Friday, January 23, 2015

Windows 10 မှာ default ကင်မရာ အဖြစ် ပါဝင်မယ့် Lumia Camera App

Microsoft ရဲ့ မျိုးဆက်သစ် OS တစ်ခုဖြစ်တဲ့ Windows 10 ရဲ့ ဆန်းကြယ်မှုတွေ ကတော့ အံ့မခန်း ပါပဲ။ ကုမ္မဏီ ရဲ့ ၃ နာရီ စာ ထုတ်ပြန်ချက်တွေ အရလည်း Universal app များ လို့ခေါ်တဲ့ Desktopတွေ ၊ တတ် ဘလတ်တွေ ၊ ဖုန်းတွေ နဲ့ ၈၄ လက်မ pen display တွေ အားလုံး မှာ အသုံးပြုနိုင်မယ့် app တွေ အကြောင်း ကိုလည်း ကြားဖူးပြီး သားဖြစ်မှာပါ။

ထူးခြားတဲ့ app တစ်ခု ကို ထုတ်နှုတ်ဖော်ပြ ရမယ် ဆိုရင်တော့ Lumia Camera App ကိုပြရ ပါလိမ့်မယ်။ ဒီ App ဟာ Windows 10 စနစ် တပ်ဆင် ထားတဲ့ ဘယ် ကိရိယာတွေ မှာ မဆို မူလ ကင်မရာ အဖြစ် ပါဝင် လာ မှာဖြစ်ပါတယ်။ 

သင်ဟာ Samsung သို့မဟုတ် HTC က ထုတ်လုပ်တဲ့ Windows ဖုန်းတွေ ကို အသုံးပြုနေရင် လည်း ကင်မရာ နဲ့ ပတ်သက်တဲ့ အပိုင်းမှာတော့ Lumia ရဲ့ ဓါတ်ပုံ အတွေ့အကြုံတွေ ကို ပဲ ရရှိမှာဖြစ်ပါတယ်။



Lumia App မှာတော့ ဖလက်ရှ် ကိုလည်း အသုံးပြုနိုင် သလို အလင်း အမှောင် ကိုလည်း ချိန်ဆနိုင် မှာဖြစ်ပါ တယ်။ Auto HDR စနစ်လည်း ပါဝင်ပြီး 4K ပမာဏ ထိ ကြည်လင်ပြတ်သား မှု  ပေးနိုင်မှာပါ။ 

ဒါပေမယ့် ဒါ ကလည်း ကိရိယာ အပေါ် မူတည်နေပါတယ်။ Lumia Camera App m  ဟာ သာမန် ကင်မရာ app တွေထက် ပိုမိုမြန်ဆန်ပြီး ရုပ်ထွက်ကောင်းမွန် တဲ့ လုပ်ဆောင်ချက်တွေ ပါဝင် လာမှာတော့ သေ ချာ ပါတယ်။


 Mario
Ref:engadget
 From... http://www.trend.com.mm/2015/01/22/apps-5573

No comments:

Post a Comment