ်း က စောင့်ကြည့်နေတာ။ ထွက်ပြေး ရင် သတ်ပစ်တယ်။ ထွက်ပြေးဖို့ရာမလွယ်ဘူး’’ဟု ထိုင်းနိုင်ငံ တောင်ပိုင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED)မှ  ဦးမိုးဝေ ကပြောသည်။

‘‘ကလေးတွေ ခိုးပြီးရောင်းချ တဲ့ ဂိုဏ်းလို့တော့ မကြားဖူးသေးဘူး ။ ဒီ မြန်မာပြည်ထဲ မှာ တော့ မရှိပါဘူး။ ထိုင်း ဘက်မှာဖြစ်နေတာ ဆိုရင်တော့ မသိဘူး။ အဲဒီလိုမျိုး ရှိရင်လည်း စုံစမ်းပြီး အတည်ပြုပေးပါ့မယ်’’ဟု လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ၀င်းနိုင်ထွန်း ကပြောသည်။

အမျိုးသမီးနှင့် ကလေးသူငယ်များ ကို လူကုန်ကူး ပါက ထောင်ဒဏ်နှစ် ၂၀ထိ ပြစ်ဒဏ် ချ မှတ်နိုင်ပြီး လူ သုံးဦးနှင့် အထက် ဂိုဏ်းဖွဲ့ကျူးလွန် ပါက ဥပဒေပုဒ်မ ၂၈(က) အရ ပြစ်ဒဏ်နှစ်ဆ တိုး ကျခံ ရမည်ဖြစ်ကာ တစ်သက် တစ်ကျွန်း ထိ ပြစ်ဒဏ် ချမှတ်နိုင်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိ သူ တစ်ဦး ကပြောသည်။


 ငြိမ်းချမ်း
From...  http://www.searchmyanmar.com/link/frame/cid/46541

No comments:

Post a Comment