Saturday, January 31, 2015

MH 370 လေယာဉ်ပေါ်ပါသူ အားလုံး သေဆုံး သွားပြီ ဖြစ်ကြောင်း မလေးရှား တရားဝင်ကြေညာ

 MH-370-Air

ကွာလာလမ်ပူ။     ။၂ဝ၁၄ ခုနှစ် မတ်လ က မလေးရှား MH 370  လေယာဉ် အံအား သင့်ဖွယ် ရာပျောက် ကွယ် သွားခြင်းသည် မတော် တဆဖြစ် ရပ်တစ်ခုဖြစ် ပြီးလေယာဉ် အမှု ထမ်းများ နှင့် ခရီးသည် ၂၃၉ ဦး စလုံးသေဆုံးသွားပြီ ဟု သတ်မှတ် လိုက်ကြောင်း မလေးရှား အာဏာပိုင် များက တရားဝင်ကြေညာ သွားခဲ့ သည်။

မလေးရှား ရုပ်သံဌာန RTM  ၏ ထုတ်ပြန် မှုတစ်ခု အရ မလေးရှား ပြည်တွင်းလေကြောင်း ဌာန မှ ညွှန် ကြားရေး မှူး ချုပ် အဇာရူဒင် အက်ဘဒူရက်မန် က  လေယာဉ် ကို ရက်ပေါင်း ၃၂၇ ရက်ကြာ ရှာဖွေမှု များနောက်ပိုင်း ရရှိ ထားသည့် အချက် အလက် များ အပေါ် အခြေခံ ၍ ယခု ကဲ့သို့ ထုတ်ပြန် ခဲ့ခြင်းဖြစ်ကြောင်းပြောကြား သည်။

 

MH 370 လေယာဉ် သည် ၂ဝ၁၄ မတ်လ က ခရီးသည် များနှင့်လေယာဉ် အမှုထမ်း ၂၃၉ ဦး ကို တင်ဆောင် ကာ မလေးရှားနိုင်ငံ ကွာလာလမ်ပူ မှပေကျင်း သို့ ထွက်ခွာ သွားခဲ့ပြီး ယင်း လမ်းကြောင်းပေါ် တွင်ပျောက် ကွယ် သွားခြင်းဖြစ်သည်။
 
ဂြိုဟ်တု မှ ရရှိသည့် အချက်အလက် များက လေယာဉ် သည် ဝေးလံခေါင်ပါး သည့် အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်း သို့ ဦးတည် ခဲ့သည်ကို ပြသနေပြီး ယင်းသို့ ပျံသန်း သွားရခြင်း ကို မတွေး တတ်အောင် ဖြစ် ခဲ့ရကြောင်း မလေး ရှား အာဏာပိုင် များက ပြောကြားသွားသည်။


 Written by  အေအက်ဖ်ပီ 
From..http://www.searchmyanmar.com/link/frame/cid/46705


No comments:

Post a Comment